4th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၄ မတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ၁၃.၃.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် “နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ၂၀၁၆ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ခွဲဝေသုံးစွဲမည့် ရန်ကုန်တိုင်းဒေသကြီး အတွင်း နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ငွေကျပ် ၃၀ ဘီလီယံ ခွဲဝေသုံးစွဲမည့်ကိစ္စ”နှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က လွှတ်တော်သို့ ရှင်းလင်းတင်ပြ
  • ယင်းကိစ္စနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဆွေးနွေး
  • “စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဖောင်းပြင်-ပင်လည်ဘူးလမ်း ၂၉ မိုင် (လမ်းသစ်) အထူး ပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ငွေကျပ် ၅၅၇၅ ဒသမ ၀၀ သန်း ခွဲဝေ သုံးစွဲမည့် ကိစ္စ”နှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ရှင်းလင်းဆွေးနွေး
  • ယင်းကိစ္စနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဆွေးနွေး
  • သီးသန့်ရန်ပုံငွေမှ ခွဲဝေသုံးစွဲမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယက က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ပြည်ထောင်စုလွှတ်တော်နာယက က “နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရှမ်းပြည်နယ် အင်းလေးကန် ရေရှည်တည့်တံ့ရေး လုပ်ငန်းများအတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ငွေကျပ်သန်း၄၀၀ ခွဲဝေသုံးစွဲမည့် ကိစ္စရပ်” နှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းဆွေးနွေး
  • ဆက်လက်၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြည့်စွက် ရှင်းလင်းဆွေးနွေး
  • ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယက က စက်ခလုတ် အသုံးပြု၍ လွှတ်တော်၏ အဆုံးအဖြတ်ကို ရယူရာ ထောက်ခံမဲ ၅၃၁ မဲ၊ ကန့်ကွက်မဲ ၁ မဲ၊ ကြားနေမဲ ၁ မဲ ဖြစ်သည့် အတွက် လွှတ်တော်က ခွင့်ပြုကြောင်း ကြေညာ
  • ယင်းနောက် “၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ နောက်ဆက်တွဲ – ၂ ပါ စီမံကိန်း လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (ပြင်ဆင်ဖြည့်စွက်ချက်) အပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ မူနှင့် အခြေခံသဘောဆွေးနွေးချက်များ”နှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းဆွေးနွေး
  • ယင်းကိစ္စနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုတို့က ရှင်းလင်းဆွေးနွေးခဲ့ကြ
  • ပြည်ထောင်စုလွှတ်တော် နာယက က အထက်ပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းခြင်း၊ လွှတ်တော်၏ အဆုံးအဖြတ် ရယူခြင်းနှင့် ဥပဒေကြမ်း တစ်ခုလုံးအား အတည်ပြုခြင်း တို့ကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထ ပုံမှန် အစည်းအဝေး ၁၅ ရက်မြောက်နေ့တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ
  • “၂၀၁၇ ခုနှစ်၊ ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း”၏ မူနှင့် အခြေခံသဘော အပါအဝင် ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စမ်းလှိုင်၊ ဒဂုံမဲဆန္ဒနယ်မှ ဒေါက်တာ သက်သက်ခိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဦးရဲထွဋ်၊ အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုး၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဦးမျိုးဝင်း၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်၊ ကျောင်းကုန်း မဲဆန္ဒနယ်မှ ဦးသိန်းထွန်း၊ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးကျော်နိုင်နှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)မှ ဒေါက်တာပြည့်ဖြိုးတို့က ဆွေးနွေးကြ
  • ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော “လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနနှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနတို့အတွက် ရှမ်းပြည်နယ်(တောင်ပိုင်း) ရှိ ကျေးရွာ ၄၁၆ ရွာသို့ လျှပ်စစ်ဓာတ်အား ပေးနိုင်ရေး ဆောင်ရွက်ရန် ဂျာမနီနိုင်ငံ KfW Development Bank ထံမှ ယူရို ၁၃ ဒသမ ၈၈၃ သန်း ချေးယူရန်ကိစ္စ”နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်းတင်ပြကြ
  • ဆက်လက်၍ “ကမ္ဘာ့ဘဏ်၏ ချေးငွေအစီအစဉ်အောက်မှ Development Policy Operation (DPO) ချေးငွေ အမေရိကန် ဒေါ်လာသန်း ၂၀၀ ချေးယူရန်ကိစ္စ” နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဆွေးနွေး
  • ယင်းကိစ္စရပ်များနှင့် စပ်လျဉ်း၍ နာယကက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s