4th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၄ ဖေဖော်ဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ၂၃.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်၏ “ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်တွင် လှော်ကားလမ်းမကြီးကို အကျယ် ၄၈ ပေရှိ လေးလမ်းသွား ကားလမ်းမကြီးအဖြစ် တိုးချဲ့ပေးပါရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဖြေကြား
  • ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၏ “ပုဏ္ဏားကျွန်းမြို့ မြို့အဝင်မှ မြို့အထွက်ထိ ပျက်စီး နေသော ကတ္တရာလမ်းအရှည် တစ်မိုင်၊ အကျယ် ၁၈ ပေကို ကွန်ကရစ်လမ်း အရှည်တစ်မိုင်၊ အကျယ် ၂၂ ပေလမ်းဖြစ်အောင်၊ တစ်ဖက်နှစ်ပေစီ တိုးချဲ့ခင်းပေးရန်နှင့် မြို့တွင်းဖြစ်၍ လူသွားလမ်း၊ ပလက်ဖောင်း တစ်ဖက်လေးပေစီ တိုးချဲ့ပြုလုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဖြေကြား
  • လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦး၏ “လှိုင်မြို့နယ်၊ အမှတ်(၂)နှင့် အမှတ်(၃) ရပ်ကွက်ရှိ မီးလောင်မြေ ပြန်လည်စည်ပင်ရေး စီမံချက်အရ တည်ဆောက်ခဲ့သော အဆောက်အအုံများသည် အန္တရာယ်ရှိ အဆောက်အအုံအဖြစ် သတ်မှတ်ခံထားရ၍ အမြန်ဆုံးပြန်လည် တည်ဆောက်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဖြေကြား
  • လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်မင်း၏ “လက်ပံတန်းမြို့နယ်နှင့် မင်းလှမြို့နယ်သို့ ဆက်သွယ်ထားသည့် အရှည်(၇)မိုင်ရှိသည့် တောင်ကြို့ကုန်းလမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်း အဖြစ် မူလကတ္တရာလမ်းအဆင့်သို့ တိုးမြှင့် ပေးနိုင်ခြင်း ရှိ၊ မရိ်ှ” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရှင်းလင်း ပြောကြား
  • မြောက်ဥက္ကလာပမဲဆန္ဒနယ်မှ ဒေါက်တာဦးသန်းဝင်း၏ “မြောက်ဥက္ကလာပ မြို့နယ်သို့ အဓိက ဝင်ရောက်ရာ ခုံးကျော်တံတားကို ပါရမီခုံးကျော်တံတားကဲ့သို့ ခိုင်ခံ့ကောင်းမွန်ပြေပြစ်သော တံတား အသစ်တစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ဖြေကြား
  • ပူတာအိုမဲဆန္ဒနယ်မှ ဦးမိုးရွှေ၏ “ပူတာအိုခရိုင်အတွင်းရှိ ပြည်ထောင်စုလမ်းဖြစ်သော မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအို မော်တော်ကားလမ်း (၂၀၈) မိုင်အား ယာဉ်ကြီး၊ ယာဉ်ငယ်များ ရာသီမရွေး သွားလာနိုင်ရန် တည်ဆောက်ပေးနိုင်ရေး အစီအစဉ် ရှိ၊ မရှိ” နှင့် “မိုင်တိုင် (၉၂/၀) မှ (၀၆၀/၀) ကြားရှိ အဆိုးဆုံး ရွှံ့ဗွက်တန်းကို မည်သည့်စီမံကိန်းမျိုးဖြင့် ဆောင်ရွက်ပေးမည်ကို သိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဖြေကြား
  • ထို့ပြင် ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦးနှင့် မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်းတို့၏ လမ်း၊ အဆောက်အအုံများနှင့် စပ်လျဉ်းသည့် မေးခွန်းများကိုလည်း ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရှင်းလင်းဖြေကြား
  • ထို့နောက် ပျဉ်းမနားမဲဆန္ဒနယ်မှ ဦးသန်းစိုးအောင်က “ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရေးဆွဲထုတ်ပြန်ထားသည့် ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာ ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ကို ပြည်ထောင်စုဝန်ကြီးဌာနအားလုံး၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရ အဖွဲ့အားလုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ အားလုံး လိုက်နာကျင့်သုံးကြပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုတင်သွင်းရာ ဥတ္တရသီရိမဲဆန္ဒနယ်မှ ဦးကျော်မင်းလှိုင်က ထောက်ခံဆွေးနွေး
  • ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုနှင့်စပ်လျဉ်း၍ ပြည်သူ့လွှတ်တော်၌ လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူကြောင်း၊ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ၂၃.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန်၏ “မွန်ုပြည်နယ် မော်လမြိုင်မြို့ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူးရုံးတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများ နေထိုင်ရန်အတွက် ဝန်ထမ်းအိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြား
  • ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်ရှားမူ၏ “ကယားပြည်နယ် ဖရူဆိုမြို့နယ် ပြည်သူ့ဆေးရုံတွင် နှစ်ထပ်လူနာဆောင် အသစ်တစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးကျင့်ခန့်ပေါင်၏ “ချင်းပြည်နယ် တီးတိန်မြို့နယ် မွာလ်ဘင်းရွာ ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးလင်းတင်ဌေး၏ “မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာများ၌ လိုအပ်လျက်ရှိသော ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်း၊ ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း၏ “ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ် လိပ်ချောင်းကျေးရွာအုပ်စု ဒါးကကျေးရွာတွင် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ တစ်ရုံအသစ် တိုးချဲ့ ဖွင့်လှစ်ခွင့်ပြုကြောင်း အကြောင်းကြားစာ ရရှိပြီးဖြစ်သော်လည်း ယနေ့တိုင် ဆောက်လုပ်ခြင်း မရှိသည်မှာ မည်သည့်အတွက်ကြောင့် ဖြစ်သည်ကို သိရှိလိုခြင်း” မေးခွန်းနှင့် မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဦးကျော်တုတ်၏ “မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ခုတင် ၂၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးရှိ အရာထမ်း၊ အမှုထမ်းများ အတွက် အိမ်ရာများ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည် ရှင်းလင်းဖြေကြား
  • ထို့ပြင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက “မြန်မာ့ ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် “ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဥပဒေကြမ်း” တို့ကို လွှတ်တော်က လက်ခံဆွေးနွေးပြီး အတည်ပြုပေးရန် အဆိုတင်သွင်း
  • ယင်းနောက် အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ် ခင်မောင်အေးနှင့် ဒေါက်တာမျိုးအောင် တို့က ယင်းဥပဒေကြမ်းနှစ်ခုနှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သုံးသပ်ချက်များ ပါဝင်သော ကော်မတီ၏ အစီရင်ခံစာများကို ဖတ်ကြားကြ
  • လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှစ်ခုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာပြီး အစည်းအဝေးကို ရပ်နားလိုက်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s