4th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၁ မတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကို ၁၀.၃.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မဦးထင်ကျော် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ကမ္ဘောဒီးယားနိုင်ငံ ဘုရင်မင်းမြတ်၏ ဖိတ်ကြားချက်အရ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၃ ရက်မှ ၆ ရက် အထိ သွားရောက်ခဲ့သည့် ချစ်ကြည်ရေးခရီးစဉ်ကို ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ
  • ထို့နောက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ နောက်ဆက်တွဲ ၂ ပါ စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (ပြင်ဆင်ဖြည့်စွက်ချက်)နှင့် စပ်လျဉ်း၍ ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းက ဆွေးနွေး
  • ထို့ပြင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးခင်ဝင်း၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးလှဆန်း၊ ကချင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ မရမ်းကုန်းမဲဆန္ဒနယ်မှ ဒေါက်တာမေဝင်းမြင့်၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ပွင့်ဖြူမဲဆန္ဒနယ်မှ ဦးထွန်းထွန်း၊ စေတုတ္တရာ မဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်း၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာ အောင်လွင်၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၂)မှ ဒေါ်သီရိရတနာနှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမောင်မောင်အုန်းတို့က ဆက်လက်ဆွေးနွေးကြ
  • ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက လွှတ်တော်ကိုယ်စားလှယ်များ၏ မူနှင့် အခြေခံသဘော ဆွေးနွေးချက်များအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်း ဆွေးနွေးခြင်း အစီအစဉ်ကို ၂၀၁၇ ခုနှစ် မတ်လ ၁၃ ရက်တွင် ဥပဒေကြမ်းတစ်ရပ်လုံးကို အဆုံးအဖြတ်မယူမီ ဦးစွာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါ စီမံကိန်းဥပဒေကြမ်း၏ နောက်ဆက်တွဲ ၂ ပါ စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ သက်ဆိုင်ရာ ဌာနအဖွဲ့အစည်း များ၏ စီမံကိန်းလုပ်ငန်းများနှင့် ဥပဒေဆိုင်ရာ အကြောင်းအရာ တစ်ပိုဒ်ချင်းစီကို ဥပဒေကြမ်း ပူးပေါင်းကော်မတီက အတည်ပြုရန်၊ ငြင်းပယ်ရန်၊ လျှော့၍ ခွင့်ပြုရန် အဆိုတင်သွင်းခြင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုအဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးခြင်း၊ လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းနှင့် ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုခြင်း အစီအစဉ်များကို ဆောင်ရွက်ရန် လျာထားကြောင်း ကြိုတင်အသိပေးကြေညာ
  • ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရှမ်းပြည်နယ် အင်းလေးကန် ရေရှည်တည်တံ့ရေး လုပ်ငန်းများအတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ကျပ်သန်း ၄၀၀ ခွဲဝေသုံးစွဲမည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာ ခင်စည်သူ၊ ညောင်ရွှေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်ဦး(ခ)ဦးနေမျိုး၊ ရွာငံမဲဆန္ဒနယ်မှ ဦးအောင်စိုးမင်း၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်မမလေး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုတို့က ဆွေးနွေးကြ
  • ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော မြန်မာနိုင်ငံနှင့် နိုင်ငံ ခုနှစ်နိုင်ငံ တို့အကြား သံတမန် အဆက်အသွယ် ထူထောင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူ၊ ခေါင်လံဖူးမဲဆန္ဒနယ်မှ ဦးအာမိုးဆီ၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၊ မွန်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်၊ ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီး၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး သန့်ဇင်နှင့် ဝါးခယ်မ မဲဆန္ဒနယ်မှ ဦးဇော်သိန်းတို့က ဆွေးနွေးကြ
  • ထို့နောက် နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်တင်က လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ နိုင်ငံခုနှစ်နိုင်ငံနှင့် သံတမန် ဆက်သွယ်ခြင်းဖြင့် လက်ရှိအစိုးရ လက်ထက်တွင် နိုင်ငံခြားရေးမူဝါဒအရ ကမ္ဘာ့နိုင်ငံများနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ရေးဟူသည့် လုပ်ငန်းဆောင်ရွက်ချက်ကို အကောင်အထည်ဖော်ခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် မြန်မာနိုင်ငံနှင့် နိုင်ငံခုနှစ်နိုင်ငံတို့အကြား သံတမန်ဆက်သွယ်ရေး အဆိုပြုချက်ကို ထောက်ခံပါကြောင်း ပြန်လည်ရှင်းလင်း ဆွေးနွေး
  • ယင်းနောက် ပြည်ထောင်စုလွှတ်တော်နာယက မန်းဝင်းခိုင်သန်းက နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် မြန်မာနိုင်ငံနှင့် နိုင်ငံခုနှစ်နိုင်ငံတို့အကြား သံတမန် ဆက်သွယ်ထူထောင်ရန် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒ ရယူပြီး မြန်မာနိုင်ငံနှင့် ဂီနီသမ္မတနိုင်ငံ၊ မော်လ်တာသမ္မတ နိုင်ငံ၊ ဒီကွေဒေါသမ္မတနိုင်ငံ၊ ဆေးရှဲသမ္မတနိုင်ငံ။ လိုက်ဘေးရီးယားသမ္မတနိုင်ငံ၊မာရှယ်ကျွန်းစု သမ္မတနိုင်ငံနှင့် ဟိုလီဆီး(ဗာတီကန်နန်းတော်)တို့ဖြင့် သံတမန် အဆက်အသွယ် ထူထောင်ရန် လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s