4th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၁ ဖေဖော်ဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

•    ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၁၀.၂.၂၀၁၇ တွင် ကျင်းပ
•    အစည်းအဝေးတွင် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၏ “ရဲတပ်ဖွဲ့အင်အား အနေအထားအရ ရာခိုင်နှုန်းမည်မျှထိ ခန့်ထားနိုင်သေးကြောင်း ဖြေကြားပေးနိုင်ခြင်း ရှိ/မရှိ၊ ပြီးပြတ်မှုမရှိဘဲ ကျန်ရှိနေသော အမှုများ၏ အဓိကအခက်အခဲနှင့် ဆောင်ရွက်နေမှုအကြောင်း ရှင်းလင်း ဖြေကြားနိုင်ခြင်း ရှိ/မရှိ၊ မှုခင်းကျဆင်းရေး အထူးစီမံချက်များ ရေးဆွဲဆောင်ရွက်ရန် အစီအမံများ ရှိ/မရှိ၊ ပြေးလေးပြေးနှင့် ပတ်သက်၍ မည်သည့်အစီအမံများ ချမှတ်ဆောင်ရွက်မည်ဖြစ်ကြောင်း ရှင်းလင်းချပြနိုင်ခြင်း ရှိ/မရှိ တို့ကို သိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း”ကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ရှင်းလင်းဖြေကြား
•    အင်းစိန်မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦး၏ “လွှတ်တော်ကိုယ်စားလှယ်များ တာဝန် ထမ်းဆောင်ချိန်တွင် လိုက်လံစုံစမ်း၊ မေးမြန်းသတင်းရယူနေကြသော အဖွဲ့အစည်းများ၊ ပုဂ္ဂိုလ်များကို မည်သည့်တာဝန်ရှိ ပုဂ္ဂိုလ်အဖွဲ့အစည်းများက တာဝန်ပေးထားခြင်း ရှိ၊ မရှိ သိလိုခြင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး  ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းဖြေကြား
•    ရွှေတောင်မဲဆန္ဒနယ်မှ ဒေါ်မြခွာညိုဦးက “ရွှေတောင်မြို့နယ်အပါအဝင် ဧရာဝတီမြစ်ကြောင်း တစ်လျှောက် မြစ်အတွင်း ပြုလုပ်နေသော မြစ်ကျောက်လုပ်ငန်းများမှာ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ချမှတ်ထားသော ဥပဒေစည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ရန် ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ပူးပေါင်းဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
•    ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေက “မြန်မာနိုင်ငံ၏ အနောက်ဘက်နယ်စပ်နှင့် ထိစပ်လျက်ရှိသည့် တစ်ဖက်နိုင်ငံမှ ထုတ်လုပ်သော တယ်လီဖုန်းဆင်းမ်ကတ်များကို မောင်တော၊ ဘူးသီးတောင် မြို့နယ်များ၌ တွင်ကျယ်စွာသုံးစွဲနေခြင်းကို တားဆီးအရေးယူပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းဖြေကြား
•    ထို့အပြင် ဒုတိယဝန်ကြီးသည် မိုင်းခတ်မဲဆန္ဒနယ်မှ ဦးစဲကီကော်၊ မင်းတပ်မဲဆန္ဒနယ်မှ ဦးနေလင်းအောင်၊ သနပ်ပင်မဲဆန္ဒနယ်မှ ဦးမြင့်ဦးနှင့် ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦးတို့ ပြည်ထဲရေး ဝန်ကြီးဌာနနှင့်စပ်ဆိုင်သော အုပ်ချုပ်ရေးနှင့် တရားစီမံရေးရာ ကိစ္စရပ် မေးခွန်းများကို ပြန်လည်ရှင်းလင်းဖြေကြားခဲ့
•    ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးက “တရားစီရင်ရေးမဏ္ဍိုင် တိမ်းစောင်းနေမှုအား ပြန်လည်တည့်မတ် နိုင်ရေးအတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တိုက်တွန်းသည့်အဆို” ကို တင်သွင်းရာ ရန်ကုန်တိုင်းဒေသကြီး ကြည်မြင်တိုင် မဲဆန္ဒနယ်မှ ဦးဇော်ဝင်းက ထောက်ခံဆွေးနွေးသဖြင့် လွှတ်တော်ဥက္ကဋ္ဌက အဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာ လွှတ်တော်က သဘောတူသောကြောင့် အဆိုကို လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်း ကြေညာ
•    ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
•    ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းကို တင်သွင်းရာ သထုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဥပဒေကြမ်းကော်မတီဝင် ဒေါ်မာမာခိုင်က အစီရင်ခံစာအား ဖတ်ကြားရှင်းလင်းပြီး လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းကို ဆွေးနွေး၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
•    ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၁၀.၂.၂၀၁၇ တွင် ကျင်းပ
•    အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ “စစ်ကိုင်းတိုင်းဒေသကြီး တမူးခရိုင် မြို့သစ်မြို့သနန်းကျေးရွာအုပ်စုတွင် ခွင့်ပြုချက်မရှိဘဲ သဘာဝသစ်တော ဧက ၅၀ ကျော်ကို ခုတ်ထွင်ရှင်းလင်းထားသော ကုမ္ပဏီအား ဥပဒေအရ မည်သို့အရေးယူဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့် အဆိုပါမြေနေရာအား ဒေသခံပြည်သူများ တရားဝင် လျှောက်ထားလာပါက စိုက်ပျိုးလုပ်ကိုင်ခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြား
•    ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစောမိုးမြင့်(ခ) ဆင်မြူရယ်၏ “မြန်မာနိုင်ငံတစ်ဝန်းတွင် ကျောက်မီးသွေး သုံးစွဲလည်ပတ်လျက်ရှိသည့် ကျောက်ဆည်၊ ပင်းပက်နှင့် ပြည်ညောင်ဒေသများရှိ ဘိလပ်မြေစက်ရုံများအပြင် မြိုင်ကလေး တန် ၄၀၀၀ စက်ရုံကို သဘာဝဓာတ်ငွေ့အစား ကျောက်မီးသွေး အသုံးပြု၍ ပြောင်းလဲလည်ပတ်ရန် ဆောင်ရွက်နေမှုတို့သည် (EIA)(SIA) ဆန်းစစ်ချက်များ တင်ပြထားခြင်း ရှိ/မရှိနှင့် ထုတ်လွှင့်အခိုးအငွေ့ (Air Emissions) များသည် အမိန့်ကြော်ငြာစာ (၆၁၅၊၂၀၁၅) သတ်မှတ်စံနှုန်းအတွင်း ရှိ/မရှိကို မည်သည့်အဖွဲ့အစည်းက ကြပ်မတ်ဆောင်ရွက်သည်ကို သိရှိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းပြောကြား
•    ထို့အပြင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဟန်ဝင်းသိန်း၏ “တနင်္သာရီတိုင်း ဒေသကြီး ရေဖြူမြို့နယ် ကံပေါက်ဒေသအား သတ္တုတွင်း နယ်မြေမှပယ်ဖျက်ပြီး ရွာမြေအဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၉)မှ ဦးမောင်ကျော်ဇံ၏ “ရခိုင်ပြည်နယ်အတွင်း ပြုန်းတီးသွားသည့် ဒီရေတောများ နေရာတွင် ဒေသခံ ပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများကို မြန်မာ့သစ်တောမူဝါဒ ၁၉၉၅ နှင့်အညီ အနာဂတ်အတွက် တည်ထောင်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းတို့နှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြန်လည်ရှင်းလင်းဖြေကြား
•    အမျိုးသားလွှတ်တော် ဥက္ကဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော “ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း” အား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s