4th Plenary Session · roundup

လွှတ်တော်သတင်းများ (၁ ဖေဖော်ဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၃၁.၁.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက နိုင်ငံတော်အနေဖြင့် အနာဂတ်ကာလတွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ အသုံးစရိတ်များကို ပြည်ထောင်စုက ကောက်ခံရရှိသည့် အခွန်ငွေများ အပေါ်တွင် ရပ်တည်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း ပြောကြား
  • အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယက က ကြေညာ
  • ယနေ့တွင် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်က ဥပဒေကြမ်းများ ရေးဆွဲမှုအခြေအနေ၊ နည်းဥပဒေများ၊ မထုတ်ပြန်ရသေးသော ဥပဒေများနှင့် အင်္ဂလိပ်ဘာသာဖြင့် ပြဋ္ဌာန်းထားသော ဥပဒေများကို ဘာသာပြန်ဆိုပေးရေးတို့နှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ကော်မရှင် အဖွဲ့ဝင် ဦးခင်မောင်ဝင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြပြီး လွှတ်တော်က မှတ်တမ်းတင်
  • ထို့နောက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ဗဟိုအဖွဲ့အစည်းများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက လွှတ်တော်သို့ ရှင်းလင်းတင်ပြကြ
  • ထိုသို့ ရှင်းလင်းတင်ပြရာတွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်တို့က လိုအပ်သော အသုံးစရိတ်များကို ခွင့်ပြုပေးရန် ပြောကြား
  • လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာနှစ် အတွင်း မဖြစ်မနေ အကောင်အထည်ဖော် ဆောင်ရွက်ရန် လိုအပ်သည့် စီမံကိန်းလုပ်ငန်းများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ရမည့် ရေအားလျှပ်စစ်စီမံကိန်းကြီးများကို ၂၀၁၇-၂၀၁၈ ခု ဘဏ္ဍာရေးနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၌ တင်ပြထားသည့် ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေ ကျပ် ၆၇၄ ဒသမ ၈၅၁ ဘီလီယံဖြင့် ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်သည့်အပြင် သာမန်ရငွေ လျာထားချက်များကို ပြည့်မီအောင် အကောင်အထည်ဖော်နိုင်ရေး၊ သာမန် အသုံးစရိတ်များကို ထိရောက်အကျိုးရှိစွာ သုံးစွဲပြီး နွေရာသီ ဓာတ်အားမပြတ်တောက်ရေး၊ ယူနစ် ပျောက်ဆုံးမှု လျော့ကျရေးတို့ကို အလေးထား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းပြောကြား
  • ယနေ့ အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးဌာန ၁၅ ခု၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံး၊ အမျိုးသားလွှတ်တော်ရုံး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ ပြည်ထောင်စု ရာထူးဝန်အဖွဲ့များမှ ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်သို့ ရှင်းလင်းတင်ပြကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s