4th Plenary Session · roundup

လွှတ်တော်သတင်းများ (၄ ဖေဖော်ဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး  တတိယနေ့ကို ၃.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပင်လည်ဘူးမဲဆန္ဒနယ်မှ ဦးမင်းနောင်က “ရွှေနှင့် အခြားသယံဇာတများကို မှီခိုပြီး လုပ်ကိုင်စားသောက်ကြသူများအတွက် ဥပဒေဘောင်အတွင်းမှ တရားဝင်ထုတ်လုပ်နိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးရာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ဖောင်းပြင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝေက “တရားဝင်သစ်စက်နှင့် သစ်ဆိုင် မရှိသော မြို့ငယ်များတွင် ကျွန်းနှင့်သစ်မာများကို ပြည်သူများ တရားဝင်သုံးစွဲခွင့်ရရန် မည်သည့် မူဝါဒများချမှတ်၍ မည်သို့အကောင်အထည် ဖော်ပေးမည်နှင့် ပြည်ပပို့ကုန်အတွက် စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန် စီမံထားသောသစ်တောများ ပြုစုပျိုးထောင်ရန် အစီအစဉ် ရှိ/မရှိ” မေးရာ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက “ဝါးစိုက်ပျိုးရေးကဏ္ဍ တွင်တွင်ကျယ်ကျယ် ဖြစ်ထွန်း အောင်မြင် လာစေရေး အတွက် နိုင်ငံတော်အစိုးရမှ ဦးဆောင်အားစိုက် ပါဝင် ဆောင်ရွက်ပေးရေး တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းရာ ချောက်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဘိုကြီးက ထောက်ခံဆွေးနွေး၍ ယင်းအဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူ
  • လွှတ်တော်ကအဆိုကို လက်ခံဆွေးနွေးရန် သဘောတူသဖြင့် ယင်းအဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌက ကြေညာပြီး အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဆက်လက်၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက တင်သွင်းသည့် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုနှင့် စပ်လျဉ်း၍ ပဲခူးတိုင်းဒေသကြီး ထန်းတပင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ်၊ ဥပဒေကြမ်းကော်မတီအဖွဲ့ဝင် ဦးဇော်ဝင်းက အပိုဒ်၊ အပိုဒ်ခွဲများအလိုက် ပြင်ဆင်ချက်အဆိုများအပေါ် လွှတ်တော်က အတည်ပြုပေးနိုင်ရန် တင်သွင်းဆွေးနွေးရာ လွှတ်တော်ဒုတိယဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူအတည်ပြု
  • ယင်းနောက် သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦး တင်သွင်းသည့် “ပဲခူးမြို့ ကန်တော်ကြီး ရေဝေရေလဲ ဒေသအား စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်နှင့် မြို့လူထု အန္တရာယ်ကင်းသော သောက်သုံးရေ ရရှိရေးအတွက် ကန်တော်ကြီး ရေဝေရေလဲ ရေဆင်းဧရိယာအတွင်း ပုဂ္ဂလိက လုပ်ပိုင်ခွင့်များအား ပြန်လည်ရုပ်သိမ်း၍ သဘာဝသစ်တော့ ကန့်သတ်နယ်မြေအဖြစ် ပြန်လည် သတ်မှတ်ပေးပါရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်း” အဆိုကို ရွှေတောင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြခွာညိုဦးနှင့် ညောင်လေးပင်မဲဆန္ဒနယ်မှ ဒေါက်တာဦးမြင့်သိန်းတို့က ထောက်ခံဆွေးနွေး
  • ယင်းအဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ခုနှစ်ဦးက ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အဆိုအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး
  • ထို့နောက် အဆိုရှင် လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဦးက ၄င်း၏အဆိုကို လွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်ပြရာ လွှတ်တော်ဒုတိယဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားကို ရယူပြီး အတည်ပြု
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး  တတိယနေ့ကို ၃.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါ်နော်ဆာမူထူးက “တောင်သူ လယ်သမားများအား စိုက်ပျိုးစရိတ်ငွေကို နိုင်ငံတော်က ထုတ်ပေးသည့်နည်းတူ ထွန်ယက်သည့် နေရာတွင် မြန်ဆန်လွယ်ကူစွာ ထွန်ယက်နိုင်ရေးအတွက် လယ်ထွန်စက်များကို အခမဲ့၊ တစ်ဝက်နှုန်း၊ အရစ်ကျ ပေးချေစနစ်ဖြင့် နိုင်ငံတော်မှ ကူညီပံ့ပိုးပေးရန် အစီအစဉ် ရှိ/မရှိ” မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်ကဖြေကြား
  • မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်းက “မြန်မာနိုင်ငံ အနှံ့အပြား ပျားမွေးမြူရေး လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသော ပျားလုပ်ငန်းရှင်များသည် ပြည်တွင်းစားသုံးပြီး ပိုလျှံသော ပျားရည်များကို နိုင်ငံတကာစျေးကွက်သို့ တင်ပို့နိုင်ရန်၊ စျေးကွက်မှန်ကန် တည်မြဲနိုင်ရန် တို့အတွက် နိုင်ငံတကာ စီးပွားရေးလုပ်ငန်းရှင်များနှင့် တိုက်ရိုက်ပေါင်းစပ် ညှိနှိုင်းပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးရာ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမင်းနိုင်က “ခေတ်အဆက်ဆက် ဒေသဖွံ့ဖြိုးရေး နောက်ကျနေသော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွက် လယ်ယာမြေ ဖော်ထုတ်ပြီး စိုက်ပျိုးမြေ ဖန်တီးရေးအပါအဝင် လူမှုဘဝ တိုးတက်စေရေး စီမံကိန်းများ သီးခြားရေးဆွဲ အကောင်အထည်ဖော်နိုင်ရန်အတွက် နိုင်ငံတော်မှ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်းက “ကမ်းဝေးငါးဖမ်းလှေကြီးများသည် ကမ်းမှ ရေမိုင် (၇)မိုင်ခန့် ဝေးကွာသော ရေးမြို့နယ်မှ ကုလားဂုတ်ကျွန်းကဲ့သို့သော ကျွန်းများအနီးထိ ငါးများကို ဥပဒေအရ ဖမ်းဆီးခွင့် ရရှိနေသဖြင့် ရေလုပ်ငန်းတစ်ခုတည်းအပေါ် အသက်မွေးဝမ်းကျောင်း ပြုနေရသည့် ကျွန်းနေပြည်သူများ စားဝတ်နေရေး ကျပ်တည်းလာမှု အပေါ် အမိန့်၊ ညွှန်ကြားချက် တစ်စုံတစ်ရာ ထုတ်ပြန်ပြီး ကာကွယ်ကူညီပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးရာ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ထို့နောက် လမ်းအဆင့် တိုးမြှင့်ပေးရေးဆိုင်ရာ မေးခွန်းကို တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးသက်နိုင်စိုးက မေးမြန်းရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့
  • ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပေးပို့လာသည့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လှဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်လှဌေး(ခ) ဒေါ်အုန်းကြည်က ဖတ်ကြားတင်သွင်း
  • အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိက အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာ
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး  စတုတ္ထနေ့ကို ၃.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကျပ်သန်း ၃၆၅၆ ဒသမ ၈၂၀ ခွဲဝေသုံးစွဲရန်ကိစ္စနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးများက ရှင်းလင်းတင်ပြကြ
  • အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်းတင်ပြ
  • သီးသန့်ရန်ပုံငွေ သုံးစွဲနိုင်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ထို့ပြင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ အလုံးစုံ ပြုပြင်မွမ်းမံရေး စီမံကိန်း ဆောင်ရွက်ရန်အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန်ယန်း ၁၀ ဒသမ ရ၈၇ ဘီလီယံချေးယူရန် ကိစ္စနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်းတင်ပြကြ
  • အဆိုပါ ချေးငွေချေးယူရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ထို့နောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ဥပဒေဘာသာပြန် ကော်မရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ သဘောထား မှတ်ချက်ကို အခြေခံပြီး တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်
  • ယင်းနောက် ပြည်ထောင်စုအစိုးရ အဖွဲ့မှပေးပို့သော ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ် လျာထားချက်အပေါ် အခွန်ကောက်ခံ ရရှိမှုအခြေအနေနှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြ
  • အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ဆိပ်ကြီးခနောင်တိုမဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၊ ကြို့ပင်ကောက်မဲဆန္ဒနယ်မှ ဦးဌေးမင်းသိန်း၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုတို့က ဆွေးနွေးကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s