4th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၇ မတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ၁၆.၃.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက နိုင်ငံတော် သမ္မတရုံးမှ ပေးပို့သည့် တိုင်းဒေသကြီး၊ ပြည်နယ်များအတွင်းရှိ မြို့၊ ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် ကျေးရွာများ တိုးချဲ့ပြင်ဆင်ဖွဲ့စည်းခြင်း၊ အမည်ပြောင်းလဲပြင်ဆင် ဖွဲ့စည်းခြင်းနှင့် နယ်နိမိတ်ဧရိယာ တိုးချဲ့ ပြင်ဆင် ဖွဲ့စည်းခြင်းတို့ကို ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၅၈ အရ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ
  • ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသည့် စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဖောင်းပြင်-ပင်လည်ဘူး ကားလမ်း ၂၉ မိုင်(လမ်းသစ်) အထူးပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန် အတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ငွေကျပ်သန်း ၅၅၇၅ ဒသမ ၀၀ ခွဲဝေသုံးစွဲမည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ် များက ဆွေးနွေးကြ
  • အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ငါန်းဇွန်မဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ ပင်လည်ဘူးမဲဆန္ဒနယ်မှ ဦးမင်းနောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၁၁)မှ ဦးညီညီထွေး(ခေါ်)ဦးကိုကိုလေး၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင်၊ ဘုတလင် မဲဆန္ဒနယ်မှ ဦးမြင့်ဟန်ထွန်း၊ တောင်သာ မဲဆန္ဒနယ်မှ ဦးစစ်အေး၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေ၊ ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၊ ဟုမ္မလင်း မဲဆန္ဒနယ်မှ ဦးမျိုးညွန့်၊ ဖာပွန် မဲဆန္ဒနယ်မှ ဦးစောထွန်း မြအောင်၊ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်နှင့် ကနီမဲဆန္ဒနယ်မှ ဦးထွန်းထွန်းနိုင်တို့က ထောက်ခံ ဆွေးနွေးကြ
  • စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးတင်မောင်ဝင်း၊ ဂန့်ဂေါမဲဆန္ဒနယ်မှ ဒေါ်ယဉ်မင်းလှိုင်တို့က အဆိုနှင့် ပတ်သက်၍ ဆွေးနွေးပြောကြား
  • ထို့ပြင် နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသည့် ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ငွေကျပ်ဘီလီယံ ၃၀ ခွဲဝေသုံးစွဲမည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ
  • အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ကျောက်တံတားမဲဆန္ဒနယ်မှ ဦးနေမျိုးထက်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ဘောဂဗေဒ)၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဦးဝင်းအောင်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၊ ပုလော မဲဆန္ဒနယ်မှ ဦးအုန်းခင်၊ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၂)မှ ဦးထွန်းထွန်းဦး၊ ဆိပ်ကြီး/ခနောင်တို မဲဆန္ဒနယ်မှ ဦးတင်ထွန်းနိုင်၊ မြို့သစ် မဲဆန္ဒနယ်မှ ဦးသာအောင်၊ ရှမ်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးကျော်နီနိုင်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၊ စမ်းချောင်းမဲဆန္ဒနယ်မှ ဦးဘိုဘိုဦးနှင့် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးလားလ်မင်းထန်တို့က ထောက်ခံဆွေးနွေးကြ
  • အလားတူ နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသည့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအတွက် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကျေးရွာ ၄၁၆ ရွာသို့ လျှပ်စစ်ဓာတ်အားပေးနိုင်ရေး ဆောင်ရွက်ရန် ဂျာမနီနိုင်ငံ KfW Development Bank ထံမှ ယူရို ၂၃ ဒသမ ၈၈၃ သန်း ချေးယူရန် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ
  • အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ မောက်မယ်မဲဆန္ဒနယ်မှ ဦးစိုင်းငေါင်းဆိုင်ဟိန်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ လွိုင်ကော်မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူ၊ အုတ်တွင်း မဲဆန္ဒနယ်မှ ဒေါ်ချိုချို၊ ပန်းတောင်းမဲဆန္ဒနယ်မှ ဒေါ်ခင်နှင်းသစ်၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ တောင်ကြီး မဲဆန္ဒနယ်မှ ဒေါက်တာသန်းငွေ၊ ရွာငံ မဲဆန္ဒနယ်မှ ဦးအောင်စိုးမင်း၊ ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီနှင့် ရှမ်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါ်မမလေးတို့က ထောက်ခံဆွေးနွေးကြ
  • ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသည့် ကမ္ဘာ့ဘဏ်၏ ချေးငွေအစီအစဉ်အောက်မှ Development Policy Operation (DPO) ချေးငွေ အမေရိကန် ဒေါ်လာသန်း ၂၀၀ ချေးယူရန် ကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ဘောဂဗေဒ)က ဆွေးနွေး ပြောကြား
  • ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့လာသည့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဖောင်းပြင်-ပင်လည်ဘူး ကားလမ်း ၂၉ မိုင်(လမ်းသစ်) အထူး ပြင်ဆင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ငွေကျပ် သန်း ၅၅၇၅ ဒသမ ၀၀ ခွဲဝေသုံးစွဲမည့် ကိစ္စရပ်နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးမှုများအပေါ် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းခိုင်က ပြန်လည်ရှင်းလင်းဆွေးနွေး
  • ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက ယနေ့အစည်းအဝေး၌ လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိသူများက ပြန်လည် ရှင်းလင်းဆွေးနွေးခြင်းနှင့် အတည်ပြုချင်းများကို ၂၀၁၇ ခုနှစ် မတ် ၁၇ ရက်တွင် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s