5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၀ မေ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၁၉.၅.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ သက်တမ်းတိုးမြှင်ခြင်းအား လွှတ်တော်သို့ အသိပေးတင်ပြခြင်း၊ ဥပဒေကြမ်းကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာ ဖတ်ကြားခြင်း၊ မေးခွန်းခြောက်ခု မေးမြန်းဖြေကြားခြင်းနှင့် အဆိုတစ်ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြ
  • အစည်းအဝေးတွင် သင်္ဃန်းကျွန်းမဲဆန္ဒနယ်မှ ဦးရွှေလှ(ခ)ဦးရွှေလှဝင်း၏ “အခြေခံ ပညာအထက်တန်းတွင် ဝိဇ္ဇာ (သမိုင်း၊ ပထဝီဝင်) ဘာသာရပ်သင်ယူသူ ကျောင်းသား၊ ကျောင်းသူ နည်းပါးလာခြင်းကြောင့် ပညာရေးဟန်ချက်မညီ ဖြစ်နေခြင်းအပေါ် မည်သို့ဆောင်ရွက်မည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • အင်းတော်မဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ပြုံး၏ “အင်းတော်မြို့နယ် မော်တိတ်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် လိုအပ်လျက်ရှိသော ကျောင်းဆောင်များ ပြန်လည်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • ဖောင်းပြင်မဲဆန္ဒနယ်မှ ဦးထွန်းဝေ၏ “ဖောင်းပြင်မြို့နယ်ရှိ ရောင်ဟီးအခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အလယ်တန်းကျောင်း အဖြစ်လည်းကောင်း၊ မိုင်းချောင်း အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် ဟဲလှော်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှစ်ခုအား အခြေခံပညာ အထက်တန်းကျောင်းအဖြစ် လည်းကောင်း၊ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးနိုင်ခြင်း ရှိ၊ မရှိ” မေးရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • အစည်းအဝေးတွင် ကျောက်ကြီးမဲဆန္ဒနယ်မှ ဦးမြင့်ငွေ၏ “ကျောက်ကြီးမြို့ ပဲခူးရပ်အခြေခံပညာ အထက်တန်းကျောင်း(ခွဲ) ဘုရင့်နောင်တစ်ထပ်ကျောင်းဆောင်အား ဖျက်သိမ်းခွင့်ပြုပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပေ(၃၀x၉၀) နှစ်ထပ်ကျောင်းဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ မေးခွန်း”နှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်း၏ “၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ မူလွန်ကျောင်းများ၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)များ၊ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)များ၌ ကျောင်းဆရာ၊ ဆရာမဝန်ထမ်းများအား အလုံအလောက် ခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • ယင်းမာပင်မဲဆန္ဒနယ်မှ ဦးအောင်စိုး၏ “ယင်းမာပင်မြို့နယ် ညောင်တန်းကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် (ပေ ၁၂၀ x ပေ ၃၀ x ၁၅ ပေ) တစ်ထပ်အုတ်ညှပ်ကျောင်းဆောင် ဆောက်လုပ်ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • ယနေ့ အစည်းအဝေးတွင် ပြင်ဦးလွင် မဲဆန္ဒနယ်မှ ဒေါက်တာဦးအောင်ခင်က “တောတောင်ထူထပ်သော ဒေသများ၌ သစ်တော ပြုန်းတီးမှုများခြင်းကြောင့် ၂၀၁၅၊ ၂၀၁၆ ခုနှစ် များတွင် မြန်မာနိုင်ငံ၌ အပြင်းထန်ဆုံးသော ရာသီဥတုနှင့် ရင်ဆိုင်ခဲ့ကြရပြီး နိုင်ငံတကာ ရာသီဥတု ဘေးအန္တရာယ် အညွှန်းကိန်းတွင် နိုင်ငံပေါင်း၏ ၁၈၇ နိုင်ငံအနက် မြန်မာနိုင်ငံသည် အဆင့်(၂)တွင် ရှိသည့်အတွက် နိုင်ငံနှင့် အဝန်းသစ်တော စောင့်ရှောက်မှုနှုန်း တိုးမြင့်ဆောင်ရွက််လျက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်မြို့များတွင် (Green Land) စီမံကိန်းများ အမြန်ဆုံး စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပါရန်နှင့် အခြားဒေသများတွင်လည်း နှစ်အလိုက်စီမံကိန်းများ တိုးချဲ့ဆောင်ရွက်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကိုတင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် ဆုံးဖြတ်ပြီး အဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို တောင်းခံထား
  • ထို့နောက် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာကို ဥပဒေကြမ်း ကော်မတီက တင်သွင်းပြီး ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်ချက်အဆို တင်သွင်းလိုသည့် ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းကြရန် လွှတ်တော်ဥက္ကဋ္ဌက ကြေညာ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၁၉.၅.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၏ “ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်၊ ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ်မြို့တော်အတွင်းရှိ တိုက်ခန်းနှင့်လမ်းများကို မည်သည့်အဖွဲ့အစည်းက တာဝန်ယူ စီမံခန့်ခွဲနေမှုကို သိရှိလိုခြင်းနှင့် သောက်သုံးရေ မလုံလောက်ခြင်း၊ လမ်းများပေါ်တွင် ရေအိုင်များဖြစ်ပေါ်နေခြင်း၊ အမှိုက်များမရှင်းလင်းခြင်း စသည့် အခြားလိုအပ်ချက်များ အား မည်သည့်အချိန်တွင် ဖြေရှင်းဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဒေါ်နွယ်နွယ်အောင်၏ “မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကြာအင်းစံပြကျေးရွာ၊ ကျိုက္ခမီ ကားလမ််းမကြီးပေါ်ရှိ ဆောင်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာန ရုံးဝင်းအတွင်း တည်ရှိသော ကျောက်မှုန့်နှင့် ကတ္တရာ ချက်လုပ်ခြင်းမှ ထွက်ရှိလာသော အခိုးအငွေ့များနှင့် ကျောက်မှုန့်များကြောင့် သဘာဝပတ်ဝန်းကျင်နှင့် ကျန်းမာရေးကို ထိခိုက်စေသဖြင့် နိုင်လွန်ကတ္တရာ ချက်လုပ်ခြင်းအား ရပ်တန့်ရန်နှင့် အမြန်ဆုံး ပြောင်းရွှေ့ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း၏ “ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်အပါအဝင် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသများတွင် ဆောင်ရွက်သွားမည့် ကိုယ်ဝန်ဆောင် မိခင်များ၊ အသက်(၂)နှစ်အောက် ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများအား ငွေကြေး အထောက်အပံ့ပေးရေး အစီအစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုတို့ကို သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြား
  • မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်၏ “၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် နိုင်ငံတော် အစိုးရက ဝန်ကြီးဌာနအလိုက် ခွင့်ပြုခဲ့သော တည်ဆောက်ပြုပြင်လုပ်ငန်းများအပေါ် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် အစိုးရများ၊ ဌာနဆိုင်ရာများ အနေဖြင့် လုပ်ငန်းတစ်ခုချင်းအလိုက် ဒေသ၏ အမှန်စျေးနှုန်းများဖြင့် ပြန်လည်တွက်ချက်၍ တင်ဒါချပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ဆက်လက်၍ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးလားလ်မင်းထန်၏ ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ မေးခွန်းအား ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ပြန်လည်ရှင်းလင်းဖြေကြား
  • ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ရေအရင်းအဖြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင် ဒေါ်အုန်းကြည်က ဖတ်ကြားရှင်းလင်း
  • ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု ပေးပို့လာသော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာစန်းမောင်မောင်က “မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သောက်သုံးမှု ထိန်းချုပ်ရေးဥပဒေကို ရေးဆွဲပြဋ္ဌာန်းပြီးသော်လည်း ပြည်သူများ လိုက်နာကျင့်သုံးမှုနှင့် အာဏာပိုင်များဘက်မှ ကြီးကြပ်အရေးယူမှု မရှိသလောက် အားနည်းနေခြင်းအပေါ် ပြည်ထောင်စုအစိုးရမှ ကိုင်တွယ် ဖြေရှင်းပေးပါရန် တိုက်တွန်းကြောင်း” အဆိုကို တင်သွင်း
  • ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဒေါက်တာစန်းမောင်မောင် တင်းသွင်းသည့်အဆိုကို လက်ခံဆွေးနွေးရန် သင့်၊ မသင့် လွှတ်တော်၏ ဆန္ဒရယူရာ ထောက်ခံသည့် လွှတ်တော် ကိုယ်စားလှယ်ဦးရေ ၄၀ နှင့် အထက် ရှိသည့်အတွက် ယင်းအဆိုကို လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်းနှင့် ဆွေးနွေးလိုသည့် ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s