4th Plenary Session · roundup

လွှတ်တော်သတင်းများ (၂ ဖေဖော်ဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး တတိယနေ့ကို ၁.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြခဲ့
  • စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဘဏ္ဍာရေးကော်မရှင်၏ ထောက်ခံချက်ဖြင့် ပေးပို့ထားသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၂၀၁၇-၂၀၁၈ ခု၊ ဘဏ္ဍာရေးနှစ် ရငွေလျာထားချက် ကျပ်သန်း ၆၉၀၅၄၆၀ ဒသမ ၄၃၉ နှင့် အသုံးစရိတ် လျာထားချက် ကျပ်သန်း ၄၈၄၂၈၇၀ ဒသမ ရ၂၆ တို့ကို အတည်ပြုပေးပါရန် ရှင်းလင်းတင်ပြ
  • နေပြည်တော် ကောင်စီဝင် ဦးတင်ထွဋ်က နေပြည်တော်စည်ပင်သာယာရေးကော်မတီ၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မူလလျာထားချက် ခွင့်ပြုငွေ တောင်းခံမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား
  • ထို့နောက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဥိးစိုးမင်းတို့က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြကြ
  • ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက က ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းပါ စီမံကိန်းလုပ်ငန်းများနှင့် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက် အစီရင်ခံစာများကို သက်ဆိုင်ရာ ပူးပေါင်းကော်မတီများက လွှတ်တော်သို့ အချိန်မီ တင်သွင်းနိုင်ရန်အတွက် စိစစ်ရေး ပူးပေါင်းအဖွဲ့ အနေဖြင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးပြီး အဖွဲ့အသီးသီး၏ စိစစ် တွေ့ရှိချက်များကို ဖေဖော်ဝါရီ ၆ ရက်တွင် နောက်ဆုံးထား၍ ပူးပေါင်းကော်မတီများသို့ ပေးပို့နိုင်ရေး အလေးထား ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ လွှတ်တော်ကိုယ်စားလှယ်များ တစ်ဦးချင်း အနေဖြင့် မိမိတို့ စိတ်ဝင်စားသည့် ဌာန၊ အဖွဲ့အစည်းများ၏ စိစစ်ရေးပူးပေါင်းအဖွဲ့များ ဆွေးနွေးပွဲသို့ ဆက်သွယ်တက်ရောက် ဆွေးနွေးနိုင်ပါကြောင်း ပြောကြား
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့၏ နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်၁၁ နာရီခွဲတွင် နေပြည်တော်ရှိ ထမင်းစားခန်းမဆောင်၌ ကျင်းပ
  • အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော် နာယက အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထောင်စုတရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံတော် ဖွဲ့စည်းပံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥက္ကဋ္ဌ ဦးမျိုးညွန့်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်း၊ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်၊ ပြည်သူ့လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေ ရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ လွှတ်တော်ရေးရာ ကော်မတီဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ သုံးခွမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်စုစုလွင်နှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် ဋ္ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ကြ
  • အခမ်းအနားတွင် ပြည်ထောင်စုလွှတ်တော်နာယက အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်တို့က ဒုတိယအကြိမ် လွှတ်တော်များ၏ သက်တမ်း တစ်နှစ်ပြည့်မြောက်ကြောင်း မိန့်ခွန်းပြောကြား
  • ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ပြည်ထောင်စုလွှတ်တော် ဒုတိယနာယက ဦးအေးသာအောင်နှင့် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့က (၃၇)ကြိမ်မြောက် အာဆီယံပါလီမန်များ အထွေထွေညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းအတွက် ကူညီဆောင်ရွက်ပေးခဲ့သော ဝန်ကြီးဌာနများနှင့် လူပုဂ္ဂိုလ်များ၊ ပြည်ထောင်စု လွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင်နှင့် လွှတ်တော်အကူအညီပေးရေး မိတ်ဖက်အဖွဲ့အစည်းများ ဖြစ်ကြသည့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)၊ နိုင်ငံတကာ ပါလီမန်များအဖွဲ့ (Inter-Perliamentary Union) မှ တာဝန်ရှိသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်
  • ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတို့သည် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့်အတူ ဂုဏ်ပြုနေ့လယ်စာ အတူတကွ စားသုံးကြ
  • ဆက်လက်၍ လွှတ်တော်ဥက္ကဋ္ဌများနှင့် တက်ရောက်လာကြသူများသည် လွှတ်တော်သဘင်ခန်းမ၌ ကျင်းပသည့် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ယဉ်ကျေးမှုဖျော်ဖြေပွဲသို့ တက်ရောက်ကြည့်ရှုအားပေးပြီး ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုပန်းခြင်းပေးအပ်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s