4th Plenary Session · roundup

လွှတ်တော်သတင်းများ (၁ မတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ကို ၂၈.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော် ကော်မတီအဖွဲ့ဝင် ပြောင်းရွှေ့ တာဝန်ပေးအပ်ခြင်းနှင့် ထပ်မံထည့်သွင်းခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြ
  • ယနေ့အစည်းအဝေးတွင် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဦးစောနိုင်၏ “တောင်ဥက္ကလာပမြို့နယ်၊ ဥက္ကလာပစေတီ ပရဝဏ်၏ ပေ ၁၀၀ အတွင်း ပေ ရ၀ ထက် မြင့်သော အထပ်မြင့် အဆောက်အအုံ ဆောက်လုပ်နေခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာ ဌာနများ အနေဖြင့် မည်သို့ စီစဉ်ထားသည်ကို သိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှင်းလင်းဖြေကြား
  • ဥတ္တရသီရိမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်၏ “ဥတ္တရသီရိမြို့နယ်အတွင်း ဒေသခံ ပြည်သူများ အမှန်တကယ် နေထိုင်လုပ်ကိုင် စားသောက်နေသော ကျေးရွာများ၊ လယ်မြေများ နှင့် ယာမြေများကို သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရှင်းလင်းဖြေကြား
  • ပေါင်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်မိကွန်ချမ်းက “မွန်ပြည်နယ်၊ မော်လမြိုင်မြို့နှင့် ချောင်းဆုံမြို့နယ်တို့အကြား သံလွင်မြစ်ပေါ်တွင် ထိုးထားသည့် တံတားအမည်အား အမျိုးသား ခေါင်းဆောင်ကြီး “ဗိုလ်ချုပ်အောင်ဆန်း”၏ အမည်နာမဖြင့် ဂုဏ်ပြု သတ်မှတ်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းသည့် အဆို”ကို တင်သွင်းရာ ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦးက ထောက်ခံ ဆွေးနွေးပြီး လွှတ်တော်ဥက္ကဋ္ဌက အဆိုကို လက်ခံဆွေးနွေးနိုင်ရန်အတွက် လွှတ်တော်၏ သဘောတူညီမှုကို ရယူကာ အဆိုအပေါ် ဆွေးနွေးလိုသော လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • လှိုင်းဘွဲ့မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးခင်ချို၏ “ဝါးစိုက်ပျိုးရေးကဏ္ဍ တွင်တွင် ကျယ်ကျယ် ဖြစ်ထွန်း အောင်မြင်လာစေရေးအတွက် နိုင်ငံတော်အစိုးရမှ ဦးဆောင်အားစိုက် ပါဝင် ဆောင်ရွက်ပေးရေး တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်ကိုယ်စားလှယ် ကိုးဦးက ဆွေးနွေးကြ
  • ထို့နောက် အဆိုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြန်လည် ရှင်းလင်းဆွေးနွေးပြီး အဆိုရှင်က ၄င်း၏အဆိုကို အတည်ပြုပေးရန် လွှတ်တော်သို့တင်ပြရာ လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောတူညီချက်ကို ရယူပြီး အတည်ပြုကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး (၁၄) ရက်မြောက်နေ့ကို ၂၈.၂.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၏ “နိုင်ငံတော်၌ တရားဥပဒေ စိုးမိုးမှု ယိမ်းယိုင်ပျက်ပြားနေခြင်း အပေါ် အနာဂတ်တွင် ထိန်းသိမ်းပြုပြင် ပြောင်းလဲနိုင်ရန် အလို့ငှာ မျိုးဆက်သစ် အထက်တန်းကျောင်းများတွင် စာမေးပွဲမစစ်သည့် အပိုဘာသာရပ်အဖြစ် ဥပဒေအခြေခံ ဘာသာရပ်သင်ရိုးကို တစ်ပတ်လျှင် အနည်းဆုံး တစ်ချိန် သတ်မှတ်၍ လက်တွေ့ဥပဒေနယ်ပယ်မှ တရားသူကြီးများ၊ ဥပဒေအရာရှိများနှင့် ရှေ့နေရှေ့ရပ်များကို သင်ကြားပို့ချပေးစေနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရှင်းလင်းပြောကြား
  • စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးအောင်မျိုး၏ “အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ စစ်ချီထွက်တိုင်း ပင့်ဆောင်သွားလေ့ရှိသည့် သင်္ကန်းနက်ရုပ်ပွားတော်မြတ်ကြီးအား ရွှေဘိုမြို့သို့ ပြန်လည်ပင့်ဆောင်ခွင့် ရရှိရေးအတွက် ညှိနှိုင်းဖြေရှင်းပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ရှင်းလင်းဖြေကြား
  • တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဟန်ဝင်းသိန်း၏ “တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ် ဇာဒီအခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်း အဖြစ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၏ “ရှမ်းပြည်နယ် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသရှိ ဥပဓိရုပ်မကောင်းသော စာသင်ကျောင်းသုံးကျောင်း၌ ကျောင်းဆောင်သစ် တစ်ဆောင်စီ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၏ “ချင်းပြည်နယ် ဖလမ်းမြို့နယ်ရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းများတွင် ဆရာ ဆရာမများ တိုးမြှင့်ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးစိုးသီဟ(ခ)မောင်တူး၏ “မွန်ပြည်နယ် ပေါင်မြို့နယ် ကျွဲခြံကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ရှိ အန္တရာယ်ရှိ ကျောင်းဆောင်အား ဖျက်သိမ်းပြီး နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းများနှင့် စပ်လျဉ်း၍လည်း ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရှင်းလင်းဖြေကြား
  • ထို့နောက် ဥပဒေကြမ်း ကော်မတီဝင် စိုင်းထွန်းအောင်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပေးပို့လာသော “ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သုံးသပ်ချက်များ ပါဝင်သော ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား
  • ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်နှင့် တင်ပြချက်များကို တစ်ပိုဒ်ချင်းစီ လွှတ်တော်၏ အဆုံးအဖြတ် ရယူ၍ အတည်ပြုခဲ့
  • “စာရင်းအင်း ဥပဒေကြမ်း” နှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးဌေးဦးက ပါဝင်ဆွေးနွေး
    ထို့နောက် လွှတ်တော်ဥက္ကဋ္ဌက ဆွေးနွေးချက်နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s