5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၄ မေ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့ကို ၂၃.၅.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတ၏ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ချစ်ကြည်ရေးခရီးစဉ် မှတ်တမ်းသဝဏ်လွှာကို လွှတ်တော်က မှတ်တမ်းတင်
  • ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ရေခွန်နှင့် တာတမံခွန်ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်း
  • ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော နျူကလီးယားသိပ္ပံနှင့် နည်းပညာ သုတေသန၊ ဖွံ့ဖြိုးရေးနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (1978 RCA) အစားထိုး (2017 RCA) တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်ရန် ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြ
  • ရေခွန်နှင့် တာတမံခွန်ဥပဒေကြမ်း၊ (1978 RCA) အစားထိုး (2017 RCA) တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်မည့်ကိစ္စနှင့် အမျိုးသားမူဝါဒကော်မရှင်၏ ခြောက်လတာ ကာလအတွင်း ဆောင်ရွက်ချက် အစီရင်ခံစာတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ထို့ပြင် နိုင်ငံတော်သမ္မတထံမှ သဘောထားမှတ်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ဥပဒေဆိုင်ရာ အထောက်အကူပေးရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်း ကော်မတီ၏ သဘောမှတ်ချက်အပေါ် အခြေခံ၍ တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြု
  • အလားတူ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အိန္ဒိယသမုဒ္ဒရာဒေသတွင်း ဆိပ်ကမ်းနိုင်ငံများ၏ စစ်ဆေးပိုင်ခွင့်ဆိုင်ရာ နားလည်မှုစာချွန်လွှာတွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် အတည်ပြု ပါဝင်ရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ
  • အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ ဝါးခယ်မမဲဆန္ဒနယ်မှ ဦးဇော်သိန်း၊ ဒက္ခိဏသီရိမြို့နယ် မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်းနှင့် တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးအောင်ကျော်နှင်း တို့ကလည်း ဆွေးနွေးကြ
  • ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက်ရယူရာ သဘောတူကြောင်း ဆုံးဖြတ်
  • ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် စီမံ ခန့်ခွဲမှုဆိုင်ရာ စီမံကိန်းကို အကောင်အထည်ဖော်ရန်အတွက် ကမ္ဘာ့ဘဏ်ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၂၅ သန်း ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ
  • အဆိုပါ ကိစ္စနှင့် စပ်လျဉ်း၍ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၈)မှ ဦးမျိုးဝင်း၊ အင်းစိန်မဲဆန္ဒနယ်မှ ဦးမောင်မောင်ဦး၊ စမ်းချောင်းမဲဆန္ဒနယ်မှ ဦးဘိုဘိုဦး၊ ရွှေပြည်သာမဲဆန္ဒနယ်မှ ဦးဉာဏ်လင်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ နော်လှလှစိုး၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုး၊ စေတုတ္ထရာမဲဆန္ဒနယ်မှ ဦးအောင်ကျော်လွင်၊ ဆိပ်ဖြူမဲဆန္ဒနယ်မှ ဦးအောင်သိုက်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း၊ တပ်မတော်သား အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးသက်မင်းဦး၊ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်၊ လှိုင်မဲဆန္ဒနယ်မှ ဦးအောင်ကျော်ကျော်ဦးတို့ကလည်း ဆွေးနွေးကြ
  • ယင်းချေးငွေချေးယူခြင်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနက ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းကို ပြည်ထောင်စုလွှတ်တော် တတိယနေ့တွင် ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရ
  • ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာရှဒေသသစ်တော ပူးပေါင်းဆောင်ရွက်မှု အဖွဲ့အစည်း တည်ထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးရန် ကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ
  • အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ ညောင်ရွှေမဲဆန္ဒနယ်မှ ဦးဝင်းမြင့်ဦး(ခေါ်) ဦးနေမျိုး၊ ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဂျေယောဝူ၊ ရွှေကျင်မဲဆန္ဒနယ်မှ ဦးစောသလေးစော၊ သထုံမဲဆန္ဒနယ်မှ ဒေါ်မာမာခိုင်၊ တွံတေးမဲဆန္ဒနယ်မှ ဦးမြင့်လွင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မဲဆန္ဒနယ်မှ ဦးအေးနိုင်၊ ရှမ်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၈)မှ ဒေါ်မမလေး၊ ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါ်ရှားမူ၊ ချင်းပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဦးဝှေ့တင်း၊ ကချင်ပြည်နယ်မဲဆန္ဒနယ် အမှတ်(၁၁)မှ ဒေါက်တာခွန်ဝင်းသောင်း၊ လွိုင်ကော် မဲဆန္ဒနယ်မှ ဒေါက်တာခင်စည်သူ၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၆)မှ ဦးဝင်းမောင်၊ ပုဏ္ဏားကျွန်းမဲဆန္ဒနယ်မှ ဦးဦးထွန်းမောင်၊ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဗိုလ်မှူးကျော်ဇင်လတ်၊ ထီးလင်းမဲဆန္ဒနယ်မှ ဦးမြတ်လေးဦး၊ ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာအောင်ခင်တို့က ဆွေးနွေးခဲ့ကြ
  • အဆိုပါကိစ္စနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ ဝန်ကြီးဌာနများက ပြန်လည်ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အတည်ပြုချက်ရယူခြင်းကို ကြိုတင်အသိပေးမည်ဖြစ်ကြောင်း သိရ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s