4th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၁ ဖေဖော်ဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် သဝဏ်လွှာကို မှတ်တမ်းတင်ခြင်း၊ အခွန်အကောက် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ဝင််နှင့် ဥပဒေကြမ်း ပူးပေါင်း ကော်မတီဝင်တို့က ပြန်လည်ရှင်းလင်းခြင်း၊ အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ကြ
  • ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် တနင်္သာရီတိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဇော်လွင် အစား ဗိုလ်မှူးကြီး ကျော်ဇေယျ ပြောင်းလဲခန့်အပ်သော သဝဏ်လွှာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ
  • ထို့နောက် ၂၀၁၇ ခုနှစ်ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီအတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာမြတ်ဉာဏစိုးတို့က ပြန်လည် ရှင်းလင်းဆွေးနွေးကြ
  • အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နာယကက ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ တင်ပြချက်များအပေါ် အခြေခံ၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုပြဋ္ဌာန်းခြင်းအား ဖေဖော်ဝါရီ ၂၂ ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ
  • ယင်းနောက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို ကော်မတီဝင် ပြည်ကြီးတံခွန် မဲဆန္ဒနယ်မှ ဦးကျော်စိုးလင်းက ဖတ်ကြားတင်ပြ
  • အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ဥပဒေကြမ်း၏ မူနှင့် အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များ ကောက်ခံရာတွင် ကျောက်မျက်အရိုင်းနှင့် အချောထည်များအပေါ် ဒီဇင်ဘာ လကုန်အထိ အထူးကုန်စည်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အခွန်နှစ်ရပ်ပေါင်း ငွေကျပ် ၁၂၀ ဒသမ ၅၉၄ ဘီလီယံ ကောက်ခံရရှိထားပါကြောင်း ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြား
  • ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စမ်းလှိုင်၏ ဥပဒေကြမ်းပါ ကျောက်စိမ်းအရိုင်းထည်များ၊ ပတ္တမြား၊ နီလာ၊ စိန်၊ မြနှင့် အခြားအဖိုးတန် ကျောက်မျက် ရတနာများအတွက် သတ်မှတ်ထားသည့် အခွန်နှုန်းများကို ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေပါ အခွန်နှုန်းများအတိုင်း ပြန်လည်ပြင်ဆင် သတ်မှတ်ပေးရန် ဆွေးနွေးခဲ့မှုအပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းစဉ် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်
  • ထို့ပြင် ဥပဒေကြမ်းပါ ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားရခြင်းအပေါ် ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၏ ပယ်ဖျက်သင့်ကြောင်း ဆွေးနွေးချက်နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ကင်းလွတ်ခွင့်ပြုခြင်းသည် တရားမဝင် စျေးကွက်များတွင် ရောင်းချနေခြင်းအစား တရားဝင်ဖွင့်လှစ်ပေး ထားသည့် ကျောက်မျက် အရောင်းပြပွဲများတွင် ဝယ်ယူရောင်းချခြင်း အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာရန်အတွက် အခွန်မက်လုံးအဖြစ် ပေးထားခြင်းဖြစ်၍ ပယ်ဖျက်ရန် မသင့်ပါကြောင်း ပြောကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s