4th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၆ ဖေဖော်ဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး နဝမနေ့ကို ၁၅.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် လွှတ်တော်ဥက္ကဌက ပြည်သူ့လွှတ်တော်ကော်မတီ ၁၄ ခု သက်တမ်း တိုးမြှင့်ခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြ
  • စမ်းချောင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဘိုဘိုဦး၏ “တောင်ကြီး၊ အင်းလေး၊ မန္တလေးနှင့် ပုဂံမြို့များတွင် ဟိုတယ်အသစ်များ ဖွင့်လှစ်မှုကို ပိတ်ပင်ထားမှု ရှိ မရှိ” မေးခွန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ရှင်းလင်းဖြေကြား
  • ကျောက်ဖြူမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဘရှိန်၏ “မောင်တောနှင့် ဘူးသီးတောင်မြို့နယ်များရှိ ဒေသလုံခြုံမှုကို မည်ကဲ့သို့ ဆောင်ရွက်ပါမည်နည်း၊ နတ်မြစ်ဝမှ မယူမြစ်ဝထိ ပင်လယ်ကမ်းခြေ တစ်လျှောက်ဒေသတို့တွင် ဒေသခံ တိုင်းရင်းသားများ ပါဝင်ခွင့် ရှိသည့် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့များကကို နိုင်ငံတော်လုံခြံုရေးရှုထောင့်က မည်သည့် စီမံချက်များ ချမှတ်ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း” မေးခွန်းကို ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • သံတွဲမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးမင်းကြည်၏ “ငပလီကမ်းခြေအပါအဝင် ချောင်းသာ၊ ငွေဆောင်ကမ်းခြေအတွင်းရှိ တည်းခိုရိပ်သာများ၊ ဘန်ဂလိုများနှင့် ဟိုတယ်များအား အမြင့်ပေ ၃၀ (၂) ထပ် အဆောက်အအုံများအစား (၃) ထပ်နှင့် (၅)ထပ် အဆောက်အအုံအဖြစ် ပြောင်းလဲဆောက်လုပ် ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ” မေးရာ ဟိုတယ်နှင့််ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က ဖြေကြား
  • ဘီးလင်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ကိုကိုဦး၏ “One Stop Service (OSS) ရုံး ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်(၄)ရပ်ကို အကောင်အထည်ဖော်နိုင်ရန် မည်ကဲ့သို့ လုပ်ကိုင်ဆောင်ရွက် နေသည်ကို သိလိုကြောင်း” မေးခွန်းကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • အစည်းအဝေးတွင် လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေးနှင့် မံစီမဲဆန္ဒနယ်မှ ဦးချင်းဖေလင်းတို့၏ မေးခွန်းများ မေးမြန်းမှုအပေါ် ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်နှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးတို့က ပြန်လည်ရှင်းလင်းဖြေကြားခဲ့
  • လက်ပံတန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းက “နိုင်ငံတစ်ဝန်းရှိ ယနေ့အထိ စားကျက်မြေအဖြစ် တည်ရှိနေသော စားကျက်မြေများနှင့် စပ်လျဉ်းပြီး ဒေသခံ ပြည်သူလူထု၏ ဆန္ဒ သဘောထားများကို ရယူကာ စိုက်ပျိုးမြေအဖြစ်သို့လည်းကောင်း၊ ရွာမြေအဖြစ်သို့လည်းကောင်း၊ စားကျက်မြေအဖြစ်သို့လည်းကောင်း၊ သို့မဟုတ် အခြားနည်း အသုံးပြုမှု တစ်ခုခုအတွက် လည်းကောင်း လက်တွေ့ကျကျ အသုံးပြုနိုင်ရေးအတွက် ရှင်းလင်းတိကျသော မူဝါဒဆောလျင်စွာ ချမှတ် အကောင်အထည်ဖော်နိုင်ရေး အတွက် ပြည်ထောင်စုအစိုးရကို အကြံပြုတိုက်တွန်းကြောင်း” အဆိုတင်သွင်းရာ ဒေးဒရဲမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်ခင်ညိုက ထောက်ခံဆွေးနွေး
  • လွှတ်တော်ဥက္ကဋ္ဌက ယင်းအဆိုကို လက်ခံဆွေးနွေးရန် သင့် မသင့်၊ လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာ လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်သဖြင့် အဆိုနှင့် စပ်လျဉ်းပြီး ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် ဝန်ကြီးဌာနများနှင့် သက်ဆိုင်သော မေးခွန်းများနှင့် ဆက်စပ်မေးခွန်းများ မေးမြန်းရာတွင် စကားလုံးများကို တိကျစွာသုံးစွဲရေး၊ အကြောင်းအရာအပေါ် စနစ်တကျ လေ့လာပြီး မေးမြန်းနိုင်ရေးအတွက် သတိပေးပြောကြားခဲ့
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး နဝမနေ့ကို ၁၅.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် လွှတ်တော်ကိုယ်စားလှယ်များ၏ လူမှုဝန်ထမ်းကဏ္ဍနှင့် ပညာရေးကဏ္ဍဆိုင်ရာ မေးခွန်းများနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများက ပြန်လည်ရှင်းလင်းဖြေကြားခြင်း၊ မြန်မာ့ကျောက်မျက်ရတနာဥပဒေကြမ်းနှင့် သက်ဆိုင်သည့်အဆိုအား ပြန်လည်ရုပ်သိမ်းခွင့်ပြုရန် လွှတ်တော်သို့ တင်ပြခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း တို့ကို ဆောင်ရွက်ကြ
  • မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်ဆွေ၏ “တက္ကသို်လ် ကျောင်းသား၊ ကျောင်းသူများ တည်းခိုနေထိုင်၍ ပညာသင်ကြားနိုင်ရေး အဆောင်များ လုံလောက်စွာ စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဒေါ်အုန်းကြည်၏ “မြစ်သားမြို့နယ် ဒါးရယ်ကောင်း ကျေးရွာအုပ်စု ကွင်းအမှတ်(၃၆၈) အတွင်းရှိ မြေဧရိယာ ၁၆ ဒသမ ၂၁ ဧကပေါ်တွင် ဆောက်လုပ်ထားသော သက်မွေးပညာ ဦးစီးဌာန စက်မှုလက်မှု အထက်တန်းကျောင်း အဆောက်အအုံများအား အသုံးပြုရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • မန္တလေးတိုင်းမဲဆန္ဒနယ် အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)၏ “လေလွင့်သူငယ်များအား ပြုပြင်ထိန်းသိမ်းခြင်းနှင့် တာဝန်ပေး ထမ်းဆောင်စေခြင်းတို့ဖြင့် အသွင်ပြောင်းကာ အနာဂတ် နိုင်ငံတော်၏ သားကောင်းများအဖြစ် ဖန်တီးပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ဖြေကြားခဲ့
  • ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးရှန်အောရ်၏ “နေပြည်တော်၌ ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ် တစ်ခု ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ဖြေကြား
  • ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးထွန်းလင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်းတို့၏ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဒေါက်တာမျိုးသိမ်းကြီးတို့က ပြန်လည်ရှင်းလင်းဖြေကြား
  • ထို့နောက် “မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အား အမျိုးသားလွှတ်တော်က လက်ခံဆွေးနွေးရန် အဆိုတင်သွင်းခဲ့ခြင်းကို ပြန်လည်ရုပ်သိမ်းခွင့်ပြုရန် အဆိုရှင် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်သီဟက လွှတ်တော်သို့ တင်ပြ
  • အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အဆိုအား ပြန်လည်ရုပ်သိမ်းခွင့်ပြုရန် လွှတ်တော်၏ သဘောထားရယူ၍ ပြန်လည်ရုပ်သိမ်းခွင့်ပြုကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s