5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၆ မေ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၅.၅.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၏ “အစိုးရဝန်ထမ်းများ၏ လက်ရှိ ရင်ဆိုင်နေရသော စီးပွားရေးကျပ်တည်းမှုကို စာနာထောက်ထားသောအားဖြင့် လစာတိုးပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးမြန်းမှုအပေါ် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • ထို့ပြင် လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေး၏ “လေရှီးမြို့ မြန်မာ့စီးပွားရေးဘဏ် (ငွေတိုက်ခွဲ)အား မြန်မာ့စီးပွားရေး ဘဏ်ခွဲအဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • ချောက်မဲဆန္ဒနယ်မှ ဦးဘိုကြီး၏ “၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွက် ခွင့်ပြုပြီး ငွေလုံးငွေရင်း အသုံးစရိတ်များကို အကုန်အစင် သုံးစွဲနိုင်ရေးအတွက် ဘဏ္ဍာနှစ်အတွင်း အချိန်မီ ဆောက်လုပ်ခြင်း၊ ဝယ်ယူခြင်းများကို လအလိုက် ဆောင်ရွက်ရမည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်မှုကို သိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • အုတ်တွင်းမဲဆန္ဒနယ်မှ ဒေါ်ချိုချိုက “နိုင်ငံတော်ဘတ်ဂျက်မှ စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ရာတွင် အမှန်တကယ် ကုန်ကျသင့်သည်ထက် ချပေးသည့်ငွေ ပိုမိုနေသည့်အတွက် တည့်မတ်ထိန်းညှိ ဆောင်ရွက်ရန်နှင့် စီမံကိန်းလုပ်ငန်းများ၏ အရည်အသွေး စစ်ရန် B/Q တွက်ချက်မှုပုံစံများ ထုတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဖြေကြား
  • လမ်းမတော်မဲဆန္ဒနယ်မှ ဦးခင်မောင်ဝင်း၏ “၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် ဖေဖော်ဝါရီလကုန်အထိ Operator များက ဘဏ္ဍာနှစ်အလိုက် ရောင်းချခဲ့သော SIM Card အရေအတွက်၊ ဖုန်းအရေအတွက်နှင့် တန်ဖိုး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့ကြီးများ၌ ရောင်းချနေသော လက်ကိုင်ဖုန်း အရောင်းဆိုင်များအပေါ် အခွန်ကောက်ခံနိုင်ခြင်း ရှိ၊ မရှိ တရားမဝင် ဖမ်းဆီးရမိသော ဖုန်းအရေအတွက်နှင့် တန်ဖိုး၊ တရားမဝင် ဖုန်းများ ဝင်ရောက်နေခြင်းကို တားဆီးရန်နှင့် မျှတ၍ လူတိုင်း အလွယ်တကူ ပေးဆောင်နိုင်သော အခွန်စနစ်ကျင့်သုံးခြင်း အစီအစဉ် ရှိ၊ မရှိ” မေးခွန်းများနှင့် စပ်လျဉ်း၍လည်း ဒုတိယဝန်ကြီးက ဖြေကြား
  • အစည်းအဝေးတွင် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုက “နိုင်ငံ၏ အလုပ်လက်မဲ့ပြဿနာများ တဖြည်းဖြည်း လျော့နည်းကျဆင်းလာရေး နိုင်ငံတော်အစိုးရက စနစ်တကျ စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်ရေး တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ပြီး အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို တောင်းခံထား
  • ထို့ပြင် ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၊ ကေ်ာမတီအဖွဲ့ဝင်များ ပြောင်းရွှေ့ တာဝန်ပေးအပ်ခြင်း၊ အစားထိုးဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ လွှတ်တော်၏ အတည်ပြုချက် ရယူခြင်း၊ ပြည်သူ့ငွေစာရင်းကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ တင်ပြခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၅.၅.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ “ချင်းပြည်နယ် ပလက်ဝမြို့နယ်၊ ကွမ်းချောင်းဝကျေးရွာနှင့် ဒိုးချောင်းဝကျေးရွာတို့ရှိ အခြေခံပညာ အလယ်တန်းကျောင်းတို့အား အခြေခံပညာအထက်တန်းကျောင်း(ခွဲ)များအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်း၏ “ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)၊ နတ်တလင်းမြို့နယ်၊ တာပွန်မြို့အခြေခံပညာ အထက်တန်းကျောင်းရှိ အန္တရာယ်ရှိ တစ်ထပ်ကျောင်းဆောင်ဟောင်းကို ဖျက်၍ SS ၂၆ ပေ (၂၀၀x30) RC နှစ်ထပ်ကျောင်းဆောင်သစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါ်ခင်ဆွေလွင်၏ “ချင်းပြည်နယ်တွင် အသေးစား၊ အလတ်စားလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အတိုးနှုန်းသက်သာသော နိုင်ငံတကာ ချေးငွေများဖြင့် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဖြေကြား
  • မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာကျော်သန်းထွန်း(ကန်တုန်)၏ “မြန်မာနိုင်ငံ ဆေးဝါးထုတ်လုပ်ရေးစက်ရုံ MPF(ယခင် BPI) မှ ငှက်ဖျား ကာကွယ်ကုသရေး အတွက် အာနိသင် ထက်မြက်သည့် အာတီမီးစီးယား (Artemisia)(ဝါ)ဒေါနရွှေဝါဆေးပင်များ စိုက်ပျိုး၍ ကုန်ချောဆေးဝါးအဖြစ် စီစဉ်ထုတ်လုပ်သွားရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဖြေကြား
  • ထို့နောက် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးစောစိန်ထွန်း၏ ပညာရေးကဏ္ဍဆိုင်ရာ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ရှင်းလင်း ဖြေကြား
  • ယင်းနောက် “ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်မြင့်ဦးနှင့် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်တို့က ဆွေးနွေးကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s