4th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၅ မတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ၁၄.၃.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် လသာမဲဆန္ဒနယ်မှ ဒေါ်ခင်မို့မို့အောင်၏ “၂၀၁၁ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ရင်းနှီးမြှုပ်နှံကြသူများနှင့် ၄င်းတို့၏ လုပ်ငန်းများအား အများပြည်သူသိရှိနိုင်ရန် ဖော်ပြပေးနိုင်ခြင်း ရှိ မရှိ၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများနှင့် အစိုးရအဆက်ဆက်တို့ကြား ထားရှိရေးထိုးခဲ့သည့် နားလည်မှု စာချွန်လွှာ (MoU) ပါ အချက်အလက်များနှင့် ပြန်လည်သုံးသပ်နေသည့် အခြေအနေ အရပ်ရပ်ကို ပြည်သူများအား အသိပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်း”နှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဖြေကြား
  • ဆက်လက်၍ ဒုတိယဝန်ကြီးက ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၏ “မြို့နယ်စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေး လုပ်ငန်းများ၊ အစည်းအဝေးများတွင် လွှတ်တော်ကိုယ်စားလှယ်များကို ဖိတ်ကြားကာ ပြည်သူများ ကိုယ်စား တောင်းဆိုအကြံပြုချက်များကို အလေးထား အကောင်အထည် ဖော်ရန် မည်သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိလိုကြောင်း မေးခွန်း” နှင့် စပ်လျဉ်း၍ ဆက်လက်ဖြေကြား
  • ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အမျိုးသားလွှတ်တော်တွင် စတင် တင်သွင်းပြီး ပြဋ္ဌာန်းရန် မသင့်ကြောင်း အတည်ပြုပေးပို့လာသော “ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ ဥပဒေကြမ်း” ကို ၂၀၁၇ ခုနှစ် မတ် ရ ရက်တွင် လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးကြေညာ
  • ယင်းနောက် ဥပဒေကြမ်းကော်မတီဝင် ဒေါ်မာမာခိုင်က “ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ လေ့လာတွေ့ရှိချက် အစီရင်ခံစာကို ဖတ်ကြား တင်ပြရာ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဥပဒေကြမ်း ကော်မတီ၏ သဘောထားအတိုင်း ထောက်ခံပါကြောင်း ဆွေးနွေး
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထား ဆန္ဒရယူပြီး ကုန်းလမ်းပို့ဆောင်ရေးအဖွဲ့ ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် ဥပဒေကြမ်း ကော်မတီ၏ တင်ပြချက်ကို လွှတ်တော်က အတည်ပြုကြောင်းနှင့် ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော် ဆိုင်ရာ နည်းဥပဒေ ၁၉၉ အရ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာ
  • ယင်းနောက် ဥပဒေကြမ်း ကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က အမျိုးသားလွှတ်တော်မှ ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော “ဥပဒေဆိုင်ရာ အထောက်အကူပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ လွှတ်တော်က လက်ခံအတည်ပြုပေးနိုင်ရန် ဆွေးနွေး
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒ ရယူပြီး အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များအတိုင်း အတည်ပြုကြောင်းနှင့် လွှတ်တော်နှစ်ရပ်လုံးက သဘောတူခြင်း ဖြစ်၍ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည်ဟု မှတ်ယူပြီး ၂၀၁၃ ခုနှစ် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ-၁၉၄၊ နည်းဥပဒေခွဲ(က)၊ (ဂ) နှင့် (ဃ) တို့အရ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကြေညာ
  • ယင်းနောက် ပေါင်မဲဆန္ဒနယ်မှ ဒေါ်မိကွန်ချမ်း၏ “မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်နှင့် ချောင်းဆုံမြို့နယ် တို့အကြား သံလွင်မြစ်ပေါ်တွင် ထိုးထားသည့် တံတားအမည်အား အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ အမည်နာမဖြင့် ဂုဏ်ပြုသတ်မှတ်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းသည့် အဆို”နှင့် စပ်လျဉ်း၍ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်က ကန့်ကွက်ဆွေးနွေး၊ ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီက အဆိုကို ထောက်ခံဆွေးနွေး
  • ဆက်လက်၍ အဆိုကို စေတုတ္တရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်၊ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ဇော်ဇော်မိုး၊ လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦး၊ မိုးညှင်းမဲဆန္ဒနယ်မှ ဒေါ်စန်းစန်းအိ၊ ဖားဆောင်းမဲဆန္ဒနယ်မှ ဒေါ်နန်းထွေးသူ၊ မြစ်ကြီးနား မဲဆန္ဒနယ်မှ ဦးအင်ထုံးခါးနော်ဆမ်၊ သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦး ဉာဏ်ဟိန်း၊ အင်ဂျန်းယန် မဲဆန္ဒနယ်မှ ဦးလမာနော်အောင်၊ အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာ၊ တောင်ကုတ်မဲဆန္ဒနယ်မှ ဒေါ်နီနီမေမြင့်၊ ရှားတော မဲဆန္ဒနယ်မှ ဒေါ်ဝင့်ဝါထွန်းနှင့် ကလောမဲဆန္ဒနယ်မှ ဒေါ်ပြုံးကေသီနိုင်တို့က ဆွေးနွေးကြ
  • ထို့နောက် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ အဆိုကို ထောက်ခံပါကြောင်း ရှင်းလင်းဆွေးနွေး
  • ထို့နောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ သဘောထား ဆန္ဒကို စက်ခလုပ်နှိပ် အသုံးပြုရယူရာ ထောက်ခံမဲ ၂၁၇ မဲ၊ ကန့်ကွက်မဲ ၄၃ မဲ၊ ကြားနေမဲ ၁၁၆ မဲဖြင့် အဆိုကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၈ ရက်မြောက်နေ့ကို ၁၄.၃.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် တိုင်းရင်းသားရေးရာ ကော်မတီအဖွဲ့ဝင် ဒေါ်သီရိရတနာက “အမျိုးသား လွှတ်တော် တိုင်းရင်းသားရေးရာ ကော်မတီ”၏ လုပ်ငန်းဆောင်ရွက်ချက် အစီရင်ခံစာကို ဖတ်ကြား
  • တောင်သူလယ်သမား ရေးရာကော်မတီအတွင်းရေးမှူး ဦးစိုးဝင်းက “အမျိုးသားလွှတ်တော် တောင်သူ လယ်သမားရေးရာ ကော်မတီ”၏ လုပ်ငန်း ဆောင်ရွက်ချက်အစီရင်ခံစာကို ဖတ်ကြား
  • ထို့အပြင် အမျိုးသားလွှတ်တော် ပြည်သူ့ငွေစာရင်းကော်မတီ ဥက္ကဋ္ဌ ဦးစောသန်းထွဋ်၊ လွှတ်တော် အခွင့်အရေးကော်မတီအတွင်းရေးမှူး ဦးမင်းဦး၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ အဖွဲ့ဝင် ဒေါက်တာမိုးမြင့်အောင်၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်း၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်မအဖွဲ့အစည်းများဆိုင်ရာ ကော်မတီဝင် ဒေါ်မြတ်သီတာထွန်း၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဇော်လင်းထွဋ်၊ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအတွင်းရေးမှူး နော်လှလှစိုး၊ ပညာရေး မြှင့်တင်မှု ကော်မတီအတွင်းရေးမှူး ဦးကျော်တုတ်၊ ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ အဖွဲ့ဝင် ဦးဥက္ကာမင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဌေးကြွယ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဦးကျော်သီဟ၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ အတွင်းရေးမှူး ဦးလှမြင့်နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ အဖွဲ့ဝင် ဒေါ်မမလေးတို့က ကော်မတီအလိုက် တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်ချက်၊ လေ့လာတွေ့ရှိချက်၊ သုံးသပ် အကြံပြုချက်နှင့် ရှေ့လုပ်ငန်းစဉ်များ ပါဝင်သည့်ကော်မတီ၏ အစီရင်ခံစာများကို ဖတ်ကြားကြ
  • အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်ကော်မတီများ၏ အစီရင်ခံစာများနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဥပဒေကြမ်းကော်မတီ၊ ပြည်သူ့ငွေစာရင်း ကော်မတီ၊ လွှတ်တော် အခွင့်အရေးကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၊ အစိုးရမဟုတ်သော ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၊ တိုင်းရင်းသားရေးရာ ကော်မတီ၊ တောင်သူလယ်သမား ရေးရာကော်မတီ၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ၊ ပညာရေးမြှင့်တင်မှု ကော်မတီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၊ ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာကော်မတီ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ များတွင် အဖွဲ့ဝင်နှင့် အတွင်းရေးမှူးနေရာ ပြင်ဆင်ဖွဲ့စည်းခြင်းတို့ကို တင်ပြပြီး လွှတ်တော်၏ အဆုံးအဖြတ်ဖြင့် အတည်ပြုခဲ့
  • ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌက “သတ္တုသယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ” အစား “သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ” ဟု အမည် ပြောင်းလဲခြင်း သုံးစွဲခွင့်ပြုရန် တင်ပြရာ လွှတ်တော်က သဘောတူသဖြင့် အတည်ပြုကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s