4th Plenary Session · roundup

လွှတ်တော်သတင်းများ (၇ မတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၂ ရက်မြောက်နေ့ကို ၆.၃.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် ကြိုတင်မမျှော်မှန်းနိုင်သော သဘာဝဘေး အန္တရာယ်များ အတွက် ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့် ရန်ပုံငွေမှ ငွေကျပ်သန်း ၁၈၃၆၃ ဒသမ ၁၁၈ ခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဆွေးနွေးတင်ပြ
  • ထို့အပြင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့က ရှင်းလင်းတင်ပြကြ
  • ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကိစ္စများနှင့် စပ်လျဉ်း၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ
  • အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယကက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မွန်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးချုပ်အဖြစ် ဒေါက်တာအေးဇံအား ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်သို့ အသိပေးတင်ပြပြီး မှတ်တမ်းတင်
  • ယင်းနောက် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ စီမံကိန်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာ ပြင်ဆင်ဖြည့်စွက်ချက်ကို ဖတ်ကြားတင်ပြ
  • ပြည်ထောင်စုလွှတ်တော် နာယကက ယင်းအစီရင်ခံစာပါ စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရှမ်းပြည်နယ် အင်းလေးကန် ရေရှည် တည်တံ့ရေး လုပ်ငန်းများအတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ငွေကျပ်သန်း ၄၀၀ ခွဲဝေသုံးစွဲမည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က အတည်ပြုပေးပါရန် ရှင်းလင်းတင်ပြ
  • ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ယင်းကိစ္စနှင့် စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြ
  • ပြည်ထောင်စုလွှတ်တော် နာယကက ယင်းကိစ္စရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်းနှင် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် ဦးထွန်းထွန်းဟိန်က ဥပဒေဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာကို လည်းကောင်း၊ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီဝင် ဦးအောင်မင်းက ငွေကြေးဆိုင်ရာ သုံးသပ်ချက် အစီရင်ခံစာကို လည်းကောင်း ဖတ်ကြားတင်ပြ
  • အဆိုပါ ဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ပြည်ထောင်စုလွှတ်တော် နာယကက ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s