4th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၂ ဖေဖော်ဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ၂၁.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရေဦးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဦးမင်းသိန်း၏ “နွေရာသီ ကျောင်းပိတ်ရက်အချိန်များကို လူငယ်များကောင်းမွန်အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် ကျန်းမာရေး၊ စိုက်ပျိုးရေး၊ အနုပညာအားကစားတို့ကို အခြေခံသော ပညာရပ်ဆိုင်ရာ အခြေခံသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ကျွန်းစုမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီ၏ “ကျွန်းစုမြို့နယ် ညောင်ဘီးကျေးရွာ အုပ်စု (အထက)ကျောင်းအား ၂၀၁၆-၂၀၁၇ ခုနှစ်တွင် အထက်တန်းစာစစ်ဌာနအဖြစ် ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • မုဒုံမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစောထွန်း၏ “မုဒုံမြို့နယ် ကော့ပရံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) အား အခြေခံပညာ အထက်တန်းကျောင်း အဖြစ်သို့ အဆင့်တိုးမြှင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား\
  • ကြို့ပင်ကောက် မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးမင်းသိန်း၏ “ကြို့ပင်ကောက်မြို့နယ် မြို့ပေါ်အထက်တန်းကျောင်း သုံးကျောင်းအနက် ဝိဇ္ဇာဘာသာတွဲ သင်ကြားပေးနိုင်မည့် အထက်တန်းကျောင်းကို လာမည့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစ၍ စီမံဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ယင်းနောက် ဂန့်ဂေါမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မင်းလှိုင်တင်သွင်းသည့် “ပြည်သူလူထုအား သက်ဆိုင်ရာဌာနများမှ ပညာပေးအစီအစဉ်များအတွက် သီးသန့်ဘတ်ဂျက် ထည့်သွင်းလျာထား၍ စနစ်တကျ ပညာပေးအစီအစဉ်များ ပြုလုပ်ရန် ပြည်ထောင်စုအစိုးရသို့ တိုက်တွန်းကြောင်းအဆို” ကို လွှတ်တော်ကိုယ်စားလှယ် ငါးဦးက ဝိုင်းဝန်းဆွေးနွေးကြ
  • ယင်းနောက် အဆိုနှင့်စပ်လျဉ်းပြီး ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ရှင်းလင်းဆွေးနွေးပြီး အဆိုကို မှတ်တမ်းအဖြစ် ထားရှိပေးနိုင်ပါရန် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြ
  • လွှတ်တော်ဥက္ကဋ္ဌက အဆိုရှင်၏ သဘောထားကို တောင်းခံရာတွင် ဝန်ကြီးဌာန၏ သဘောထား အတိုင်းဟု မှတ်ချက်ပြုသည့်အတွက် လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏အဆုံးအဖြတ်ကို ရယူရာ လွှတ်တော်၏ သဘောတူညီမှုဖြင့် အဆိုကို မှတ်တမ်းအဖြစ် ထားရှိကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၁ ရက်မြောက်နေ့ကို ၂၁.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်၏ “မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ရိုးဂိုးကျေးရွာ ကျခတ်ကွင်း ကွင်းအမှတ်(၈၁၃) မြေကွက်အမှတ် ရ၀၃၊ မြေဧရိယာ ၃၃ ဒသမ ရ၀ ဧကရှိ မြေကွက်ကို ယခင်ရထားပို့ဆောင်ရေး ဝန်ကြီးဌာနက ဘူတာရုံနှင့် ဝန်ထမ်းအိမ်ရာ ဆောက်လုပ်ရန် လျာထားသတ်မှတ်ခဲ့သော်လည်း ယခုအချိန်ထိ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးသည့် မြေကွက်လပ်ကြီးအား ကျေးရွာပိုင် တိုက်နယ် အားကစားကွင်းနှင့် မီးသတ်ကားများ ထားရှိရန် မီးသတ်အဆောက်အအုံ ဆောက်လုပ်ရန် တို့အတွက် ရိုးဂိုးကျေးရွာပိုင် မြေနေရာအဖြစ် သတ်မှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အောင်စိုးက ဖြေကြား
  • မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးတင်အောင်ထွန်း၏ “မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ်တွင် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ အား မလိုအပ်ဘဲ အမြဲမပြတ် အမိန့်ထုတ်ပြန်နေခြင်းကို ရပ်ဆိုင်းပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ “သထုံမြို့နယ် မိုးကောင်းကျေးရွာ၌ တရားမဝင် နွားမှောင်ခိုများကိစ္စနှင့် ပတ်သက်၍ ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြား တင်ပြထားခြင်းအပေါ် မည်သို့ အရေးယူဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ထို့အပြင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဖေတင်၏ “မွန်ပြည်နယ် မုဒုံမြို့ပေါ်ရှိ ရပ်ကွက်ကြီး လေးခုဖြစ်သော မြို့မ (၁) ရပ်ကွက်၊ မြို့မ (၂) ရပ်ကွက်၊ မြို့မ (၃) ရပ်ကွက်နှင့် မြို့မ (၄) ရပ်ကွက် တို့အား မြေဌားဂရန် ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်း၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးမင်းနိုင်၏ “နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသတွင် တာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းများအား ရှားပါးစရိတ် (တောင်တန်းစရိတ်) ပံံ့ပိုးပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁)မှ ဦးအေးမင်းဟန်၏ “မြန်မာတစ်နိုင်ငံလုံး၌ မီးဘေးအန္တရာယ်ကို ကြိုတင်ကာကွယ်ရန်အတွက် မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုခြင်းနှင့် မီးလောင်ကျွမ်းသည့် အချိန်တွင် အချိန်မီ မီးငြိှမ်းသတ်နိုင်ရေးအတွက် မီးသတ်ယာဉ်များနှင့် မီးသတ်ဝန်ထမ်းများ လုံလုံလောက်လောက် ထပ်မံဖြည့်တင်းထားရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းတို့နှင့် စပ်လျဉ်း၍လည်း ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ရှင်းလင်းဖြေကြား
  • ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသည့် “ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်း” အား လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူပြီး အတည်ပြု
  • အခွန်နှုန်းများ၊ အခွန်ကျသင့်မှုများ တိုးမြှင့်ခြင်းနှင့်အတူ အခွန်လွတ်ကင်းမှု မရှိရန် အခွန်အမှတ်တံဆိပ်များ၊ ကပ်နှိပ်ရောင်းချစေခြင်း၊ ထုတ်လုပ်မှုကို တိုင်းတာနိုင်သော စီးဆင်းမှု မီတာ (Flow Meter) တပ်ဆင်ပြီး စိစစ်ကြပ်မတ်လျက်ရှိ၍ တစ်နှစ်ထက်တစ်နှစ် အခွန်တိုးတက်ကောက်ခံ ရရှိနေပါကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြား
  • ဖေဖော်ဝါရီ ၂၀ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမျိုးဝင်း၏ စီးကရက်နှင့် အရက်တို့၏ အခွန်နှုှုန်းနှင့် ပတ်သက်ပြီး နိုင်ငံတကာ လေ့လာတင်ပြချက်များနှင့် အတူ တိုးမြှင့်သတ်မှတ်ခြင်းဖြင့် သောက်သုံးသူ လျော့ပါးသွားရေး ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးတင်ပြခဲ့မှုအပေါ် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းစဉ် အထက်ပါအတိုင်း ပြောကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s