4th Plenary Session · roundup

လွှတ်တော်သတင်းများ (၉ ဖေဖော်ဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ၈.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကျပ်သန်း ၃၆၅၆ ဒသမ ၈၂၀ ခွဲဝေသုံးစွဲမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ
  • ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူးက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရခိုင်ပြည်နယ် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကျပ်သန်း ၃၆၅၆ ဒသမ ၈၂၀ ခွဲဝေသုံးစွဲမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၂/၂၀၁၇) ကို ဖတ်ကြားတင်ပြ
  • အဆိုပါ ကိစ္စနှင့်စပ်လျဉ်း၍ ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးဝေစိန်အောင်၊ မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းနှင့် ရမ်းဗြဲမဲဆန္ဒနယ်မှ ဦးကျော်ရွှေတို့က ပါဝင်ဆွေးနွေး
  • ထို့အတူ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဦးထွန်းမောင်တို့ကလည်း အကြံပြုထောက်ခံ ဆွေးနွေးကြ
  • ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါ်နွယ်နွယ်အောင်က လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော “ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များပါဝင်သော ကော်မတီ၏ အစီရင်ခံစာကို လည်းကောင်း၊ ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဒေါ်ချိုချိုဝင်းက ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ပထမ ခြောက်လပတ် လျာထားချက်အပေါ် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များ ပါဝင်သော ကော်မတီ၏ အစီရင်ခံစာကိုလည်းကောင်း ဖတ်ကြားကြ
  • ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒေါက်တာအောင်ခင်က ၂၀၁၆ ခုနှစ် မတ်လ ၁ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အထိ ၁၀ လတာ ကာလအတွင်း ကော်မရှင်၏ လုပ်ငန်းဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြရာ လွှတ်တော်က မှတ်တမ်းတင်
  • နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံများ အလုံးစုံပြုပြင် မွမ်းမံရေး စီမံကိန်းဆောင်ရွက်ရန်အတွက် ဂျပန်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီထံမှ ဂျပန်ယန်း ၁၀ ဒသမ ရ၈၇ ဘီလီယံ ချေးယူရန် ကိစ္စနှင့်စပ်လျဉ်း၍ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူ၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှေးရယ်ရှုမောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးကျော်နီနိုင်နှင့် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်းတို့က ဆွေးနွေးကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s