4th Plenary Session · roundup

လွှတ်တော်သတင်းများ (၈ မတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ရ.၃.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မာန်အောင်မဲဆန္ဒနယ်မှ ဦးတင်နု(ခ) ဦးတင်နုအောင်၏ “မာန်အောင်မြို့နယ်၌ လေယာဉ်ကွင်း တိုးချဲ့ရာတွင် အိမ်ခြံမြေပါဝင်နေသော နစ်နာသူ ငါးဦးအား ထိုက်သင့်သော လျော်ကြေးငွေ ပေးအပ်နိုင်ရေး မည်ကဲ့သို့ စီမံဆောင်ရွက်ထားသည်ကို သိလိုခြင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြား
  • ထို့ပြင် ဒုတိယဝန်ကြီး ဦးကျော်မျိုးက အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၏ “အုတ်တွင်းမြို့နယ် မြက်နီကွင်းကျေးရွာ အုပ်စု လှေဆွဲမြောင်း၊ ချောင်းကျိုး၊ မငြိမ်းစုကျေးရွာများနှင့် ရေအိုးစင် ကျေးရွာအုပ်စု သောင်ပုနှင့် သောင်တန်းကျေးရွာတို့တွင် ကာကွယ်မှုပြုလုပ်ပေးပါရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဆက်လက်ရှင်းလင်း
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသော “ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” ကို လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက ပြင်ဆင်လိုသည့် ဥပဒေကြမ်း၏ အပိုဒ်၊ အပိုဒ်ခွဲနှင့် အကြောင်းအရာများကို တိတိကျကျ ဖော်ပြ၍ အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပို့ဆောင်ရေးဝန်ကြီးဌာနက တင်သွင်းသည့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့တွင် ဥပဒေကြမ်း ကော်မတီက အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခဲ့ကြောင်း၊ အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်ကိုးဦးက အမည်စာရင်း တင်သွင်းခဲ့ကြောင်း၊ ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးအတည်ပြုခြင်းများ ဆောင်ရွက်မည်ဖြစ်ကြောင်း ပြောကြား
  • ယင်းနောက် ဥပဒေကြမ်းကော်မတီ ဦးကျော်စိုးလင်းက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက် ခုနစ်ချက်ကို လွှတ်တော်သို့ တင်သွင်းရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားဆန္ဒ ရယူပြီး အဆိုပါပြင်ဆင်ချက် ခုနစ်ချက်သည် ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ချက်များအတိုင်း ဥပဒေကြမ်း၏ အစိတ်အပိုင်းအဖြစ် အတည်ပြုကြောင်း ကြေညာ
  • ထို့နောက် ပြင်ဆင်ချက်အဆို တင်သွင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်များက ပြင်ဆင်ချက် လေးချက်ကို လွှတ်တော်သို့ သီးခြားစီတင်သွင်းရာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားဆန္ဒကို စက်ခလုပ်နှိပ် ရယူပြီး အဆိုပါပြင်ဆင်ချက်များသည် ဥပဒေကြမ်းကော်မတီ၏ အဆိုပြုချက်များအတိုင်း အတည်ဖြစ်ကြောင်း ကြေညာ
  • ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်ထားသည့် အပိုဒ်၊ အပိုဒ်ခွဲများအတိုင်း အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၉၁ အရ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ
  • ယင်းနောက် ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေးတင်သွင်းသည့် “တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအား ပြန်လည်တည့်မတ်နိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တိုက်တွန်းသည့် အဆို” နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးက ဆွေးနွေးကြ
  • ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က အဆိုကို မှတ်တမ်းတင်သင့်ကြောင်း ပြန်လည် ရှင်းလင်းဆွေးနွေးရာ အဆိုရှင် ဦးတင်ထွေးက အဆိုကို အတည်ပြုသင့်ကြောင်း ဆွေးနွေး
  • ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွေး၏ “တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအား ပြန်လည်တည့်မတ်နိုင်ရေးအတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တိုက်တွန်းသည့်အဆို” နှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒကို စက်ခလုတ်နှိပ် အသုံးပြုရယူရာ ထောက်ခံမဲ ၂၈၆ မဲ၊ ကန့်ကွက်မဲ လေးမဲ၊ ကြားနေမဲ ၆၁ မဲဖြင့် အဆို အတည်ဖြစ်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ရ.၃.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်၏ “ရခိုင်ပြည်နယ် မြောက်ဦးမြို့၏ မဟာဓာတ်အားလိုင်းမှ မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လျှပ်စစ်ဓာတ်အားပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း”နှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒေါက်တာထွန်းနိုင်က ရှင်းလင်း ဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ်မှ ဦးလင်းတင်ဌေး၏ “မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်းသို့ ၆၆ ကေဗွီ ဓာတ်အားလိုင်း သွယ်တန်းရာတွင် ပြည်သူများ၏ လယ်ယာမြေနှင့် သီးပင်စားပင်၊ နှစ်ရှည်ပင်များ ဆုံးရှုံးမှုအပေါ် လျော်ကြေးငွေနှင့် နစ်နာကြေး ပေးချေနိုင်ရေးအတွက် မည်သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက ရှင်းလင်းဖြေကြား
  • မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၇)မှ ဒေါ်သန်းသန်းအေး၏ “မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ရှမ်းတပ်ကုန်းရွာ(အောက်ကျင်း) ပနီးချောင်း အရှေ့ဘက်ကမ်းပါးများ ရေတိုက်စားခြင်း အန္တရာယ်မှ ကြိုတင်ကာကွယ်ရန်အတွက် ရေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၏ “ချင်းပြည်နယ် ဖလမ်းမြို့နယ် အနောက်ဘက်ခြမ်းတွင် Mobile ဆက်သွယ်ရေး လွှမ်းခြုံနိုင်ရေး စီစဉ်ထားရှိမှု အခြေအနေကို သိရှိလိုခြင်း” မေးခွန်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါ်မမလေး၏ “ရှမ်းပြည်နယ်၊ ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယ မြို့နယ်အတွင်းရှိ သိမ်ကုန်းကျေးရွာတွင် ဓာတ်အားခွဲရုံတစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း” နှင့် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးဝင်းမောင်၏ “မကွေးတိုင်းဒေသကြီး၊ စလင်း၊ ဆင်ဖြူကျွန်းမြို့နယ်ရှိ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ သုံးစွဲနိုင်ရေး အတွက် စလင်းမြို့နှင့် ၂၃ မိုင်အကွာတွင် တည်ရှိသည့် တညောင် ၁၂၃ ကေဗွီ ဓာတ်အားခွဲရုံတွင် ၆၆/၃၃ ကေဗွီ ဓာတ်အားခွဲရုံတစ်ခု တည်ဆောက်လျက် ၃၃ ကေဗွီလိုင်းဖြင့် စလင်းမြို့သို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆက်သွယ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း”တို့ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ရှင်းလင်းဖြေကြား
  • အမျိုးသားလွှတ်တော် ဥပဒေကြမ်း ကော်မတီဝင် ဦးအောင်ကြည်ညွှန့်က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော “ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သုံးသပ်ချက်များပါဝင်သော ကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြား
  • အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ ပြင်ဆင်ချက်ရှိသော အပိုဒ်များကို တစ်ပိုဒ်ချင်းစီ လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ ဥပဒေကြမ်း ကော်မတီ၏ တင်ပြချက်အတိုင်း အတည်ပြု
  • “ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ ဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥပဒေကြမ်းကော်မတီ၏ တင်ပြချက်အတိုင်း ထောက်ခံအဆိုပြုသည့်အတွက် ယင်းဥပဒေကြမ်းအား အတည်ပြုပြဋ္ဌာန်းရန် မသင့်ကြောင်း လွှတ်တော်က ဆုံးဖြတ်
  • ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက “မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” အား အတည်ပြုရန် အဆိုတင်သွင်းရာ ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ် ရယူ၍ အတည်ပြု
  • ဆက်လက်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက “ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးဥပဒေကြမ်း”ကို အတည်ပြုရန် အဆိုတင်သွင်းရာ ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူ၍ အတည်ပြုခဲ့
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s