4th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၈ ဖေဖော်ဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၁၇.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်) တိုးတက်ကောင်းမွန်ရေး စီမံကိန်းဆောင်ရွက်ရန် အတွက် ဂျာမနီနိုင်ငံ KfW Development Bank ထံမှ ယူရို ၅ သန်း ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ရှင်းလင်းပြောကြား
  • အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြ
  • ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက အဆိုပါ ချေးငွေကိစ္စနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ထို့နောက် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံး၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ သက်သက်ခိုင်၊ ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၊ ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထင်နှင့် ရှားတော မဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်းတို့က ဆွေးနွေးကြ
  • အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ တင်ပြချက်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်းကို လာမည့်လွှတ်တော်အစည်းအဝေးတွင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်နာယကက ကြေညာ
  • ဥပဒေကြမ်းကို ဆွေးနွေးရာတွင် မိမိတို့ပြင်ဆင်လိုသည့် ဥပဒေပါပြင်ဆင်ချက်အား အဓိကထား ဆွေးနွေးရန်လိုကြောင်း ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ပြောကြား
  • အစည်းအဝေးတွင် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုတွင် လိုရင်းအချက်များနှင့် စပ်လျဉ်း၍ လွဲချော်မှုများ ရှိခဲ့သည့်အတွက် ပြည်ထောင်စုလွှတ်တော်နာယကက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်
  • ထို့ပြင် လွှတ်တော်နာယက က ယခုဥပဒေကြမ်းနှင့်စပ်လျဉ်းပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် အပိုဒ်၊ အပိုဒ်ခွဲအလိုက် မည်ကဲ့သို့ ပြင်ဆင်လိုသည်ကို လက်မှတ်ရေးထိုး၍ ညွှန်ကြားရေးမှူးချုပ်မှတစ်ဆင့် တင်ပြထားပါကြောင်း၊ အဆိုပါတင်ပြချက်ပါ အတိုင်း လွှတ်တော်ကိုယ်စားလှယ်အနေဖြင့် အဓိကထားဆွေးနွေးရန် လိုအပ်ပါကြောင်း သတိပေးပြောကြားခဲ့
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s