5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၃ မေ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၂.၅.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် “ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်း လွန်ခဲ့သော နှစ်(၈၀) ကျော်ကပင် ပြင်ဆင်သတ်မှတ်ခြင်းမရှိဘဲ စည်းကြပ်ကောက်ခံလျက်ရှိသော မြေခွန်နှုန်းထားများအပြင် ရေခွန်၊ တာတမံခွန်များကိုလည်း စျေးကွက်စီးပွားရေးနှင့်အညီ ပြောင်းလဲချိိန်တန်ပြီဖြစ်၍ နိုင်ငံတော်ရှိ တောင်သူလယ်သမားများ ဝန်ထုပ်ဝန်ပိုးမဖြစ်စေသော အခွန်နှုန်းထားများကို ပြင်ဆင်သတ်မှတ်၊ စည်းကြပ်ကောက်ခံရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်က အတည်ပြုကြောင်း ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဆုံးဖြတ်လိုက်
  • ယင်းအဆိုကို သာပေါင်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းက တင်သွင်းခဲ့ခြင်းဖြစ်ပြီး အဆိုိနှင့်စပ်လျဉ်း၍ မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း၊ ကျောင်းကုန်းမဲဆန္ဒနယ်မှ ဦးသိန်းထွန်းနှင့် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးနေဝင်းတို့က ဆွေးနွေးခဲ့ကြ
  • အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူရာတွင် သဘောမတူသည့် လွှတ်တော်ကိုယ်စားလှယ် မရှိသည့်အတွက် အဆိုကို အတည်ပြုကြောင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်
  • အစည်းအဝေးတွင် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၏ “ပျော်ဘွယ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးအတွက် ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ရန် လျာထားတင်ပြခဲ့သည့် လမ်း၊ တံတား တည်ဆောင်ရေး လုပ်ငန်းများသည် နိုင်ငံတော်၏ ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေး လျာထားချက်တွင် ပါဝင်ခြင်းမရှိသဖြင့် ပြည်ထောင်စု၏ ဘဏ္ဍာရေးလျာထားချက် ပိုလျှံရန်ပုံငွေ သို့မဟုတ် ဖြည့်စွက်ရန်ပုံငွေမှဖြစ်စေ၊ တိုင်းဒေသကြီး ရန်ပုံငွေမှဖြစ်စေ ခွဲဝေချထားပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • မိုးမိတ်မဲဆန္ဒနယ်မှ ဦးတိုးသောင်၏ “မိုးမိတ်မြို့နယ် ကင်းချောင်းရွာ တံတားအမှတ် (၅/၂၄) ထိန်းသိမ်းရေးနှင့် သစ်ဆိမ့်ကုန်းရွာ၊ ပေကုန်းရွာနှင့် နဘူးရွာတို့မှ လယ်ယာမြေများ ပြန်လည် ဖော်ထုတ်နိုင်ရေးနှင့် ကင်းချောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် သဲနုန်းဆယ်ယူရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • အစည်းအဝေးတွင် လှည်းကူးမဲဆန္ဒနယ်မှ ဦးသိန်းတန်၏ “လှည်းကူးမြို့နယ်မှ လက်ပံလျှပ်စစ်ရေတင်စီမံကိန်း (အပိုင်း-၂၊ ကင်းမွန်းချုံ) ကို ဆက်လက် အကောင်အထည်ဖော်ရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ရှင်းလင်းပြောကြား
  • အိမ်မဲ မဲဆန္ဒနယ်မှ ဒေါ်သန္တာ၏ “ဆိုလာမီးလင်းရေး ဆောင်ရွက်ရာတွင် စာချုပ်ပါ စည်းမျဉ်းစည်းကမ်းနှင့် အာမခံချက်ကို ဖောက်ဖျက်သော ကုမ္ပဏီအား အရေးယူပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍လည်း ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ထို့ပြင် ကြို့ပင်ကောက် မဲဆန္ဒနယ်မှ ဦးဌေးမင်းသိန်း၏ ကျေးလက်လမ်း၊ တံတားတည်ဆောက်ရေးဆိုင်ရာ မေးခွန်းနှင့် စပ်လျဉ်း၍လည်း ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့
  • ယနေ့ကျင်းပသည့် အစည်းအဝေး၌ ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေး သတ္တမနေ့တွင် ဝေါမဲဆန္ဒနယ်မှ ဦးတင်ထွန်းက တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအား ပြန်လည်တည့်မတ်ပေးနိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်အား တိုက်တွန်းသည့်အဆို တင်သွင်းခဲ့ကြောင်း၊ ယင်းအဆိုနှင့် စပ်လျဉ်း၍ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကိုယ်စား မိမိမှ ပြန်လည်ရှင်းလင်းခဲ့ပါကြောင်း၊ ဦးတင်ထွေး၏အဆိုကို ပြန်လည်ဆွေးနွေး တင်ပြခဲ့သည့် အချက်များနှင့် ပတ်သက်ပြီး မိမိတွင်သာ တာဝန်ရှိပါကြောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များကို လေးစားပါကြောင်း၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များကို ထိခိုက်စေရန်၊ နစ်နာစေရန် ရည်ရွယ်ချက်မရှိဘဲ မထင်မှတ်ဘဲ ဖြစ်ပွားခဲ့သည့် ကိစ္စရပ်ကို ခွင့်လွှတ်ပေးပါရန် တင်ပြအပ်ပါကြောင်း ရှင်းလင်းတင်ပြ
  • ထို့ပြင် အစည်းအဝေး၌ ပြည်သူ့လွှတ်တော်အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ နှစ်ပတ်လည်အစီရင်ခံစာ ဖတ်ကြားခြင်း၊ “တူးမြောင်းဥပဒေကြမ်း” တင်သွင်းခြင်းနှင့် ဥပဒေကြမ်းကော်မတီက အစီရင်ခံဏာ ဖတ်ကြားခြင်းတို့ကို ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၂.၅.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော် ကော်မတီများတွင် ကော်မတီဝင်နေရာများ အစားထိုးဖွဲ့စည်းခြင်းကို အမျိုးသားလွှတ်တော်သို့ တင်ပြ၍ အတည်ပြုချက်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာ
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ “ရခိုင်ပြည်နယ်၊ ကျောက်တောင်မြို့နယ်၊ ရွာမပြင်ကျေးရွာနှင့် မျောက်တောင်ကျေးရွာအတွင်းရှိ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)များအား အခြေခံပညာအလယ်တန်းကျောင်းများအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးမျိုးထပ်(ခ)ဆလိုင်းမျိုးထိုက်၏ “ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ မိတ်စာဝကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အား အခြေခံပညာ အထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် လိုအပ်သည့် ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • အစည်းအဝေးတွင် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဖေတင်၏ “မွန်ပြည်နယ် မုဒုံမြို့ စာစင်လမ်းမကြီးရပ်ရှိ အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)အား အခြေခံပညာ အလယ်တန်းကျောင်း အဆင့်သို့ အထူးအစီအစဉ်ဖြင့် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း”နှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရှင်းလင်းဖြေကြားခဲ့
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကျော်ကျော်ဝင်း၏ ရခိုင်ပြည်နယ် မောင်တောမြို့နယ် (အမက) ကံပြင်(သာစည်)နှင့် (အမက) ဝေသာလီ စာသင်ကျောင်းတို့အား ဆောက်လုပ်ပြီးစီးမှု မရှိသည့် ကုမ္ပဏီများမှ စာချုပ်ပါ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ပြုပြင်ပေးရန်နှင့် ပညာရေးဝန်ကြီးဌာနမှ ဆက်လက်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်း” နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ယင်းနောက် ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး(ခ)သန်းစိုး(ဘောဂဗေဒ)က ရှင်းလင်းပြောကြား
  • ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦးက တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြား
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s