4th Plenary Session · pyithu hluttaw · roundup

လွှတ်တော်သတင်းများ (၁၀ မတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ၉.၃.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ဘီးလင်းမဲဆန္ဒနယ်မှ ဦးတင်ကိုကိုဦး၏ “ဆောက်လုပ်ရေးတင်ဒါ အောင်မြင်သော လုပ်ငန်းများ ဆောက်လုပ်ရာတွင် စာချုပ်ပါအတိုင်း အရည်အသွေးပြည့်၊ မပြည့်ကို မည်သူက တာဝန်ယူပါမည်နည်း” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရှင်းလင်းဖြေကြား
  • ထို့ပြင် နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး (ကိုယ်စား) လဲချားမဲဆန္ဒနယ်မှ ဦးစိုင်းမွန်းက နမ္မတူ မြို့နယ်ရှိ မုံရင်းရွာနှင့် အီနိုင်းလမ်းခွဲ(၁၈)မိုင်မှ ၄ မိုင် ၆ ဖာလုံ ကတ္တရာလမ်း ဖြစ်ပါ၍ ကျန်ရှိနေသော အမာခံလမ်း ၁၃ မိုင် ၂ ဖာလုံအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဆက်လက်ရှင်းလင်းဖြေကြား
  • ထို့နောက် ရေးမဲဆန္ဒနယ်မှ ဒေါက်တာ ဦးအောင်ထွန်းခိုင်က နှစ်ကရင်ကျေးရွာအုပ်စုအတွက် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံတစ်ရုံနှင့် ပလို်င်ကီး ကျေးရွာအုပ်စုအတွက် ကျေးလက်ကျန်းမာရေး ဋ္ဌာနခွဲ (အသစ်)တို့အား လာမည့်ဘဏ္ဍာရေးနှစ်များအတွင်း တည်ဆောက်ပေးနိုင်ခြင်းရှိ၊ မရှိ မေးခွန်း၊ ဖားဆောင်းမဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူ၏ ဖားဆောင်းမြို့နယ်ရှိ  ၂၅ ခုတင်ဆံ့ ဆောက်လက်စ ဆေးရုံအဆောက်အအုံအား ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဖြည့်စွက်ရန်ပုံငွေဖြင့် ရာနှုန်းပြည့် ပြီးစီးအောင် ဆက်လက် ဆောက်လုပ်နိုင်ရန် အစီအစဉ် ရှိ၊ မရှိ” မေးရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ရှင်းလင်းဖြေကြား
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည် ပေးပို့လာသော ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းကို လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယင်းနောက် ပျဉ်းမနားမဲဆန္ဒနယ်မှ ဦးသန်းစိုးအောင်၏ “ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ ရေးဆွဲ ထုတ်ပြန်ထားသော ကန်ထရိုက်စနစ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်အား ပြည်ထောင်စု ဝန်ကြီးဌာနအားလုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့အားလုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ အားလုံး လိုက်နာကျင့်သုံးကြပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆို” နှင့် စပ်လျဉ်း၍ စဉ့်ကိုင်မဲဆန္ဒနယ်မှ ဒေါက်တာ ဒေါ်ကြည်မို့မို့လွင်၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်စည်သူ၊ ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစော၊ လေးမျက်နှာမဲဆန္ဒနယ်မှ ဦးဇော်မင်းသိန်း၊ စဉ့်ကိုင် မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ကြည်မို့မို့လွင်၊ အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၊ ထန်းတပင်မဲဆန္ဒနယ်မှ ဦးဇော်ဝင်း၊ ယင်းမာပင် မဲဆန္ဒနယ်မှ ဦးအောင်စိုး၊ ပေါက်တောမဲဆန္ဒနယ်မှ ဦးအောင်ကျော်ဇံ၊ မတ္တရာမဲဆန္ဒနယ်မှ ဦးဇော်မင်းလွင်၊ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးနှင်းစိုးနှင့် ဇမ္ဗူသီရိမဲဆန္ဒနယ်မှ ဦးဖြိုးဇေယျာသော်(ခ)ဦးဇေယျာသော် တို့က အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးကြ
  • ယင်းနောက် အဆိုနှင့်စပ်လျဉ်းသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြန်လည်ရှင်းလင်းပြီး အဆိုကို ထောက်ခံကြောင်း ဆွေးနွေးရာ အဆိုရှင် ပျဉ်းမနားမဲဆန္ဒနယ်မှ ဦးသန်းစိုးအောင်က အဆိုကို အတည်ပြုပေးရန် လွှတ်တော်သို့တင်ပြ
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒ ရယူပြီး အဆိုအတည်ဖြစ်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ၉.၃.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါ်သန်းသန်းအေး၏ “မကွေးတိုင်းဒေသကြီး သရက်ခရိုင် ကံမမြို့နယ် ဓမ္မသော်အုပ်စုနှင့် မင်းပြင်အုပ်စုရှိ နံကပ်ကျေးရွာ တာပေါင်အား ပြုပြင်မွမ်းမံရန်နှင့် ရေတံခါး တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်၏ “စလင်းမြို့လယ်ရှိ မြောင်းမတော် မြောင်းမကြီးကို ကမ်းထိန်းနံရံ ပေ ၁၃၅၀ ပြုလုပ်ခြင်းအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ခွဲဝေ ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၏ “မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ နေပြည်တော် ဇမ္ဗူသီရိမြို့နယ်၌ ဓာတုဗေဒစစ်ဆေးရေးဌာန၊ မျိုးရိုးဗီဇ (DNA) ဌာနခွဲကို ဖွင့်လှစ်၍ နိုင်ငံအနှံ့မှ မှုခင်းများအပေါ် DNA နမူနာများ စစ်ဆေးဆောင်ရွက်ပေးလျက်ရှိရာ မျိုးရိုးဗီဇဆိုင်ရာ ပါရဂူ၏ ထင်မြင်ချက်များအပေါ် တရားရုံးအသီးသီးမှ တရားစီရင်ရေး လုပ်ငန်းများတွင် သက်သေခံဥပဒေ အရ လက်ခံကြားနာ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးရာ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမြင့်အောင်က ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမာန်လောမောင်း၏ “ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်ခရိုင် ကုန်းလမ်းသယ်ယူပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် အလုပ်အကိုင်ရှာဖွေရေးနှင့် အလုပ်လက်မဲ့ မှတ်ပုံတင်ဦးစီးဌာနရုံးများ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ “မွန်ပြည်နယ် သထုံမြို့နယ် ဝင်းစိန်အလယ် ကျေးရွာအုပ်စုနှင့် ပေါင်မြို့နယ် ကျောက်ရေတွင်း ကျေးရွာအုပ်စု၊ မြို့နယ်ချင်းဆက် လမ်းအား ရာသီမရွေး သွားလာနိုင်သော ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြားခဲ့
  • ဥပဒေကြမ်း ကော်မတီဝင် ဒေါ်အုန်းကြည်က “စာရင်းအင်းဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်များ ပါဝင်သော ကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြား
  • အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အဆုံးအဖြတ် ရယူလိုသည့် ဥပဒေကြမ်းပါ အပိုဒ်၊ အပိုဒ်ခွဲများကို တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ထောက်ခံ အဆိုပြုသည့်အတွက် ဥပဒေကြမ်းတစ်ရပ်လုံးကို ပြင်ဆင်ထားသည့်အတိုင်း အတည်ပြုခဲ့
  • မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးကျော်သီဟက “၂၀၁၇ ခုနှစ်၊ မြန်မာ့ ကျောက်မျက်ရတာနာ ဥပဒေကြမ်း”ကို လွှတ်တော်က လက်ခံဆွေးနွေးရန် အဆိုတင်သွင်းရာ ဥက္ကဋ္ဌက လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် လက်ခံဆွေးနွေးရန် ဆုံးဖြတ်ကြောင်းနှင့် ဥပဒေကြမ်းကော်မတီသို့ လွှဲအပ်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s