4th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၈ မတ် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ၁၇.၃.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေး အတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ငွေကျပ် ၃၀ ဘီလီယံ ခွဲဝေသုံးစွဲရန် လွှတ်တော်က သဘောတူ အတည်ပြုလိုက်
  • “နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ရန်ကုန်တိုင်းဒေသကြီးအတွင်း နွေရာသီ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ငွေကျပ် ၃၀ ဘီလီယံ ခွဲဝေသုံးစွဲမည့် ကိစ္စရပ်”နှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းပြောကြား
  • ဆက်လက်၍ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြား
  • ယင်းကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယကက စက်ခလုတ်အသုံးပြု၍ အဆုံးအဖြတ် ရယူရာ ထောက်ခံဆန္ဒမဲများသဖြင့် လွှတ်တော်က သဘောတူအတည်ပြု
  • “နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ ဖောင်းပြင်-ပင်လည်ဘူး ကားလမ်း ၂၉ မိုင်(လမ်းသစ်) အထူးပြင်ဆင် ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ငွေကျပ် ၅၅၇၅ သန်းခွဲဝေသုံးစွဲမည့်ကိစ္စရပ်” နှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းပြောကြား
  • ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယကက စက်ခလုတ်အသုံးပြု၍ အဆုံးအဖြတ် ရယူရာ ထောက်ခံဆန္ဒမဲများသဖြင့် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာ
  • “နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအတွက် ရှမ်းပြည်နယ် တောင်ပိုင်းရှိ ကျေးရွာ ၄၁၆ ရွာသို့ လျှပ်စစ်ဓာတ်အားပေးနိုင်ရေးဆောင်ရွက်ရန် ဂျာမနီနိုင်ငံ KfW Development Bank ထံမှ ယူရို ၂၃ ဒသမ ၈၈၃ သန်း ချေးယူရန်ကိစ္စ” နှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က ရှင်းလင်းပြောကြားကြ
  • ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယကက စက်ခလုတ်အသုံးပြု၍ အဆုံးအဖြတ် ရယူရာ ထောက်ခံဆန္ဒမဲများသဖြင့် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာ
  • “နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော ကမ္ဘာ့ဘဏ်၏ ချေးငွေ အစီအစဉ်အောက်မှ Development Policy Operation (DPO) ချေးငွေ အမေရိကန်ဒေါ်လာသန်း ၂၀၀ ချေးယူရန် ကိစ္စ”နှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းဆွေးနွေး
  • ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော်နာယကက စက်ခလုတ်အသုံးပြု၍ အဆုံးအဖြတ် ရယူရာ ထောက်ခံဆန္ဒမဲများသဖြင့် လွှတ်တော်က သဘောတူအတည်ပြုကြောင်း ကြေညာ
  • ၂၀၁၇ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း၏ ဥပဒေအကြောင်းအရာများ၊ ရငွေသုံးငွေများနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီနှင့် ဥပဒေကြမ်းပူးပေါင်းကော်မတီ တို့က တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရန် အဆိုတင်သွင်းရာ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြင်ဆင်အဆိုပြုချက်များ အတိုင်း သဘောတူသဖြင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူ၍ အတည်ပြု
  • ယင်းဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုပေးရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက အဆိုတင်သွင်းရာ ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်၏ အဆုံးအဖြတ် ရယူ၍ ဥပဒေကြမ်း တစ်ရပ်လုံးအား လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း အတည်ပြုကြောင်း ကြေညာ
  • ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေး ဆောင်ရွက်ချက်များ အပါအဝင် လွှတ်တော်လုပ်ငန်းဆိုင်ရာများနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာ
  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ၁၇.၃.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး ကာလအတွင်း ကြယ်ပွင့်ပြ မေးခွန်း ၉၂ ခု မေးမြန်းဖြေကြားခြင်း၊ ကြယ်ပွင့်မပြ မေးခွန်း ၃၄၉ ခု ဖြေကြားခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောကြား
  • ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက အဆို ၁၄ ခု တင်သွင်းနိုင်ခဲ့ပြီး အတည်ပြု အဆို ၆ ခု၊ မှတ်တမ်းတင် အဆို ငါးခုနှင့် ဆက်လက်ဆွေးနွေးရန် အဆို သုံးခုကျန်ရှိပါကြောင်း၊ ဥပဒေကြမ်းများ အနေဖြင့် ဆွေးနွေးဆောင်ရွက်ခဲ့သည့် ဥပဒေကြမ်း ၁၉ ခု ရှိပြီး ဥပဒေကြမ်း ၉ ခုကို အတည်ပြုနိုင်ခဲ့ ပါကြောင်း၊ ဥပဒေကြမ်း ၁၀ ခု ဆောင်ရွက်ရန် ကျန်ရှိပါကြောင်း၊ အစည်းအဝေး ကာလအတွင်း ပြည်သူ့လွှတ်တော် ကော်မတီ ၁၄ ခု သက်တမ်းတိုးမြှင့်ခြင်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၃၄ ဦးကို ကော်မတီအဖွဲ့ဝင်များအဖြစ် ထပ်မံထည့်သွင်းဖွဲ့စည်းခြင်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ရှစ်ဦးကို ကော်မတီအဖွဲ့ဝင်များအဖြစ် အစားထိုး လဲလှယ်ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကို ကော်မတီ ပြောင်းရွှေ့ တာဝန်ပေးအပ်ခြင်းနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ၃၈ ဦးကို ကော်မတီ အသီးသီးနှင့် လေ့လာသူများ အဖြစ် တာဝန်ပေးအပ်ခြင်းကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါကြောင်း ပြောကြား
  • ထို့ပြင် ဒီမိုကရေစီ၏ အခြေခံအုပ်မြစ်ဖြစ်သည့် လွှတ်တော်၏ အဓိကလုပ်ငန်းတာဝန်များကို ပီပြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ကိုယ်စားလှယ်များတွင် အဓိက တာဝန်ရှိပါကြောင်း၊ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေနှင့် လွှတ်တော်၏ စည်းမျဉ်းစည်းကမ်းများကို ထိန်းသိမ်းလိုက်နာပြီး မဲဆန္ဒရှင် ပြည်သူများ၏ မျှော်လင့်ချက်များနှင့် ဆန္ဒများကို တာဝန်ကျေပွန်စွာ ဆက်လက်ထမ်းဆောင်ပေးကြရန် တိုက်တွန်းလိုပါကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် စေတနာကောင်းတစ်ခုတည်းဖြင့် မအောင်မြင်နိုင်သည်ကို အမြဲသတိပြုကြရမည် ဖြစ်ကြောင်း၊ မိမိတို့၏ ပညာ၊ ဗဟုသုတ၊ အတွေ့အကြုံ၊ ဆင်ခြင်တုံတရားတို့ဖြင့် ကောင်းမွန်သည့် လုပ်ဆောင်မှုများနှင့် မှန်ကန်သည့် လုပ်နည်းလုပ်ဟန်များကို ပေါင်းစပ် အသုံးချနိုင်မှသာ နိုင်ငံတော်နှင့် နိုင်ငံသူ၊ နိုင်ငံသားတို့အတွက် အကျိုးရှိသည့် ရလဒ်ကောင်းများ ထွက်ပေါ်လာမည်ဖြစ်ကြောင်း၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရန် စစ်မှန်သည့် ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူကြရမည်ဖြစ်ကြောင်း၊ ပြည်သူလူထု၏ စည်းလုံးညီညွတ်မှု အင်အားဖြင့် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည့် အထူးကိစ္စမှာ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်ဖြစ်ကြောင်း၊ ထာဝရငြိမ်းချမ်းရေး ရရှိရန် အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ အကြား တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် နားလည်မှု၊ အပြန်အလှန်လေးစားမှု၊ သဘောထားကြီးမှု၊ စိတ်ရှည်သည်းခံမှုများဖြင့် ပြည်ထောင်စုအကျိုးကို မျှော်ကိုး၍ ညှိနှိုင်းဆွေးနွေး အဖြေရှာကြမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပြောကြား
  • ဆက်လက်၍ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ဒေသအသီးသီးသို့ ပြန်လည်ရောက်ရှိသည့် ကာလအတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် တိုက်တွန်းလိုပါကြောင်း၊ ဒေသနယ်ပယ်အလိုက် အုပ်ချုပ်ရေးနှင့်တရားစီရင်ရေး ကဏ္ဍများ တည့်မတ်မှန်ကန်ရေးအတွက် (Parliamentary Oversight) အဖြစ်လွှတ်တော်က စောင့်ကြည့် ထိန်းညှိပေးကြရန် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၁(က) ပါ ပြဋ္ဌာန်းချက်နှင့်အညီ တတ်နိုုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်း ပြုလုပ်ပေးကြရန် (Check & Balance) အပြန်အလှန် ထိန်းကျောင်းခြင်း ပြုသောနေရာတွင် လုပ်ပိုင်ခွင့် ဘောင်ကိုကျော်လွန်၍ ဝင်ရောက်စွက်ဖက်သည့် ပုံစံမျိုး မဖြစ်စေရေး သတိပြု ဆောင်ရွက်ကြရန်နှင့် ပြည်သူက ယုံကြည်အားကိုး တန်ဖိုးထား လေးစားသည့် လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်အောင် အစဉ် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းလိုကြောင်း ပြောကြား
  • အစည်းအဝေးတွင် ခေါင်လန်ဖူး မဲဆန္ဒနယ်မှ ဦးအာမိုးစီ၏ “ခေါင်လန်ဖူး မြို့နယ်တွင် အရည်အချင်းရှိသည့် ပညာရေးဝန်ထမ်းများ၊ တိုးမြှင့်ချထားပေးရန် အစီအစဉ်ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမောင်ထွန်းက ရှင်းလင်းဖြေကြား
  • ဆက်လက်၍ ဒုတိယဝန်ကြီးက ရမည်းသင်းမဲဆန္ဒနယ်မှ ဦးထွန်းထွန်းဝင်း၏ “ရမည်းသင်းမြို့ နည်းပညာတက္ကသိုလ် သံကူကွန်ကရစ် ပင်မ (၃) ထပ်ဆောင်အား (၂၀၁၇-၂၀၁၈) ဘဏ္ဍာရေးနှစ်တွင် အပြီးသတ်ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဖြေကြား
  • ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဝင်းမောင်ထွန်းက စမ်းချောင်းမဲဆန္ဒနယ်မှ ဦးဘိုဘိုဦး၏ “ဆစ်(ခ်) လူမျိုးများအတွက် စာမေးပွဲဖြေဆိုခွင့် လျှောက်လွှာနှင့် အောင်လက်မှတ်များတွင် ခေါင်းပေါင်းပါသည့် ဓာတ်ပုံများ ဆက်လက်ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဖြေကြား
  • ယင်းနောက် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရပ်စောက် မဲဆန္ဒနယ်မှ ဦးခင်မောင်မြင့်၏ “အင်တောမြို့နယ်ခွဲ ကျောက်ဂူကျေးရွာတွင် ကျေးရွာမီးလင်းရေး အတွက် ဆောင်ရွက်ပေးနိုင်မည် အစီအစဉ် ရှိ၊ မရှိ” မေးခွန်း၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း ၏ “ဒက္ခိဏသီရိမြို့နယ်ရှိ မန်ကျီးကုန်း၊ ပိတောက်ကုန်း၊ ဂွေးတောက်ရိုး၊ ဆည်စု၊ သာယာစု၊ ရွှေခဲအင်း၊ ကျွဲတဲနှင့် ကျောက်ခဲအင်းကျေးရွာများ လျှပ်စစ်မီးလင်းရေး မည်ကဲ့သို့ ဆောင်ရွက်ထားသည်ကို သိရှိလိုခြင်း” မေးခွန်း၊ ရွာငံမဲဆန္ဒနယ်မှ ဦးအောင်စိုးမင်း၏ “ဓနုကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသရှိ ဝါးပိုးရေ၊ ညောင်ခြေထောက်၊သက်ကယ်လွင်၊ ယစကျီး၊ ဂနိုင်ယား၊ လင်းလေအင်း၊ မဲနယ်တောင် ကျေးရွာများအား လျှပ်စစ်မီးရရှိရေး အတွက် ကူညီဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် မောက်မယ်မဲဆန္ဒနယ်မှ ဦးဆိုင်းငေါင်းဆိုင်ဟိန်း၏ “မိုးနဲမြို့ ဓာတ်အားခွဲရုံမှ သွယ်တန်း ရယူထားသော (၁၁ ကေဗွီအေ) ဓာတ်အားလိုင်း နေ့စဉ်ရက်ဆက် ဓာတ်အားပြတ်တောက်မှုကို မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည်နည်နှင့် လင်းခေးမြို့နယ် နန့်တွန်းဓာတ်အားခွဲစက်ရုံမှ သွယ်တန်းရယူမည့် (၃၃ ကေဗွီအေ) ဓာတ်အားလိုင်းအား ဆောင်ရွက်ပြီးစီးမှုကို သိလိုခြင်း” မေးခွန်းတို့ကို ပြန်လည်ရှင်းလင်း ဖြေကြား
  • ယင်းနောက် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန်အစည်းအဝေး ၁၉ ရက်မြောက်နေ့ကို ၁၇.၃.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပြည်သူ့ ငွေစာရင်းကော်မတီ၊ နိုင်ငံတကာဆက်ဆံရေး၊ လွှတ်တော်ချင်း ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ၊ ကျန်းမာရေး၊ အားကစားနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၊ တိုင်းရင်းသားရေးရာကော်မတီ၊ တောင်သူလယ်သမားရေးရာကော်မတီ၊ အမျိုးသမီးနှင့် ကလေးသူငယ် အခွင့်အရေးဆိုင်ရာကော်မတီ၊ ပညာရေးမြှင့်တင်မှုကော်မတီ၊ ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာ ကော်မတီ၊ နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကော်မတီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကော်မတီ၊ ပြည်သူတို့၏ တိုင်ကြားစာ ဆိုင်ရာ ကော်မတီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများကို လွှတ်တော်က အတည်ပြုရန် သက်ဆိုင်ရာကော်မတီ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များက တင်သွင်းကြ
  • လွှတ်တော် ကော်မတီများ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက လွှတ်တော် ကိုယ်စားလှယ်များ၏ ဆန္ဒကို ရယူပြီး လွှတ်တော်က သဘောတူကြောင်း ကြေညာ
  • ယင်းနောက် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမြင့်နိုင်က အပြုသဘောဖြင့် အကြံပြု ဆွေးနွေး
  • ဆက်လက်၍ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာကို လွှတ်တော်က သဘောတူလက်ခံရန် ကော်မတီဥက္ကဋ္ဌ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိမ်းဆွေက တင်သွင်းရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
  • ထို့နောက် လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ၂၀၁၂ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေ ပုဒ်မ ၂၇ နှင့် ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ တို့ အရ အမျိုးသားလွှတ်တော်၌ ဖွဲ့စည်းထားသည့် အခြားသော ကော်မတီ ၁၃ ခု၏ သက်တမ်းမှာ တစ်နှစ်ပြည်မြောက်ပြီ ဖြစ်၍ ၂၀၁၅ ခုနှစ် အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၇ အရ နောက်ထပ် သက်တမ်းတစ်နှစ် တိုးမြှင့်သတ်မှတ်ကြောင်း လွှတ်တော်သို့ အသိပေးကြေညာ
  • ယင်းနောက် လွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက လွှတ်တော်သို့ နှုတ်ခွန်းဆက်စကား ပြောကြားပြီး ဒုတိယအကြိမ် အမျိုးသားလွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပ ပြီးစီးကြောင်း ကြေညာ
  • အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်သို့ နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် စတုတ္ထပုံမှန် အစည်းအဝေးကာလအတွင်း မေးခွန်းများ မေးမြန်းခြင်း၊ အဆိုများတင်သွင်းဆွေးနွေးခြင်း၊ ဥပဒေကြမ်းများ အသစ်ရေးဆွဲခြင်း၊ ပြင်ဆင်ခြင်း၊ ရုပ်သိမ်းခြင်းတို့အပြင် နိုင်ငံတော်၏ အမျိုးသားစီမံကိန်း၊ ဘတ်ဂျက်နှင့် အခွန်အကောက်ဆိုင်ရာ များအား ဆွေးနွေးစိစစ်ခြင်း ကိစ္စရပ်များကိုလည်း ကြိုးပမ်းဆောင်ရွက်ခဲ့ကြပါကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ အနေဖြင့် အစည်းအဝေးပြီးဆုံး၍ မိမိတို့၏ မဲဆန္ဒနယ်မြေ အသီးသီးသို့ ပြန်လည် ရောက်ရှိသည့်အခါတွင် နယ်မြေဒေသ ဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ပြည်သူလူထု၏ မျှော်လင့်ချက်များ၊ ဆန္ဒများကို အကောင်အထည်ဖော်နိုင်ရန်အတွက် မဲဆန္ဒရှင် ပြည်သူများနှင့်တွေ့ဆုံပြီး ဆက်လက် ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s