4th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၃ ဖေဖော်ဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ၂၂.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ခန္တီးမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းစိန်၏ “ခန္တီး-ရွှေပြည်သာ ကျေးရွာ (ကျောက်စိမ်းတွင်းဒေသ) ကားလမ်းအကြားရှိ ချောင်းကြီး၊ ချောင်းငယ်များ၌ အမာခံတံတားများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” နှင့် စပ်လျဉ်း၍ မေးမြန်းရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် သန်းထွဋ်က ဖြေကြား
  • နန်းယွန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝမ်းလှ၏ “နန်းယွန်းမြို့နယ်ရှိ ကျေးရွာချင်းဆက် လမ်းများဖြစ်သော ဖာကျက်-ဆန်းကိုင်-လားဟောင်-ငိုင်မောင်း-လားမား ၂၅ မိုင်၊ ပါပုန်-ချောင်းဆုံ-ကေးဆန်လုံခေါင်းလမ်း ၂၇ မိုင်၊ ယန်းနော်နုတ်ညို-ဆာလင်-ကေးဆန်နုတ်ညို-ဘောက်လွန်းလမ်း ၁၅ မိုင်၊ ကြူယန်းနုတ်ညို-ကျောက်ခေါ်-ဟရှိန်နုတ်ညို-လုံခေါလမ်း ၁၅ မိုင်၊ နန်းယွန်း-ပန်းဆောင်တပ်ရှောင်လမ်း-ရှစ်မိုင်တို့အား ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တစ်ကြောင်းထိုး မြေသားလမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” နှင့် စပ်လျဉ်း၍မေးမြန်းရာ ဒုတိယဝန်ကြီး ဗို်လ်ချုပ်သန်းထွဋ်က ရှင်းလင်းဖြေကြား
  • တန့်ယန်းမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းမောင်ပွင့်၏ “မိုင်းကောင်းကျေးရွာအုပ်စု၊ မန်ကျောင်း၊ နောင်အက်၊ ပန်ဟိုက်၊ နမ့်လောင်းရွာချင်းဆက်လမ်း ၁၀ မိုင်အား ကျောက်လမ်း ခင်းပေးရန်၊ နားကော်ကျေးရွာအုပ်စု၊ ခိုတုံလမ်းခွဲမှ မန်ပိန်း၊ လုံကျိန်၊ နောင်မိုရွာအထိ မြေသားလမ်း ခုနှစ်မိုင် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” နှင့် စပ်လျဉ်း၍မေးမြန်းရာ ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြေကြား
  • ပေါင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်များကို ထိခိုက်နစ်နာစေပြီး ပြည်သူအများ သဘောမတွေ့ လက်မခံသော နှစ်ရှည်စီမံကိန်းများနှင့် ခေတ်အဆက်ဆက် အစိုးရမှခွင့်ပြုထားသည့် လုပ်ငန်းများကို ပြန်လည်စိစစ်ပေးပါရန် ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆို” ကို တင်သွင်းရာ တောင်ကုတ်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်က ထောက်ခံဆွေးနွေးပြီး အဆိုနှင့် စပ်လျဉ်း၍ လက်ခံဆွေးနွေးရန် သင့်မသင့်ကို လွှတ်တော်၏ အဆုံးအဖြတ်ကိုရယူရာ လွှတ်တော်၏ ဆုံးဖြတ်ချက်ဖြင့် လက်ခံဆွေးနွေးမည် ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက ကြေညာပြီး ဆွေးနွေးလို်သည့် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • မိုးမောက်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းအောင် တင်သွင်းသည့် “မြန်မာနိုင်ငံအတွင်းရှိ ထီထိုးသူ ပြည်သူလူထုများ အဆင်ပြေစေရန်၊ ဆင်းရဲမွဲတေမှုပပျောက်ရေးနှင့် မှုခင်းလျှော့ချရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေသော အောင်ဘာလေထီ ရောင်းရငွေ၏ အခွန် ၄၀ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအား အောင်ဘာလေ သိန်းထီဆုအဖြစ် ထည့်သွင်းပေးပြီး ထီရောင်းရငွေမှ အခွန်ငွေ ၃၀ ရာခိုင်နှုန်းသာ ကောက်ခံသင့်ပါကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို” ကို လွှတ်တော်ကိုယ်စားလှယ်လေးဦးက လက်ခံဆွေးနွေး
  • အဆိုနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည် ရှင်းလင်းဆွေးနွေးပြီး အဆိုကို မှတ်တမ်းအဖြစ် ထားရှိရန် လွှတ်တော်သို့တင်ပြရာ လွှတ်တော်၏ သဘောတူညီမှုဖြင့် မှတ်တမ်းအဖြစ် ထားရှိရန်အတွက် လွှတ်တော်ဥက္ကဋ္ဌက ကြေညာ
  • ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာနက တင်သွင်းသည့် တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုအပေါ် အပိုဒ်၊ အပိုဒ်ခွဲများအလိုက် လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးခြင်း၊ အတည်ပြုနိုင်ရန် တင်ပြခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူခြင်းများ ဆောင်ရွက်ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ၂၂.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၏ “အတည်ပြု ပြဋ္ဌာန်းလိုက်သော နည်းဥပဒေများကို အများပြည်သူ ပွင့်လင်းမြင်သာစွာ လိုက်နာစောင့်ကြည့်နိုင်ရန် အတွက် နိုင်ငံတော်မှထုတ်ဝေသော နှစ်အလိုက် ပြဋ္ဌာန်းဥပဒေ စာအုပ်များတွင် နည်းဥပဒေ ပြဋ္ဌာန်းချက်များကိုလည်း ယခင်ခေတ်များအတိုင်း ထည့်သွင်းဖော်ပြပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ပြောကြား
  • မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်၏ “မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဖောင်းလင်းကျေးရွာအုပ်စု ဖောင်းလင်းမြို့မရွာ၌ မီးသတ်စခန်း အဆောက်အအုံနှင့် မီးသတ်ကားကို နိုင်ငံတော်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမြမင်းဆွေ၏ “မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့ မြကန်သာ ပန်းခြံမြေနေရာ ၂၅ ဒသမ ၂၀ ဧကကို အမှတ် (၂၃၅) ခြေလျင်တပ်ရင်းမှ စည်ပင် သာယာရေးအဖွဲ့သို့ လွှဲပြောင်းပေးအပ်နိုင်ခြင်း ရှိ၊ မရှိ သိရှိလို်ခြင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဖြေကြား
  • ယင်းနောက် “ရေနံလက်ယက်တွင်းဆိုင်ရာဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်ဆွေ၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာကျော်ငွေနှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်တို့က ဆွေးနွေး
  • လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များကို အမျိုးသားလွှတ်တော်ဥပဒေကြမ်း ကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်ရန်ဆုံးဖြတ်
  • ဥပဒေကြမ်းကော်မတီဝင် ဦးကျော်ကျော်က “၁၉၇၃ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ဥပဒေ ကို ပြင်ဆင်သည့်ဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သုံးသပ်ချက်များ ပါဝင်သော ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား
  • လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူ၍ ပြည်သူ့လွှတ်တော်၏ ပြင်ဆင်ချက်အတိုင်း အတည်ပြုခဲ့
  • တရားမဝင် အထူးကုန်စည် ဖမ်းဆီးရရှိမှုအပေါ်မှ ဆုကြေးချီးမြှင့်ခြင်းနှင့်ပတ်သက်၍ ဥပဒေကြမ်း၏ အပိုဒ် ၃၈ ကို ပယ်ဖျက်ရန် မသင့်ပါကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖေဖော်ဝါရီ ၂၀ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၏ ၂၀၁၇ ခုနှစ် အခွန်အကောက်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများကို ပြန်လည်ရှင်းလင်းစဉ် ထည့်သွင်းပြောကြားခဲ့
  • ထို့သို့ ပြောကြားခြင်းမှာ ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၇ ခုနှစ် အခွန်အကောက်ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးစဉ် လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးက ဥပဒေကြမ်း၏ အပို်ဒ် ၃၈ ကို ပယ်ဖျက်ရန် အဆိုပြု တင်ပြခြင်းကြောင့်ဖြစ်
  • ၂၀၁၇ ခုနှစ် အခွန်အကောက်ဥပဒေကြမ်း၏ အပိုဒ် ၃၈ တွင် “အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များ ရရှိ ပိုင်ဆိုင်ထားခြင်းအတွက် အထူးကုန်စည်ခွန် ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ(ဂ)အရ တပ်ရိုက်သည့် ဒဏ်ငွေအဖြစ် ကောက်ခံရရှိငွေ၏ ၂၀ ရာခိုင်နှုန်းအား သတင်းပေးတင်ပြသူကို လည်းကောင်း၊ ၃၀ ရာခို်င်နှုန်းကို ရှာဖွေဖမ်းဆီးသည့်အဖွဲ့အား လည်းကောင်း ဆုကြေးအဖြစ် ချီးမြှင့်ရမည်။ သတင်းပေးတင်ပြသူ မည်သူမည်ဝါ ဖြစ်ကြောင်းကို အစိုးရကိစ္စမှတစ်ပါး ဖော်ထုတ်ခြင်း မပြုရ” ဟု ပါရှိ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s