4th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၄ ဖေဖော်ဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

•    ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၁၃.၂.၂၀၁၇ တွင် ကျင်းပ
•    အစည်းအဝေးတွင် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ (၁) ဦးဇော်မင်းက ဖတ်ကြားတင်ပြပြီး ပြည်ထောင်စု လွှတ်တော် နာယက က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
•    ထို့နောက် ပြည်ထောင်စုအစိုးရ အဖွဲ့မှပေးပို့သော ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ် လျာထားချက်အပေါ် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အနေဖြင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့၏ ၁၉၈၉ ခုနှစ် ဖေဖော်ဝါရီလ ၃ ရက် ရက်စွဲပါစာအရ ယခင် ပြည်တွင်းအခွန်ဦးစီးဌာနက တာဝန်ယူကောက်ခံလျက်ရှိသည့် မြေခွန်၊ ယစ်မျိုးခွန်၊ ရေခွန်နှင့်တာတမံခွန်၊ ဓာတ်သတ္တုခွန် စသည့် အခွန်လေးမျိုးကို ကောက်ခံမှု လုပ်ငန်းများကို လွှဲပြောင်းရယူခဲ့ပြီး ၁၉၈၉-၉၀ ဘဏ္ဍာရေးနှစ်မှ စတင်၍ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ တာဝန်ယူ ကောက်ခံခဲ့ပါကြောင်း၊ အခွန်လေးမျိုး ကောက်ခံရရှိငွေများကို ယခင်က ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေစာရင်းသို့ ပေးသွင်းခဲ့သော်လည်း ၂၀၀၈ ခုနှစ် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၅၄ ဇယား (င) အရ ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ် ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စတင်၍ ပြည်ထောင်စုနယ်မြေဖြစ်သော နေပြည်တော်အတွင်း ကောက်ခံရရှိငွေကို ပြည်ထောင်စုဘဏ္ဍာငွေ စာရင်းသို့ပေးသွင်းပြီး ကျန်တိုင်းဒေသကြီး၊ ပြည်နယ်များတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရ ဘဏ္ဍာရန်ပုံငွေစာရင်းကို ပေးသွင်းလျက် ရှိပါကြောင်း၊ ထို့ကြောင့် အစီရင်ခံစာတွင် ဘဏ္ဍာရေးရန်ပုံငွေ စာရင်းတွင်ပါရှိသော နေပြည်တော်ကောင်စီ နယ်မြေတစ်ခုသာ ပါဝင်ခြင်းဖြစ်ကြောင်း ရှင်းလင်းတင်ပြ
•    ထို့အပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့ကလည်း မိမိတို့ ဝန်ကြီးဌာနအလိုက် ၂၀၁၆-၂၀၁၇ ခု ဘဏ္ဍာရေးနှစ် ပထမ ၆ လပတ် လျာထားချက်အပေါ် အခွန်ကောက်ခံရရှိမှု အခြေအနေနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုလွှတ်တော် နာယကက ရှင်းလင်းတင်ပြချက်များကို မှတ်တမ်းတင်ကြောင်း ကြေညာ
•    ယင်းနောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲနေသော မြန်မာနိုင်ငံပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်  သဘောထားမှတ်ချက် အစီရင်ခံစာကို ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဦးနေမျိုးထွန်းက ဖတ်ကြားတင်ပြပြီး ပြည်ထောင်စုလွှတ်တော်နာယကက အဆိုပါဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
•    ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရခိုင်ပြည်နယ် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ သန်း ၃၆၅၆ ဒသမ ၈၂ ခွဲဝေသုံးစွဲမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေ ထောက်ပြဆွေးနွေးသကဲ့သို့ ရှင်းလင်းဖြေကြား
•    အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဆွေးနွေး
•    ယင်းနောက် အထက်ပါကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူရာ ထောက်ခံမဲ ၅၁၀ မဲ၊ ကန့်ကွက်မဲ သုံးမဲ၊ ကြားနေမဲ တစ်မဲ ရရှိသဖြင့် ပြည်ထောင်စုလွှတ်တော် နာယကက ခွင့်ပြုကြောင်း အတည်ပြုကြေညာ
•    ထို့နောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုးလင်းက ရုပ်သိမ်းသင့်ကြောင်း အဆိုတင်သွင်းပြီး ဒဂုံမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်သက်ခို်င်က ဆွေးနွေး
•    ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအဖွဲ့ ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းကို ပြဋ္ဌာန်းရန် သင့်မသင့်ကို လွှတ်တော်၏ အဆုံးအဖြတ်ရယူကာ ပြဋ္ဌာန်းရန်မသင့်ကြောင်း အတည်ပြုကြေညာ
•    ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများ အလုံးစုံ ပြုပြင်မွမ်းမံရေး စီမံကိန်းများဆောင်ရွက်ရန်အတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီမှ ဂျပန်ယန်း ၁၀ ဒသမ ရ၈၇ ဘီလီယံ ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဆွေးနွေးပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆွေးနွေးပြောကြား
•    ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယကက ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ကို ရယူရာ ထောက်ခံမဲ ၅၀၆ မဲ၊ ကန့်ကွက်မဲ သုံးမဲနှင့် ကြားနေမဲ ငါးမဲ ရရှိသဖြင့် လွှတ်တော်က သဘောတူကြောင်း ကြေညာ

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s