5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၉ မေ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ပထမနေ့ကို ၁၈.၅.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသည့် လွှတ်တော်ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်း၊ လွှတ်တော်ကိုယ်စားလှယ်များ၏ ပြည်ပခရီးစဉ်များနှင့် စပ်လျဉ်း၍ ဆောင်ရွက်ချက်များအား မှတ်တမ်းတင်ခြင်း၊ မေးခွန်းငါးခု မေးမြန်းဖြေကြားခြင်းနှင့် ဥပဒေကြမ်းတစ်ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြ
  • အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြား
  • ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးနှင့် ပဥ္စမပုံမှန် အစည်းအဝေး ကြားကာလအတွင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၏ ပြည်ပခရီးစဉ် ၁၀ခုနှင့် စပ်လျဉ်း၍ ဆောင်ရွက်ချက်များကို လွှတ်တော်သို့ အသိပေးတင်ပြပြီး မှတ်တမ်းတင်
  • ယနေ့အစည်းအဝေး၌ လှို်င်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို မေးမြန်းသည့် “သဘာဝ ရေချိုငါးပုစွန်များ၊ ရေငန်ငါးပုစွန်များ လျော့နည်းကျဆင်းလာမှု အခြေအနေ၊ ဖမ်းဆီးထုတ်လုပ်နိုင်မှု အခြေအနေ၊ ပြောင်းလဲလာမှု အနေအထားနှင့် ရေရှည်တိုးပွားပေါက်ပွား ရှင်သန်နိုင်ရေးတို့ကို သုတေသနပြု လေ့လာဆန်းစစ်ချက်များ ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်မှ ဦးခင်မောင်သိန်း၏ “သမဝါယမ တက္ကသိုလ် ဆရာ၊ ဆရာမများအား အခြားတက္ကသိုလ် ဆရာ၊ ဆရာမများနည်းတူ ဥပဒေနှင့် အညီ ရာထူးတိုး စာမေးပွဲများ ဖြေဆိုခွင့်ပြုခြင်း၊ ရာထူးတိုးပေးခြင်းများ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • လက်ပံတန်းမဲဆန္ဒနယ်မှ ဦးကျော်မင်း မေးမြန်းသည့် “လက်ပံတန်းမြို့နယ်အတွင်း ဖြတ်သန်း စီးဆင်းနေသော ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်း ရေကာတာ ၂၃ မိုင်နှင့် မြစ်မခ အရှေ့ဘက်ကမ်း ရေကာတာများကို တာပုံစံကျ ဆက်သွယ်ရေးလမ်းလည်းဖြစ်၊ ရေကာတာလည်းဖြစ်စေမည့် အကြီးစား တည်ဆောက်မှုမျိုး ဆောင်ရွက်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၏ “သရက်မြို့နယ် ပုဏ္ဏားကျေးရွာနှင့် တွင်းလည်ကျေးရွာသို့ သွားသော ခုနှစ်မိုင်ခန့်ရှိသည့် လမ်းအား ကျောက်ချောလမ်းအဖြစ် ခင်းပေးရန်” မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ဆားလင်းကြီးမဲဆန္ဒနယ်မှ ဦးဝင်းသိန်းဇော်၏ “ဆားလင်းကြီးမြို့နယ်အတွင်း ကျောက်မျက်ကျေးရွာရှိ ရပ်နားထားသော ချင်းတွင်း လျှပ်စစ်မြစ်ရေတင်စီမံကိန်းကို ရုပ်သိမ်း၍ မူလအတိုင်း စိုက်ပျိုးမြေများ အဖြစ် ပြန်လည်ပြုပြင် ဆောင်ရွက်ပေးပြီး သက်ဆိုင်ရာ တောင်သူများသို့ ပြန်လည်ပေးအပ်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က တာတမံ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းပြီး ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် စိစစ်တွေ့ရှိချက် အစီရင်ခံစာကို ဖတ်ကြားရှင်းလင်း
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ပထမနေ့ကို ၁၈.၅.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ကတိသစ္စာမပြုရသေးသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ ကတိသစ္စာပြုခြင်း၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက နှုတ်ခွန်းဆက်စကား ပြောကြားခြင်း၊ ကြယ်ပွင့်ပြ မေးခွန်း ငါးခု မေးမြန်းခြင်းနှင့် ဖြေကြားခြင်း၊ အဆိုတစ်ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြ
  • အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက နှုတ်ခွန်းဆက်စကား ပြောကြား
  • ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ၏ “ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ စကု-မကျည်းတိုက်နယ်၊ စကုကျွန်း၊ မြို့နယ်ကုသရေး ဦးစီးဌာန လက်အောက်ရှိ စကုတိုက်နယ် ဆေးရုံတွင် လစ်လပ်လျက်ရှိသော ဆရာဝန်နေရာ၌ အမြဲတမ်း တာဝန်ထမ်းဆောင်ရန် ဆရာဝန်တစ်ဦး အမြန်ဆုံး ခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ယင်းနောက် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးယောနာ၏ “ချီဖွေမြို့နယ် ဆာဒူလောအုပ်စု ဘဝူခူးကျေးရွာ၊ ငွါးဖခါးအုပ်စု ငွါးဖခါးကျေးရွာ၊ ထန်းဒုန်အုပ်စု ထန်းဒုန်ကျေးရွာ၊ ကူလာအုပ်စု ကူလာကျေးရွာများတွင် ကျေးလက် ကျန်းမာရေး ဆေးပေးခန်းများ ဖွင့်လှစ်ပေးရန်နှင့် ကန်းဖန့်ကျေးရွာအုပ်စု ကန်းဖန့်ကျေးရွာရှိ ကျေးလက်ကျန်းမာရေး ဆေးပေးခန်းကို ကျေးလက်ကျန်းမာရေး ဌာနခွဲအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာ၏ “မွန်ပြည်နယ် သထုံခရိုင် ဘီးလင်းမြို့နယ် အပါအဝင် နိုင်ငံတစ်ဝန်း ပြည်သူ့ဆေးရုံများရှိ သွားဘက်ဆိုင်ရာ ဌာနများတွင် လိုအပ်လျက်ရှိသော Dental Nurse ထပ်မံခေါ်ယူခန့်ထားပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်၏ “ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်းရှိ သရက်တပင်ကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာန စံကိုက်အဆောက်အအုံနှင့် ဒုက္ကံချောင်းကျေးရွာ၊ ရွှေပြည်ကျေးရွာ၊ နာဂရာကျေးရွာ၊ စပါးဆိပ်(သရ)၊ စဖိုသားကျေးရွာ၊ ကျောက်တန်းကျေးရွာတို့တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ စံကိုက်အဆောက်အအုံများကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည်ဖြေကြား
  • ဆက်လက်၍ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင်၏ “မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် အိုးသည်ကျေးရွာအုပ်စု အိုးသည်အရှေ့ကုန်းရွာ၌ ကျေးလက်ကျန်းမာရေး ဆေးခန်းအဆောက်အအုံသစ်နှင့် ပျိုးခင်းကုန်းကျေးရွာအုပ်စု၊ စဉ့်တူကန်ကျေးရွာတွင် ကျေးလက်ကျန်းမာရေးဋ္ဌာနခွဲ(အသစ်) တို့ကို နိုင်ငံတော်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ချထားပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြန်လည် ရှင်းလင်းဖြေကြား
  • ဆက်လက်၍ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ တင်တင်ဝင်း၏ “ထောင်စုနှစ်ရည်မှန်းချက် (၁၇)ချက်မှ စတုတ္ထအချက်ဖြစ်သော Quality Education အတွက် မြန်မာနိုင်ငံရှိ  ပညာရေးကောလိပ်၊ အထက်တန်းနှင့် အလယ်တန်းကျောင်းများ၏ သင်ရိုးညွှန်းတမ်းတွင် အထွေထွေဘာသာရပ်အခန်း၌ “မျိုးဆက်ပွားကျန်းမာရေး” “ပြည်သူ့နီတိ” “ဒီမိုကရေစီ” တို့ကို ဘာသာရပ်များအဖြစ် မိတ်ဆက်သင်ပေးရုံမျှမက လက်ခံကျင့်သုံးရန် စီမံဆောင်ရွက်ပေးစေလိုကြောင်း”နှင့် စပ်လျဉ်း၍ အဆို တင်သွင်း
  • အဆိုနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီး အမှတ်(၇) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြသောင်းက ထောက်ခံဆွေးနွေး
  • ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ဒေါက်တာတင်တင်ဝင်း တင်သွင်းသည့်အဆိုကို လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ ဆန္ဒရယူရာ အဆိုကို လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူကြောင်းနှင့် ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ပထမနေ့ကို ၁၈.၅.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက နှုတ်ခွန်းဆက်စကား ပြောကြား
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် “ကြိုတင်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်များအတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါ သီးသန့်ရန်ပုံငွေမှ ငွေကျပ် ၁၁၃၃၃ ဒသမ ၁၂၂ သန်း ခွဲဝေသုံးစွဲခဲ့သည့် ကိစ္စရပ်”နှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းတင်ပြ
  • အဆိုပါ ကိစ္စရပ်နှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းကလည်း ရှင်းလင်းတင်ပြ
  • ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် “ကြိုတင် မမျှော်မှန်းနိုင်သော သဘာဝဘေး အန္တရာယ်များအတွက် ၂၀၁၆ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေပါသီးသန့် ရန်ပုံငွေမှ ငွေကျပ် ၁၁၃၃၃ ဒသမ ၁၂၂ သန်း ခွဲဝေ သုံးစွဲခဲ့သည့် ကိစ္စရပ်” နှင့် စပ်လျဉ်း၍ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ
  • နိုင်ငံတော်သမ္မထထံမှ ပေးပို့သော “အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ စီမံကိန်းကို အကောင်အထည်ဖော်ရေးအတွက် ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန် ဒေါ်လာ ၁၂၅ သန်း ချေးယူရန်ကိစ္စ” နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြ
  • ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတထံမှပေးပို့သော “အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ စီမံကိန်းကို အကောင်အထည် ဖော်ရေးအတွက် ကမ္ဘာ့ဘဏ်မှချေးငွေ အမေရိကန်ဒေါ်လာ ၁၂၅ သန်း ချေးယူရန်ကိစ္စ” နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် “အာရှဒေသ သစ်တောပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း တည်ထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်သို့ မြန်မာနိုင်ငံမှ ပါဝင်လက်မှတ် ရေးထိုးနိုင်ရေး ကိစ္စ” နှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရှင်းလင်းတင်ပြ
  • ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် “အိန္ဒိယသမုဒ္ဒရာ ဒေသတွင်းဆိပ်ကမ်းနိုင်ငံများ၏ စစ်ဆေးပိုင်ခွင့်ဆိုင်ရာ နားလည်မှု စာချွန်လွှာတွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်ရန် ကိစ္စ”နှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှင်းလင်းတင်ပြ
  • ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယက က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s