4th Plenary Session · roundup

လွှတ်တော်သတင်းများ (၉ မတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ၈.၃.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်မင်း၏ “နိုင်ငံတစ်ဝန်းရှိ ယနေ့အထိ စားကျက်မြေအဖြစ် တည်ရှိနေသော စားကျက်မြေများနှင့် စပ်လျဉ်းပြီး ဒေသခံ ပြည်သူလူထု၏ ဆန္ဒသဘောထားများကို ရယူကာ စိုက်ပျိုးမြေအဖြစ်သို့ လည်းကောင်း၊ ရွာမြေအဖြစ်သို့ လည်းကောင်း၊ စားကျက်မြေအဖြစ်သို့လည်းကောင်း သို့မဟုတ် အခြားနည်းအသုံးပြုမှု တစ်ခုခုအတွက်လည်းကောင်း၊ လက်တွေ့ကျကျ အသုံးပြုနိုင်ရေးအတွက် ရှင်းလင်းတိကျသော မူဝါဒဆောလျင်စွာ ချမှတ် အကောင်အထည်ဖော်နိုင်ရေး အတွက် ပြည်ထောင်စုအစိုးရကို အကြံပြု တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးအကြံပြုချက်များ အပေါ် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဆောင်စိုးက ရှင်းလင်းပြောကြား
  • ဆက်လက်၍ ဒုတိယဝန်ကြီးက အဆိုကို မှတ်တမ်းတင်ထားသင့်ပါကြောင်း ဒုတိယဝန်ကြီးက ပြန်လည် ရှင်းလင်းဖြေကြားရာ အဆိုရှင် ဦးကျော်မင်းက လွှတ်တော်မှ မှတ်တမ်းတင် စောင့်ကြည့်ပေးရန် ဆွေးနွေး
  • ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထား ဆန္ဒရယူပြီး အဆိုကို လွှတ်တော်က မှတ်တမ်းတင် စောင့်ကြည့်မည်ဖြစ်ကြောင်း ကြေညာ
  • လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်မင်း၏ အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၈ ဦးက ပါဝင်ဆွေးနွေး
  • အစည်းအဝေးတွင် ညောင်တုန်းမဲဆန္ဒနယ်မှ ဦးအုန်းလွင်၏ “ငွေချေးအဖွဲ့ ဝင်ရောက်ငွေချေးယူပါက အတိုးအရင်းပေါင်း ပြန်ဆပ်ရသောအခါ ပြန်လည်ပေးအပ်ခြင်း မပြုနိုင်တော့ဘဲ ပြဿနာများစွာ ရင်ဆိုင်နေရပါသဖြင့် ကျေးလက်ဒေသအတွင်း ငွေချေးအဖွဲ့အစည်းများအား စီမံဆောင်ရွက် ပေးနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဖြေကြား
  • ဆက်လက်၍ ဒုတိယဝန်ကြီးက ဝက်လက်မဲဆန္ဒနယ်မှ ဦးမြင့်သိန်း၏ “နှစ်စဉ်စိုက်ပျိုးစရိတ် ချေးငွေများကို မဆပ်သူတစ်ဦးတစ်ယောက်ကြောင့် နောင်နှစ်တွင် ချေးငွေထုတ်မပေးပါသဖြင့် ငွေကျေပြီးသော တောင်သူများကို ဆက်လက်ထုတ်ပေးပါရန် တောင်းခံခြင်း မေးခွန်း”၊ မင်းတုန်း မဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနု၏ “မင်းတုန်းမြို့နယ် အမှတ်(၃)ရပ်ကွက်အတွင်းရှိ တံတားများ ပျက်စီးနေမှုအပေါ် အသစ်ပြန်လည် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း”၊ ရွာငံ မဲဆန္ဒနယ်မှ ဦးအောင်စိုးမင်း၏ “ရွာငံ-ပြဒါးလင်းဂူလမ်းအား ရာသီမရွေး သွားလာနို်င်ရန် ကတ္တရာလမ်း သို့မဟုတ် ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း”၊ ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၏ “ကျောက်တန်း၊ ခရမ်းနှင့် သုံးခွမြို့တို့တွင် ပေါ်ထွန်းလာသော သောင်ထွန်းမြေဧကကို ပြန်လည်စိစစ်တိုင်းတာ၍ ပြည်သူများကို ပွင့်လင်းမြင်သာစွာ ကြေညာပေးပါရန်၊ ပုစွန်မွေးမြူရေး လုပ်ငန်းများကဲ့သို့သော လုပ်ငန်းများကို ပြန်လည်စိစစ်၍ စည်းမျဉ်းဥပဒေများနှင့်အညီ စစ်ဆေးကြပ်မတ်ရန်၊ သောာင်ကုန်းမြေများကို စုပေါင်းလယ်ယာများ လုပ်ကိုင်ခွင့်ပြုပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း”၊ ကျောက်ကြီးမဲဆန္ဒနယ်မှ ဦးမြင့်ငွေ၏ “ကျောက်ကြီးမြို့နယ် ငထွေစုတ်ကျေးရွာအုပ်စုအတွင်း ဖြတ်သန်းစီးဆင်းနေသော ငါးဖျင်းသလက်ခေါက် မြောင်းကြီးအားဖြတ်လျက် ကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း” များနှင့် စပ်လျဉ်း၍ ရှင်းလင်းဖြေကြား
  • ထို့နောက် ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီးက “အဂတိလိုက်စားမှု(လာဘ်ပေး လာဘ်ယူမှု) ကျဆင်းရန်အတွက် အစိုးရရုံးများနှင့် ပြည်သူလူထုဆက်ဆံရေး ပြေပြစ်ရန် အစိုးရရုံးများက အကြောင်းပြချက် မခိုင်လုံဘဲ ရုံးချိန်ခဏခဏမပြောင်းရန်အတွက် ထိန်းသိမ်း ကြပ်မတ်ပေးရန် လိုအပ်သော အရေးယူမှု၊ အမိန့်၊ ဥပဒေများ ချမှတ်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆို” တင်သွင်းရာ အင်းတော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံးက ထောက်ခံဆွေးနွေး
  • ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒ ရယူပြီး လွှတ်တော်၌ အဆိုကို လက်ခံဆွေးနွေးမည်ဖြစ်ကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ၈.၃.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးကျင်ခန့်ပေါင်၏ “ချင်းပြည်နယ်ရှိ တီးတိန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့တွင် မဟာဓာတ်အားလိုင်း ရရှိရေးအတွက် ဆောင်ရွက်ထားရှိမှု အခြေအနေကို သိရှိလိုခြင်း” မေးခွန်းနှင့်စပ်လျဉ််း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၏ “မွန်ပြည်နယ် ရေးမြို့အနီးရှိ အဘော်လေယာဉ်ကွင်း အဟောင်းဧရိယာတွင် ဓာတ်အားခွဲရုံဆောက်လုပ်ရန်အတွက် ရော်ဘာခြံရှင်များအား လျော်ကြေးငွေ ကျပ် ရ၈၉ သိန်းကျော် ပေးချေခဲ့သော်လည်း မြေဧရိယာ သတ်မှတ်ချက် ပီပီပြင်ပြင် မရှိသည့်အတွက် နိုင်ငံတော်ဘဏ္ဍ လေလွင့်ပျောက်ဆုံးမှု ဖြစ်ပေါ်နိုင်သဖြင့် ယင်းမြေနေရာကို ဧရိယာတိုင်းတာ သတ်မှတ်ခြင်းနှင့် အဘော်လေယာဉ်ကွင်းဟောင်း ဧရိယာအား မည်ကဲ့သို့ ဆက်လက်စီမံ ဆောင်ရွက် သွားမည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၏ “ချင်းပြည်နယ် ဖလမ်းမြို့မှ ရိခေါဒါရန်မြို့သို့ မဟာဓာတ်အားလိုင်း သွယ်တန်းပြီး လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဖေတင်၏ “မွန်ပြည်နယ် မုဒုံမြို့နယ် ဒိုမားကျေးရွာ ထုံမံကျေးရွာ၊ ဆက်သွယ်ရေးကျေးရွာနှင့် ကွမ်ကဗွီးကျေးရွာများ မီးလင်းနိုင်ရေးအတွက် နိုင်ငံတော်မှ မော်လမြိုင်-မုဒုံ-သံဖြူဇရပ် ၃၃ ကေဗွီဓာတ်အားလိုင်း မှတစ်ဆင့် ၃၃/၁၁ ကေဗွီ ၃ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်ဇော်ဦး၏ “မွန်ပြည်နယ် မော်လမြိုင်မြို့နယ် ညောင်ပင်ဆိပ်ရပ်ကွက် ခြံစုရပ်ရှိ ပြည်သူများအတွက် လျှပ်စစ်မီး သွယ်တန်းပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်၏ “ကျောက်တော်မြို့နယ်မှ အပေါက်ဝကျေးရွာ အထိ ၁၁ ကေဗွီ ဓာတ်အားလိုင်းသွယ်တန်းပြီး အပေါက်ဝကျေးရွာ လျှပ်စစ်မီးရရှိရေး အတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြားခဲ့
  • ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီးပေးပို့လာသော “ရေနံနှင့် ရေနံထွက်ပစ္စည်း ဆိုင်ရာ ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီဝင် ဒေါ်နန်းနီနီအေးက လေ့လာတွေ့ရှိချက်နှင့် သုံးသပ်ချက်များ ပါဝင်သော ကော်မတီ၏ အစီရင်ခံစာကို လည်းကောင်း၊ “တရားခံလွှဲပြောင်းရေး ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီဝင် ဦးလားလ်မင်းထန်က လေ့လာတွေ့ရှိချက်နှင့် သုံးသပ်ချက်များပါဝင်သော ကော်မတီ၏ အစီရင်ခံစာကိုလည်းကောင်း ဖတ်ကြားကြ
  • အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှစ်ရပ်နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s