4th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၀ ဖေဖော်ဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

•    ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၉.၂.၂၀၁၇ တွင် ကျင်းပ
•    အစည်းအဝေးတွင် သာစည်မဲဆန္ဒနယ်မှ ဦးသန်းစိုး၏ “သာစည်မြို့နယ်အတွင်းရှိ သဘာဝဘေး အန္တရာယ်ကြောင့် ပျက်စီးခဲ့ရသော လမ်း၊ တံတားများမှာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် အရေးပေါ် ဆောင်ရွက်ရမည့်လုပ်ငန်းများ ဖြစ်ပါသောကြောင့် ပြည်ထောင်စု သီးသန့်ရန်ပုံငွေမှ ခွင့်ပြု ပေးနိုင်ပါရန်နှင့် စပ်လျဉ်းသည့်မေးခွန်း”ကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဦးလှကျော်က ရှင်းလင်းဖြေကြား
•    မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၏ “စက်မှုလယ်ယာသို့ အလုံးစုံမကူးပြောင်းမီတွင် ခိုင်းကျွဲ၊ ခိုင်းနွား သတ်ဖြတ်မှုကို ထိန်းချုပ်မည့် အစီအစဉ် ရှိ မရှိနှင့် ခိုင်းကျွဲ၊ ခိုင်းနွားများ လုံလောက်မှုရှိစေရေးအတွက် မည်ကဲ့သို့ စီမံဆောင်ရွက်မည်ကို သိလိုခြင်း” မေးခွန်းကို မေးမြန်းစဉ်တွင် ဘာသာရေးနှင့် ရောယှက် ဆက်နွှယ်သည့် စကားရပ်များ ပါဝင်နေသည့်အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ လွှတ်တော်ကိုယ်စားလှယ်၏ မေးခွန်းမေးမြန်းမှုကို ရပ်ဆိုင်းခဲ့
•    ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၏ “လမ်းအဆင့်မြှင့်တင်ခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း” ကိုလည်း ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြား
•    ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး တင်သွင်းသည့် “ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှု လျော့ချရေးနှင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့်မြင့်မားရေးအတွက် ကျေးလက် အိမ်ရာများနှင့် လမ်းတံတားများ စနစ်တကျ နေရာချထားပြီး မြေငှားဂရန်များ ပြုလုပ်ပေးရန်နှင့် အဆင့်မြင့် လယ်ယာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်း အပါအဝင် အသေးစား၊ အလတ်စား ကုန်ထုတ် လုပ်ငန်းများဖြင့် ဘက်စုံဖွံ့ဖြိုးအောင် စီမံချက်ချမှတ် အကောင်အထည်ဖော်ပေးနိုင်ရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆို” ကို လွှတ်တော်ကိုယ်စားလှယ် (၁၅)ဦးတို့က ဝိုင်းဝန်း ဆွေးနွေးကြ
•    အဆိုနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းဆွေးနွေးပြီး လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ်ကို ဆန္ဒမဲပေးခြင်းဖြင့် ရယူရာ ထောက်ခံမဲ ၁၄၇ မဲ၊ ကန့်ကွက်မဲ ၂၂၁ မဲ နှင့် ကြားနေမဲ ၄ မဲ ရရှိသည့်အတွက် ကန့်ကွက်သူဦးရေ များသောကြောင့် အဆိုကို မှတ်တမ်း အဖြစ်သာ ထားရှိရန်ဆုံးဖြတ်
•    ယင်းနောက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက “ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီမှ သာကေတမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ဥပဒေကြမ်းကော်မတီဝင် ဒေါက်တာဝေဖြိုးအောင်က အစီရင်ခံစာ ဖတ်ကြားရှင်းလင်း
•    ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအပေါ် ဆွေးနွေး၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
•    ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၉.၂.၂၀၁၇ တွင် ကျင်းပ
•    အစည်းအဝေးတွင် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးနောင်နဂျာတန်က “ကချင်ပြည်နယ် တနိုင်းမြို့နယ်အတွင်းရှိ တရုံကျေးရွာတွင် စီးဆင်းနေသော တရုံချောင်းကမ်းပါး မြေထိန်းနံရံကို နိုင်ငံတော်မှ တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
•    မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေ၏ “ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနအနေဖြင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့များ၏ ဘီးခွန်သွင်းဆောင်ပြီး ချလန်ပြေစာ ပါရှိမှသာ ယာဉ်သက်တမ်းတိုးခြင်းလုပ်ငန်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှင်းလင်းဖြေကြား
•    ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးမင်းဆွေနိုင်က “အသုံးပြုခြင်း မရှိတော့သည့် မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်း၏ ကြေးနန်းတိုင်နှင့် ကြေးနန်းကြိုးများအား ပြန်လည်သိမ်းဆည်းရန် အစီအစဉ် ရှိ/မရှိ” မေးရာ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှင်းလင်းဖြေကြား
•    မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဖေတင်၏ “မွန်ပြည်နယ် မုဒုံမြို့နယ် မှိန်ဂနိမ်းကျေးရွာ ဘူတာတစ်ဝိုက်ရှိ ဧရိယာ ၈၉ ဒသမ ၆၉ ဧက အကျယ် မီးရထားမြေ ဧရိယာထဲမှ လက်ရှိ အငှားချထားသည့် ၀၉ ဧက ပမာဏချန်လှပ်၍ ကျန်မြေတွင် ယခင်စိုက်ပျိုးလုပ်ကိုင်ခဲ့သော ဥယျာဉ်ခြံ သမားများအား သက်သာသော စည်းကြပ်ခွန် ကောက်ခံသည့် ပုံစံဖြင့် လုပ်ကိုင်ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
•    ထို့နောက် ဒုတိယဝန်ကြီးက “ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ ဥပဒေကြမ်း” ကို လွှတ်တော်က အတည်ပြုပေးပါရန် တင်သွင်း
•    အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဦးသိန်းလွင်က “ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ ဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များ ပါဝင်သော ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား
•    လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် အသေးစိတ် ဖော်ပြ လက်မှတ်ရေးထိုးပြီး အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s