4th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၅ ဖေဖော်ဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၄.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် “၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကြမ်း” ကို တစ်ပိုဒ်ချင်းစီ အလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ လွှတ်တော်၏ အဆုံးအဖြတ်အတိုင်း ဥပဒေကြမ်း တစ်ခုလုံးအား အတည်ပြုခဲ့
  • အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက က နိုင်ငံတော်သမ္မတထံမှ ပေးပို့သော ကယားပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ခန့်အပ် တာဝန်ပေးခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြ မှတ်တမ်းတင်ပြီး “ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် ဥပဒေကို ဒုတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် “၁၉၇၃ ခုနှစ် ပြည်ထောင်စုမြန်မာနိုင်ငံ စာစစ်အဖွဲ့ ဥပဒေကို တတိယအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်း” တို့ကို မှတ်တမ်းတင်ကြောင်း ကြေညာ
  • မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးအောင်ကြည်ညွန့်က လွှတ်တော်နှစ်ရပ် သဘော ကွဲလွဲသော “နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြံုမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များ ပါဝင်သောကော်မတီ၏ အစီရင်ခံစာ ကို ဖတ်ကြား
  • ပြည်ထောင်စုလွှတ်တော် နာယက က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ(ရွာထောင်) တိုးတက်ကောင်းမွန်ရေး စီမံကိန်းဆောင်ရွက်ရန်အတွက် ဂျာမနီနိုင်ငံ KfW Development Bank ထံမှ ယူရို ၅ သန်း ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ
  • ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်နိုင်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးမြင့်ဆွေ၊ မိုးညှင်းမဲဆန္ဒနယ်မှ ဒေါ်စန်းစန်းအိနှင့် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုတို့ကလည်း အကြံပြု ထောက်ခံဆွေးနွေးကြ
  • ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စု အဖွဲ့အစည်းများးက ပြန်လည်ရှင်းလင်းခြင်းနှင့် ဆုံးဖြတ်ချက်ရယူခြင်းတို့ကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ဒသမနေ့တွင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာ
  • နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က ဂီနီနိုင်ငံ၊ မော်လ်တာနိုင်ငံ၊ အီကွေဒေါနိုင်ငံ၊ ဆေးရှဲလ်နိုင်ငံ၊ လိုက်ဘေးရီးယားနိုင်ငံ၊ မာရှယ်ကျွန်းစုနိုင်ငံနှင့် ဟိုလီဆီး(ဗာတီကန်နန်းတော်)တို့ အကြား သံတမန်အဆက်အသွယ် ထူထောင်ရန် ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြ
  • နာယကက ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • “၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသား စီမံကိန်းဥပဒေကြမ်း” ၏ မူနှင့် အခြေခံသဘော အပါအဝင် စီမံကိန်း လုပ်ငန်းများနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ
  • မြေပုံမဲဆန္ဒနယ်မှ ဦးဖေသန်း၊ ရှမ်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၊ ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၊ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၊ ကျောက်ဆည်မဲဆန္ဒနယ်မှ ဒေါက်တာတင်အောင်၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာ ခင်စည်သူ၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးခင်မောင်လတ်၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်းနှင့် ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်တို့ကလည်း အကြံပြု ဆွေးနွေးကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s