4th Plenary Session · roundup

လွှတ်တော်သတင်းများ (၃၁ ဇန်နဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ကို ၃၀.၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ငါးဦးတို့က ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးခြင်းများ ဆောင်ရွက်ကြ
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား
  • ထို့နောက် “ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့၏ ၂၀၁၇ ခုနှစ် ဇန်နဝါရီ ၁၉ ရက်မှ ၂၇ ရက်အထိ ဗြိတိန်နိုင်ငံသို့ သွားရောက်ခဲ့သည့် ချစ်ကြည်ရေး ခရီးစဉ်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မိုးနိုင် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ် အဖွဲ့၏ ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်မှ ၂၁ ရက်အထိ လာအိုနိုင်ငံသို့ သွားရောက်ခဲ့သည့် လေ့လာရေး ခရီးစဉ်များကို” လွှတ်တော်သို့ အသိပေးခြင်း၊ မှတ်တမ်းတင်ခြင်းများ ဆောင်ရွက်ကြ
  • အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာက “ယခုနှစ်မိုးရာသီတွင် ရေနစ်မြုပ်ခဲ့သည့် ဒေသများရှိ ပျက်စီးခဲ့သော လယ်ယာများအတွက် မျိုးစပါးများ ကူညီခဲ့သော်လည်း စိုက်ပျိုးချိန် မမီတော့သည့် တောင်သူ လယ်သမားများကို ဆောင်းသီးနှံနှင့် နွေစပါးတို့အတွက် မျိုး(စပါး) ကူညီပေးရန် အစီအစဉ် ရှိ/မရှိ” မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်းက “၂၀၁၆ ခုနှစ်၊ ဩဂုတ်လအတွင်း မြစ်ရေကြီးမှုကြောင့် တောင်သူလယ်သမားများ၏ လယ်ယာမြေများ နစ်မြုပ်ပျက်စီး ဆုံးရှုံးခဲ့မှုအပေါ် နိုင်ငံတော်အစိုးရ အနေဖြင့် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ သီးသန့်ရန်ပုံငွေအဖြစ် ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ” မေးရာ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ကြို့ပင်ကောက်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမင်းသိန်းက “တင်ဒါအောင်မြင်ပြီးသော ကန်ထရိုက်တာ Company များအနေဖြင့် လုပ်ငန်းအခြေအနေများကို ပြန်လည်ညှိနှိုင်းခွင့် ရှိ/မရှိ” မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြား
  • ထို့ပြင် စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၊ မြစ်သား မဲဆန္ဒနယ်မှ ဒေါက်တာဦးလင်းလင်းကျော် တို့ မေးမြန်းကြသည့် လမ်း၊ ဆည်၊ ဆည်မြောင်း တာတမံကိစ္စရပ်များအပေါ် ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းဖြေကြား
  • သာပေါင်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းက “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း လွန်ခဲ့သော နှစ် ၈၀ ကျော်ကပင် ပြင်ဆင်သတ်မှတ်ခြင်းမပြုဘဲ စည်းကြပ်ကောက်ခံလျက်ရှိသော မြေခွန်နှုန်းထားများ အပြင် ရေခွန်၊ တာတမံခွန်များကိုလည်း စျေးကွက်စီးပွားရေးနှင့် အညီ ပြောင်းလဲချိန်တန်ပြီဖြစ်၍ နိုင်ငံတော်ရှိ တောင်သူလယ်သမားများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေသော အခွန်နှုန်းထားများကို ပြင်ဆင် သတ်မှတ်၊ စည်းကြပ်ကောက်ခံရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို”ကို တင်သွင်းရာ မြန်အောင်မဲဆန္ဒနယ်မှ ဦးခင်မောင်လတ်က ထောက်ခံဆွေးနွေး
  • ယင်းနောက် အဆိုအပေါ် လက်ခံဆွေးနွေးရန် သင့် မသင့် အဆုံးအဖြတ် ရယူရာ၌ လွှတ်တော်က ထောက်ခံသဖြင့် အဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ
  • ထို့နောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံရရှိကြောင်းကို လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ အသိပေး
  • ယင်းနောက် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဦးကျော်စိုးလင်းက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အစီရင်ခံစာ တင်သွင်းပြီး ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များ အနေဖြင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း လွှတ်တော်ဥက္ကဌက ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ကို ၃၀.၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နှုတ်ခွန်းဆက်စကား ပြောကြား
  • ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးစိုင်းစံအောင်က “ချင်းရွှေ့ဟော်မြို့ကို မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံနယ်စပ် အပြည်ပြည်ဆိုင်ရာ ဝင်၊ ထွက်ပေါက်အဖြစ် သတ်မှတ်ပြီး ကမ္ဘာလှည့် ခရီးသည်နှင့် ဘုရားဖူးများ ဝင်ထွက်ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ” မေးရာ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဖြေကြား
  • မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွန့်က “၂၀၁၅-၂၀၁၆ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ကျိုင်းတုံဆရာ အတတ်သင် ဌာနခွဲအတွက် ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ၄င်းဌာနခွဲသို့ သွားရောက် ပညာသင်ကြားပေးမည့် ဝန်ထမ်းများ စေလွှတ်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်က “မြန်မာနိုင်ငံအတွင်း သက်ငယ်မုဒိန်းမှုများ တိုးတက်လာခြင်းနှင့် အပြစ်မဲ့သည့် ကလေးသူငယ်များအား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံနေရခြင်းမှ အမြန်ဆုံး ကာကွယ်နိုင်ရန်အတွက် ပြစ်မှုကျူးလွန်သူများအပေါ် ထိရောက် ဟန့်တားမှုရှိစေရန် တရားရုံးများက အမြင့်ဆုံး ပြစ်ဒဏ်ဖြစ်သော တစ်သက်တစ်ကျွန်း ဒဏ်ချမှတ်ခြင်း အပါအဝင် ထိရောက်သော အစီအမံများ အရေးပေါ် ဆောင်ရွက်ရန် အစီအစဉ် ရှိ/မရှိ” မေးရာ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ဖြေကြား
  • စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်က “စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ စော်ဘွား(၁)ရပ်ကွက်အတွင်းရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းမှ မူလတန်းအဆင့်ကို သီးသန့်ခွဲထုတ်၍ မူလတန်းကျောင်း ဆောက်လုပ်ရန်အတွက် ကုန်သွယ် လယ်ယာဝင်းမြေနေရာကို သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထို့အပြင် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးမိုင်းအုဏ်းခိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွှန့်နှင့် ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့ ပြန်လည်ဖြေကြားခဲ့
  • ယင်းနောက် ဥပဒေကြမ်းကော်မတီဝင် ဒေါ်ကျိန်ငိုက်မန်က “မြန်မာ့ပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များ ပါဝင်သော ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်း
  • ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော “မြန်မာ့ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကြမ်း”ကို လွှတ်တော်၏ သဘောထားရယူ၍ ပြင်ဆင်ချက်များအား တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုပြီး ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသည့် အချက်များကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြရန် ဆုံးဖြတ်ခဲ့
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပထမနေ့ကို ၃၀.၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက နှုတ်ခွန်းဆက်စကား ပြောကြား
  • ထို့နောက် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့သည့် (၇)ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ ထိပ်သီးအစည်းအဝေးနှင့် (၈)ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်၊ ထိပ်သီးအစည်းအဝေး ခရီးစဉ်နှင့် ထိုင်းနိုင်ငံဘုရင်မင်းမြတ် နတ်ရွာစံခြင်းအတွက် ကျင်းပသည့် ဝမ်းနည်းကြောင်း အထိမ်းအမှတ် တရားဝင် အခမ်းအနားသို့ တက်ရောက်ခဲ့သည့် ခရီးစဉ်များကို လွှတ်တော်က မှတ်တမ်းတင်
  • ယင်းနောက် လွှတ်တော်နာယကက “သက်ကြီးရွယ်အိုများဆိုင်ရာဥပဒေကြမ်း”ကို လွှတ်တော်က မှတ်တမ်းတင်ကြောင်းနှင့် ပြည်ထောင်စုလွှတ်တော် နိုင်ငံတကာ ပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ ဥက္ကဋ္ဌအဖြစ် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းအား ပြောင်းလဲတာဝန်ပေးအပ်ကြောင်းကို ရှင်းလင်းပြောကြားပြီး လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် အတည်ပြု
  • ပြည်ထောင်စုလွှတ်တော်နာယက က စစ်ကိုင်းတိုင်းဒေသကြီး တန့်ဆည်မြို့နယ်နှင့် ခန္တီးမြို့နယ် အတွင်းရှိ ကျေးရွာအုပ်စုနှင့် ကျေးရွာများ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် ကျေးရွာတစ်ရွာ အမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခြင်း၊ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်၊ မြင်းခြံမြို့နယ်၊ တံတားဦးမြို့နယ်၊ မြစ်သားမြို့နယ်၊ ပျော်ဘွယ်မြို့နယ်၊ ပြင်ဦးလွင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် မိုးကုတ်မြို့နယ်တို့အတွင်းရှိ ကျေးရွာအုပ်စု၊ ကျေးရွာများ တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခြင်းနှင့် ကျေးရွာ ၁၁ ရွာ အမည်ပြောင်းလဲ ပြင်ဆင်ဖွဲ့စည်းခြင်း၊ ရခိုင်ပြည်နယ် စစ်တွေခရိုင် စစ်တွေမြို့နယ် ရွာသစ်ကေကျေးရွာ အုပ်စုအတွင်းရှိ အောင်မင်္ဂလာကျေးရွာကို အောင်မင်္ဂလာမြောက်ရပ်ကွက် အဖြစ် ပြင်ဆင်ဖွဲ့စည်းခြင်း ကိစ္စရပ်များကို လွှတ်တော်သို့ တင်ပြပြီး မှတ်တမ်းတင်ကြောင်း ကြေညာ
  • ယင်းနောက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ဥပဒေဘာသာပြန်ကော်မရှင် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များ ပါဝင်သော ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား
  • လွှတ်တော်နာယကက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ဝင်ငွေ အပြည့်အဝရရှိရေး၊ သင့်တင့်မျှတပြီး ပြည်သူအများ လိုက်နာထမ်းဆောင်နိုင်သော အခွန်နှုန်းထားများ ဖြစ်စေရေး၊ ပြည်သူအများ အခွန်ဆိုင်ရာ အသိပညာ၊ ဗဟုသုတ တိုးပွားပြီး လိုလားစွာ အခွန်ထမ်းဆောင်လာစေရန် ကြိုးပမ်းဆောင်ရွက်ရေး၊ နိုင်ငံတကာ စံနှုန်းများနှင့် လျော်ညီသော အခွန်စနစ် ဖြစ်ပေါ်လာရေး၊ အခွန်တိမ်းရှောင်မှုများ ပပျောက်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ပါကြောင်း၊ အခွန်ထမ်းများ၏ အခွန်ထမ်းဆောင်မှု၊ အခွန်ဝန်ထမ်းများ၏ ဆောင်ရွက်ချက်များနှင့် ပတ်သက်၍ စနစ်တကျ ကြပ်မတ်ဆောင်ရွက်ကြရာတွင် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများကလည်း ဝိုင်းဝန်းပူးပေါင်းပါဝင်၍ လိုအပ်သည်များကို ဆွေးနွေးအကြံပြုပေးကြပါရန်နှင့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေမူကြမ်းကို ဆွေးနွေးသုံးသပ်၍ အတည်ပြုပေးနိုင်ပါရန် လွှတ်တော်သို့ တင်သွင်းအပ်ပါကြောင်း ရှင်းလင်းပြောကြား
  • စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြ
  • ဆက်လက်၍ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတရုံးနှင့် ပြည်ထောင်စု အစိုးရအဖွဲ့ရုံးတို့ကိုယ်စား ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ ပြည်ထောင်စုလွှတ်တော်ရုံးကိုယ်စား ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ရုံးကိုယ်စား ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌတို့က သက်ဆိုင်ရာရုံး အလိုက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ရငွေ၊ သုံးငွေ လျာထားချက်များကို လွှတ်တော်သို့ ရှင်းလင်းတင်ပြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s