4th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၈ ဖေဖော်ဝါရီ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၇.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ ထံမှ ပေးပို့သည့် မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) တိုးတက်ကောင်းမွန်ရေး စီမံကိန်းဆောင်ရွက်ရန် KfW Development Bank မှ ယူရို ၅ သန်း ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် စီမံကိန်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းပြောကြား
  • ထို့အပြင် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးကလည်း နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် မြန်မာမီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) တိုးတက်ကောင်းမွန်ရေး စီမံကိန်းဆောင်ရွက်ရန် KfW Development Bank မှ ယူရို ၅ သန်း ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့
  • ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက နိုင်ငံတော်သမ္မတထံမှ ပေးပို့သည့် မြန်မာ့မီးရထား ဒီဇယ်စက်ခေါင်းစက်ရုံ (ရွာထောင်) တိုးတက်ကောင်းမွန်ရေး စီမံကိန်းဆောင်ရွက်ရန် KfW Development Bank မှ ယူရို ၅ သန်း ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထား ဆန္ဒကို စက်ခလုပ်နှိပ်အသုံးပြုရယူပြီး ထောက်ခံမဲ ၅၁၆ မဲ၊ ကန့်ကွက်မဲ ၆ မဲ၊ ကြားနေမဲ ၆ မဲဖြင့် လွှတ်တော်က သဘောတူကြောင်း ကြေညာ
  • အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက က အာဆီယံပါလီမန်များ ညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီနှင့် နိုင်ငံတကာပါလီမန်များ အဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီတို့ကို ၂၀၁၆ ခုနှစ် မတ် ၁ ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စုလွှတ်တော် ပထမပုံမှန် အစည်းအဝေး ဆဋ္ဌမနေ့တွင် လွှတ်တော်၏ သဘောတူညီချက် ရယူ၍ သက်တမ်း (၁) နှစ် သတ်မှတ်ဖွဲ့စည်းခဲ့သည့်အတွက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် သက်တမ်း ကုန်ဆုံးတော့မည်ဖြစ်ကြောင်း၊ အာဆီယံပါလီမန်များ ညီလာခံဆိုင်ရာ ပူးပေါင်းကော်မတီနှင့် နိုင်ငံတကာ ပါလီမန်များ အဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီတို့၏ သက်တမ်းကို ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်ထိ နောက်ထပ် (၁) နှစ် သက်တမ်းတိုးမြှင့်နိုင်ရေးနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒ ရယူလိုကြောင်း ပြောကြားပြီး လွှတ်တော်၏ သဘောထား ဆန္ဒရယူကာ အဆိုပါ ပူးပေါင်းကော်မတီများအတွက် နောက်ထပ် (၁)နှစ် သက်တမ်းတိုးမြှင့်နိုင်ရေးကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
  • ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ် သုံးသပ်ရေးကော်မရှင်ကို လွှတ်တော်၏ သဘောတူညီချက်ဖြင့် ၂၀၁၆ ခုနှစ် မတ် ၁ ရက်တွင် စတင်ဖွဲ့စည်းခဲ့ပါကြောင်း၊ အဖွဲ့ဝင် ၃၈ ဦးဖြင့် လုပ်ငန်းတာဝန်များ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကော်မရှင်စတင်ဖွဲ့စည်းစဉ်က သက်တမ်း(၁)နှစ် သတ်မှတ်ထားသည့်အတွက် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် (၁) နှစ် ပြည့်မြောက်ပြီ ဖြစ်ပါကြောင်း၊ တစ်ဆက်တည်းမှာပင် ကော်မရှင် အဖွဲ့ဝင်များအနက် မွန်ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးကျင်ဒေအား ၄င်း၏ ဆန္ဒအလျောက် နုတ်ထွက်ခွင့်ပြုပါရန်နှင့် မကွေးတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌဟောင်း ဦးရဲမြင့်အား ကော်မရှင် အဖွဲ့ဝင်အဖြစ် ခန့်အပ် တာဝန်ပေးရန် လွှတ်တော်သို့ တင်ပြလိုကြောင်း ပြောကြား
  • ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာ ဆန်းစစ်သုံးသပ်ရေး ကော်မရှင်သက်တမ်းတိုးမြှင့်ခြင်း၊ အဖွဲ့ဝင်တစ်ဦး နုတ်ထွက်ခွင့်ပြုခြင်း၊ အစားထိုးခန့်အပ်ခြင်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒရယူရာ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် ဥိးမောင်မောင်က ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် သက်တမ်းတိုးမြှင့်ခြင်းကို ကန့်ကွက်
  • ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် သက်တမ်းတိုးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒကို စက်ခလုပ်နှိပ် အသုံးပြုရယူရာ ထောက်ခံမဲ ၃၃၃ မဲ၊ ကန့်ကွက်မဲ ၁၈၉ မဲ၊ ကြားနေမဲ ၆ မဲဖြင့် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာဆန်းစစ် သုံးသပ်ရေးကော်မရှင် သက်တမ်းတိုးမြှင့်ခြင်းကို အတည်ပြုကြောင်း ကြေညာ
  • ယင်းနောက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ မူနှင့် အခြေခံ သဘော အပါအဝင် စီမံကိန်းလုပ်ငန်းနှင့် စပ်လျဉ်း၍ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၈) မှ ဦးမျိုးဝင်းက ဆွေးနွေး
  • ထို့အပြင် ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ လင်းခေးမဲဆန္ဒနယ်မှ ဦးစိုင်းဘသိန်း၊ ဇလွန်မဲဆန္ဒနယ်မှ ဦးအောင်မင်း၊ သီပေါမဲဆန္ဒနယ်မှ ဦးစိုင်းသန့်ဇင်၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးရဲထွဋ်၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၆)မှ ဒေါ်နန်းနီနီအေး၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ ပျဉ်းမနားမဲဆန္ဒနယ်မှ ဦးသန်းစိုးအောင်၊ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀) မှ နော်လှလှစိုး၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးကျော်ကျော်၊ ညောင်တုန်း မဲဆန္ဒနယ်မှ ဦးအုန်းလွင်၊ ဖျာပုံမဲဆန္ဒနယ်မှ ဦးဝင်းထွဋ်၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၊ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးနှင့် ပေါင်းတည်မဲဆန္ဒနယ်မှ ဦးအေးမင်းအောင်တို့ကလည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ မူနှင့် အခြေခံသဘောအပါအဝင် စီမံကိန်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s