4th Plenary Session · roundup

လွှတ်တော်သတင်းများ (၃ ဖေဖော်ဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ခန္တီးမဲဆန္ဒနယ်မှ ဦးအောင်သန်းစိန်က “ခန္တီးမြို့နယ်တွင် ပါရှိသော ပါးရို ကျေးလက် ကျန်းမာရေးဌာနကို ပါးရိုကျေးရွာ တိုက်နယ်ဆေးရုံအဆင့်သို့ တိုးမြှင့်ဖွင့်လှစ်နိုင်ခြင်း ရှိ မရှိ” မေးရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ပင်းတယမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုးမြင့်က “ပင်းတယမြို့နယ် ပြည်သူ့ ဆေးရုံကို ခုတင် ၅၀ ဆံ့ဆေးရုံအဖြစ်မှ ခုတင် ၁၀၀ ဆံ့ ဆေးရုံအဖြစ်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ မရှိ” မေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ဆားလင်းကြီး မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသိန်းဇော်က “ဆားလင်းကြီး မြို့နယ် အတွင်းရှိ မတောင့်တကျေးရွာ ကျေးလက်ကျန်းမာရေး ဌာနခွဲအား တိုက်နယ်ဆေးရုံအဖြစ် ဖွင့်လှစ်ခွင့်ပြုရန် အစီအစဉ် ရှိ မရှိ” မေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက “၁၈၆၁ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ရာဇသတ်ကြီးကို ပြင်ဆင်သည့် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန်” အဆိုတင်သွင်းရာ မန်တုံမဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းမိုးက ထောက်ခံပြီး ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြသိန်းက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး
  • ယင်းနောက် အဆိုပါဥပဒေကြမ်းကို လွှတ်တော်က လက်ခံဆွေးနွေးရန် သင့်မသင့် အဆုံးအဖြတ် ရယူရာ လွှတ်တော်က လက်ခံဆွေးနွေးရန် မသင့်ကြောင်းဆုံးဖြတ်သည့်အတွက် ဥပဒေကြမ်းကို လက်ခံဆွေးနွေးရန် မရှိကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာ
  • ရွှေဘိုမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်အေဇင် တင်သွင်းသည့် “ကျောင်းမုန့်စျေးတန်းများ အပါအဝင် မြန်မာနိုင်ငံတစ်ဝန်းရှိ စျေးကွက်အတွင်းတွင် ရောင်းချလျက် ရှိသော ကျန်းမာရေးနှင့် မညီညွတ်သည့် ဓာတုဆိုးဆေးပါ စားသောက်ကုန်များ၊ စားသောက်ဖွယ်ရာများ ရောင်းချနေခြင်းအား ထိရောက်စွာ တားဆီးနှိမ်နင်းနိုင်ရန် တာဝန်ရှိသည့် ဌာနဆိုင်ရာများ စုပေါင်းပါဝင်သော နိုင်ငံတော်အဆင့် စီမံချက်တစ်ရပ် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုအပေါ် လွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးတို့က ထောက်ခံ ဆွေးနွေး
  • အဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး အဆိုရှင်က ၄င်း၏ အဆိုအား အတည်ပြုပေးပါရန် တင်ပြရာ လွှတ်တော်က သဘောတူသဖြင့် အတည်ပြုကြောင်းကို လွှတ်တော်ဥက္ကဋ္ဌက ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်းက “ချင်းပြည်နယ် ပလက်ဝ မြို့ပေါ် (၃) ရက်ကွက်တွင် နေထိုင်ပြီး မီတာဘောက် မတပ်ဆင်နိုင်သော ရွှေ့ပြောင်းတောင်ယာ လုပ်ငန်းနှင့် လက်လုပ်လက်စား မိသားစုများအတွက် ဆိုလာမီး တပ်ဆင်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်ဇော်ဦးက “မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဓမ္မဿ ကျေးရွာနှင့် ကော့ပလိုင်ကျေးရွာကြားရှိ ရေအရင်းအမြစ်ဦးစီးဌာနမှ လျှပ်စစ်မြစ်ရေတင် စီမံကိန်း ဆောင်ရွက်ခဲ့သော မြေနေရာအတွက် နစ်နာသည့် လယ်သမားများအား လျော်ကြေးပေးရန် အစီအစဉ် ရှိ/မရှိ” မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ် (၁၂) မှ ဦးမျိုးထပ်က ချင်းပြည်နယ် ပလက်ဝမြို့နယ် ဆမီးမြို့ပေါ်ရှိ နိုင်ငံတော်မှ ဆောက်လုပ်ပေးခြင်း မရှိသေးသည့် ဌာနဆိုင်ရာရုံးများအား အမြန်ဆုံး ဆောက်လုပ်ပေးခြင်း၊ ဝန်ထမ်းအင်အား ဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/မရှိနှင့် ပြည်သူများ သောက်သုံးရေ လုံလောက်စွာ ရရှိရေးအတွက် ပီချောင်းမှ ရေသွယ်ယူပေးရန် အစီအစဉ် ရှိ/မရှိ” မေးရာ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • အလားတူ ဒုတိယဝန်ကြီး ဦးလှကျော်က မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါ်သန်းသန်းအေး၏ ပေ ၆၀ တံတား ပြုပြင်တည်ဆောက်ပေးရန် မေးခွန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးအောင်သိန်း၏ မြောင်းလက်တံအုပ်ရိုး ကာရံပေးရန်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါ်မမလေးတို့၏ ပင်းတယမြို့နယ် ရေရရှိရေးဆောင်ရွက်ပေးရန် မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပြန်လည် ရှင်းလင်းဖြေကြား
  • ထို့ပြင် အမျိုးသားလွှတ်တော်က အတည်ပြု၍ ပေးပို့ထားသော ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး အဖွဲ့ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ရုပ်သိမ်းပေးရန် သဘောမတူကြောင်း ပြန်လည်ပေးပို့လာခြင်းကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာ မြတ်  ဉာဏစိုးက အဆိုတင်သွင်းရာ လွှတ်တော်က သဘောတူကြောင်း ဆုံးဖြတ်
  • ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ အကြိုကာလဖြစ်သော ယခုကာလတွင် မုံရွာမြို့နယ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ငါးဦး အတွက် တစ်ဦးလျှင် ရဲအရာရှိတစ်ဦး၊ အခြားအဆင့် သုံးဦးနှုန်းဖြင့် အနီးကပ် လုံခြုံရေး ကိစ္စများကို စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့က ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းက ပြောကြား
  • ကြားဖြတ်ရွေးကောက်ပွဲ ကာလတစ်လျှောက် လုံခြံုရေးကျိုးပေါက်မှု မရှိစေရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ခြင်းဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဖေဖော်ဝါရီ ၂ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပစဉ် တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး လူလူသန်းက ပြောကြားခြင်းဖြစ်
  • လုံခြံုရေးစည်း ကျိုးပေါက်မှုမရှိစေရန် ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ ပြီးစီးသည့် ကာလဟူ၍ သုံးပိုင်းခွဲခြားကာ လုံခြံုရေးကို ဆောင်ရွက်သွားမည် ဖြစ်ရာ စစ်ကိုင်းတိုင်းဒေသကြီး၌ မုံရွာမြို့နယ် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ငါးပါတီမှ ငါးဦးရှိပြီး မဲရုံ ၁၅၉ ရုံရှိကြောင်း သိရ
  • ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက််ပွဲနေ့တွင် မဲရုံ ၁၅၉ ရုံ၏ လုံခြံုရေးအတွက် ရဲအရာရှိ ၂၁၄ ဦး၊ အခြားအဆင့် ရဲတပ်ဖွဲ့ဝင် ၆၈၀၊ စုစုပေါင်း ၈၉၄ ဦးဖြင့် လုံခြံုရေး ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း သိရ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s