4th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၆ မတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ၁၅.၃.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်နာကက မန်းဝင်းခိုင်သန်းက ဥပဒေဆိုင်ရာ အထောက် အကူပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်၌ စတင်ဆွေးနွေးခဲ့ပြီး ပြင်ဆင်အတည်ပြုချက်များဖြင့် အမျိုးသားလွှတ်တော်သို့ ပေးပို့ခဲ့ပါကြောင်း၊ အမျိုးသားလွှတ်တော်က ပြည်သူ့လွှတ်တော်၏ ပြင်ဆင်အတည်ပြုချက်များအတိုင်း သဘောတူပါကြောင်း၊ ပြည်သူ့လွှတ်တော် သို့ ပြန်လည်ပေးပို့ခဲ့ပြီး လွှတ်တော်နှစ်ရပ် သဘောတူညီသည့် ဥပဒေကြမ်းအဖြစ် ၂၀၁၇ ခုနှစ် မတ် ၁၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်သို့ ပေးပို့ထားပါကြောင်း၊ အဆိုပါဥပဒေကြမ်းကို နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး ထုတ်ပြန်နိုင်ရန် ယနေ့ပေးပို့သွားမည်ဖြစ်ကြောင်းနှင့် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၈၁ အရ ပြည်ထောင်စုလွှတ်တော်က အတည်ပြုသည် ဟု မှတ်ယူ၍ မှတ်တမ်းတင်ကြောင်း ကြေညာ
  • ထို့နောက် “၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း၏ မူနှင့်အခြေခံသဘောအပါအဝင် ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ
  • မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံး ဆိုင်ရာ ဥပဒေကြမ်း အပေါ် မူနှင့် အခြေခံ သဘောများနှင့် စပ်လျဉ်း၍ ပြန်လည်ရှင်းလင်း ဖြေကြား
  • ဆက်လက်၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကိုယ်စား ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကိုယ်စား ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းတို့က ပြန်လည်ရှင်းလင်း ဆွေးနွေးကြပြီး ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်များ၊ ပြင်ဆင်အဆိုပြုချက်များကို သဘောတူကြောင်း ပြန်လည်ဆွေးနွေးခဲ့ကြ
  • စက်မှုဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ စက်မှုပူးပေါင်းဆောင်ရွက်ရေး ဦးစီးဌာန၏လုပ်ငန်းများ၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာန၏ လုပ်ငန်းသစ်ရှစ်ခု၊ အမှတ်(၁) အကြီးစား စက်မှုလုပ်ငန်း၏ ဆောင်ရွက်ဆဲ စီမံကိန်းလုပ်ငန်းများမှ ဆောင်ရွက်ဆဲ လုပ်ငန်းစီမံကိန်းများ ဖြစ်သည့် အမှတ်(၁) သံမဏိစက်ရုံ(မြင်းခြံ) လုပ်ငန်း ၂၂ ခု၊ အမှတ်(၂) သံမဏိစက်ရုံ (ပင်းပက်) လုပ်ငန်း ၁၃ ခုနှင့် ဖြည့်စွက်လုပ်ငန်းများ၊ အပါအဝင် ဆောင်ရွက်ဆဲ စီမံကိန်း ၄၄ ခု၊ ဖြည့်စွက်လုပ်ငန်း ၆၂ ခု၊ လုပ်ငန်းသစ် ၁၅ ခု၊ စက်ကိရိယာတန်ဆာပလာ ဝယ်ယူတပ်ဆင်ခြင်း စုစုပေါင်းစီမံကိန်းလုပ်ငန်း ၁၃၀ မှ စီမံကိန်းတန်ဖိုး ၁၁၆၅၂၄ ဒသမ ၅၇ သန်းကို လျှော့၍ ခွင့်ပြုရန် ဒေါက်တာ မြတ်ဉာဏစိုးက အဆိုတင်သွင်း
  • အဆိုနှင့် စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက အဆိုကို ကြိုဆို လက်ခံကြောင်း၊ ထို့ကြောင့် ဖြည့်စွက်ခွင့်ပြုငွေ တင်ပြတောင်းခံခြင်းနှင့် ပြန်လည်ထည့််သွင်း လျာထား တောင်းခံခွင့်ပြုနိုင်ပါရန် တင်ပြဆွေးနွေးရာ ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး က အကြီးစားစက်ရုံ(ကျောက်ဆည်)၊ အိမ်သုံးပစစ္စည်းစက်ရုံ(မင်းစု)နှင့် အမှတ်(၄) အထည်စက်ရုံ(ပွင့်ဖြူ) တို့အတွက် စက်ကိရိယာ တန်ဆာပလာများ ဝယ်ယူတပ်ဆင်ခြင်းလုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ကျပ် ၅၉၀ ဒသမ ၆၉၈ သန်းကို လွှတ်တော်က ပြန်လည်ခွင့်ပြုပေးရန် ထပ်မံအဆိုပြုချက်ကို ဥပဒေကြမ်း ပူးပေါင်းကော်မတီက သဘောတူကြောင်း တင်ပြဆွေးနွေး
  • အဆိုနှင့် စပ်လျဉ်း၍ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့် က ပြန်လည်ရှင်းလင်းဆွေးနွေး
  • ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယကက ဥပဒေကြမ်းပူးပေါင်းကော်မတီမှ အဆိုပြုထားသည့် စီမံကိန်း တန်ဖိုးကိုလျှော့၍ ခွင့်ပြုရန်အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒကို စက်ခလုပ်နှိပ် အသုံးပြုရယူရာ ထောက်ခံမဲ ၃၃၅ မဲ၊ ကန့်ကွက်မဲ ၁၈၂ မဲ၊ ကြားနေမဲ ရှစ်မဲဖြင့် အဆို အတည်ဖြစ်ကြောင်း ကြေညာ
  • အဆိုပါ ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်များ၊ ပြင်ဆင်အဆိုပြုချက်များ၊ ပြန်လည် ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်၏ သဘောထားဆန္ဒရယူ၍ သီးခြားစီ အတည်ပြု
  • ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ ဥပဒေအကြောင်းအရာပါ ခြေဆင်း၊ နိဒါန်း၊ အပိုဒ်၊ အပိုဒ်ခွဲများနှင့် စပ်လျဉ်း၍ လွှတ်တော်၏ သဘောထားဆန္ဒကို သီးခြားစီ ရယူအတည်ပြု\
  • ထို့နောက် ပြည်ထောင်စုလွှတ်တော်နာယက က ဥပဒေကြမ်း၏ အပိုဒ် ၃၊ အပို်ဒ်ခွဲ ခ မှ စ ထိ၊ အခန်း ၂ ခေါင်းစဉ်၊ အခန်း ၃ ခေါင်းစဉ်နှင့် အပိုဒ် ၅ မှ အပိုဒ် ၁၃ ထိတို့သည် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားနှင့် အညီ မူလအဆိုပြုချက်အတိုင်း ဥပဒေကြမ်း၏ အစိတ်အပိုင်း ဖြစ်သင့်ကြောင်း အဆို အတည်ဖြစ်ကြောင်း ကြေညာ
  • ဆက်လက်၍ ပြည်ထောင်စုလွှတ်တော်နာယကက ဥပဒေကြမ်း၏ ခေါင်းစဉ်နှင့် နိဒါန်းသည် မူလ အဆိုပြုချက်အတိုင်း ဥပဒေကြမ်း၏ အစိတ်အပိုင်းဖြစ်ကြောင်း၊ ဥပဒေကြမ်း၏ ပူးတွဲဇယား (၁) မှ (၇) ထိ ပါဝင်သည့် စီမံကိန်း တန်ဖိုးများနှင့် စပ်လျဉ်း၍ နောက်ဆက်တွဲ ၂ ပါ စီမံကိန်းလုပ်ငန်းများအပေါ် လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့် အညီ ရရှိသည့် ကိန်းဂဏန်းတန်ဖိုးများအတိုင်း ပြင်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အတည်ပြုကြေညာ
  • ယင်းနောက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း တစ်ရပ်လုံးကို အတည်ပြုရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဥပဒေမူကြမ်း တစ်ရပ်လုံးကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးရန် အဆိုတင်သွင်းရာ ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်၏ သဘောထားဆန္ဒ ရယူပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း အတည်ပြုကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s