4th Plenary Session · roundup

လွှတ်တော်သတင်းများ (၇ ဖေဖော်ဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၆.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မြေပုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း၏ “တိုင်းရင်းသား သတင်းမီဒီယာများ အပါအဝင် ပုဂ္ဂလိက သတင်းမီဒီယာများ ရှင်သန်ဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံတော်က မည်သို့ကူညီဆောင်ရွက်ပေးမည်ကို သိလိုခြင်း၊ နိုင်ငံပိုင်သတင်းစာများသည် ပြည်သူ့ကိုယ်စားပြု သတင်းစာများအဖြစ်သို့ ရောက်ရှိနိုင်ရန် မည်သို့ သောပြုပြင် ပြောင်းလဲမှုများ လုပ်ဆောင်လျက်ရှိသည်ကို သိရှိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က ဖြေကြား
  • ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးက “လွှတ်တော်ကိုယ်စားလှယ် တာဝန်မှ ပြန်လည်ရုပ်သိ်မ်းရေး ဆိုင်ရာ ဥပဒေအား ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးအောင်မြင့်က ရှင်းလင်းဖြေကြား
  • ရွှေတောင်မဲဆန္ဒနယ်မှ ဒေါ်မြခွာညိုဦး၏ “ရွှေတောင်အမှတ် (၁) အထည်စက်ရုံ၏ အနာဂတ် စီမံကိန်းကို အကောင်အထည်ဖော်သည့် အချိန်နှင့် စီမံကိန်း ပြီးစီးချိန်တို့တွင် ဒေသခံပြည်သူလူထု အနေဖြင့် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိနိုင်မှု အခြေအနေများကို ပြည့်စုံစွာ သိရှိလိုခြင်း” မေးခွန်းနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဖြေကြား
  • ဘီးလင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦးက “ဒီမိုကရေစီစနစ် ဖော်ဆောင် ရာတွင် နိုင်ငံသားများ ဒီမိုကရေစီအလေ့အကျင့် ရစေရန်နှင့် ပြည်သူလူထု အသိအမြင်မှန်စေရန်၊ လုပ်ဆောင်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ” မေးရာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဖြေကြား
  • ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်က “ပြည်သူလူထုအား သက်ဆိုင်ရာဌာနများမှ ပညာပေး အစီအစဉ်များအတွက် သီးသန့်ဘတ်ဂျက် ထည့်သွင်းလျာထား၍ စနစ်တကျ ပညာပေးအစီအစဉ်များ ပြုလုပ်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို” ကို တင်သွင်းရာ မကွေးတိုင်းဒေသကြီး ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လင်းဦးက ထောက်ခံသဖြင့် အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်၏ သဘောတူညီမှုကို ရယူရာ လွှတ်တော်က သဘောတူညီ
  • ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် အတည်ပြု၍ ပေးပို့လာသော ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြင်ဆင်ချက်ဖြင့် အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာ လွှတ်တော်က သဘောတူသဖြင့် ဆက်လက်ဆောင်ရွက်
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၆.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်ဆွေက “နိုင်ငံ့ဝန်ထမ်း ခန့်ထားရေး၊ အလုပ်နေရာ ပြောင်းရွှေ့ရေးနှင့် ရာထူးတိုးမြှင့်ရေး ကိစ္စများတွင် အဂတိ ကင်းစင်ရေးအတွက် မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း” မေးရာ ပြည်ထောင်စု ရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ “ကျောက်တော်မြို့နယ် ကျောက်တော်-သရက်အုပ်-ငါးယောက်ကိုင်း-စံသာပြင်-သလူချောင်း ကျေးရွာအထိ ကျေးရွာချင်းဆက်လမ်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်းခင်းပေးရန် အစီအဏသ် ရှိ၊ မရှိ” မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ပဲခူးတိုင်းမဲဆန္ဒနယ် အမှတ်(၉)မှ ဦးအေးချိုက “ပြည်ခရိုင် သဲကုန်းမြို့နယ်အတွင်းရှိ အင်းမ – ဆင်မြီးဆွဲလမ်း (အရှည် ၁၆ မိုင် ၆ ဖာလုံ) နှင့် အင်းမ – အင်ငူလမ်း (အရှည် ရ မိုင်)တို့အား ဖောက်လုပ်နေမှုကို တာဝန်ယူနေသော ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောက်လုပ်ရေး ဝန်ကြီးဌာန လမ်းဦးစီးဌာနအောက်သို့ လွှဲပြောင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ထို့နောက် “မြန်မာ့ကျောက်မျက်ရတနာဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဥက္ကဋ္ဌ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဇော်မင်းက လွှတ်တော်သို့ ရှင်းလင်းတင်ပြ
  • အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ဥက္ကဌ မန်းဝင်းခိုင်သန်းက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယင်းနောက် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ နော်ခရစ္စထွန်း (ခ) ဒေါက်တာအားကာမိုး၏ “နိုင်ငံတော်၏ သား၊ ငါးကဏ္ဍတိုးတက်ရန်နှင့် စားနပ်ရိက္ခာဖူလုံရန် စသည့် ရည်ရွယ်ချက်များဖြင့် ဖွဲ့စည်းထားသည် ဆိုသော MICF (Myanmar International Cooperation Agency) သည် နိုင်ငံတော်နှင့် နိုင်ငံသားများအတွက် အကျိုးပြုမှုမရှိဘဲ လူတစ်စုမှ လက်ဝါးကြီးအုပ် ခြယ်လှယ်လုပ်ကိုင် ဆောင်ရွက်ခဲ့ခြင်းကြောင့် အဆိုပါ MICA အဖွဲ့ကို ဖျက်သိမ်းပြီးှလျှင် ပြည်ထောင်စုအစိုးရ အဖွဲ့၏ တရားဝင်ခွင့်ပြုမိန့် မရရှိဘဲ ဆောင်ရွက်ခဲ့သည့် သိမ်းဆည်းရယူထားသော စက်ရုံများ၊ လုပ်ငန်းများ၊ မြေယာများကို မည်သို့စီမံထားကြောင်းနှင့် ရရှိခဲ့သည့် ငွေကြေးစီမံခန့်ခွဲထားမှုကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် ပွင့်လင်းမြင်သာစွာ ရှင်းလင်းဖော်ထုတ်ပေးပါရန် တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ ယနေ့အစည်းအဝေးတွင် ဆွေးနွေး
  • အဆိုနှင့် စပ်လျဉ်း၍ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးခင်မောင်ဝင်း၊ ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဆန်းမြင့်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါက်တာဝင်းမြင့်၊ စစ်ကိုင်းတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဇော်မင်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်းနှင့် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်းတို့က အဆိုအား ထောက်ခံဆွေးနွေးကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s