5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၇ မေ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး တတိယနေ့ကို ၂၆.၅.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြ
  • အဆိုပါ အစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက်အစီရင်ခံစာ (၅/၂၀၁၇) ကို ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဇလွန်မဲဆန္ဒနယ်မှ ဦးအောင်မင်းက ဖတ်ကြားတင်ပြ
  • ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က ၂၀၁၅ – ၂၀၁၆ ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၅/၂၀၁၇)နှင့် စပ်လျဉ်းပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယင်းနောက် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ သဘောထားကွဲလွဲသော မြန်မာ့ပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ ထပ်မံလေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို အတွင်းရေးမှူး ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဒေါက်တာမြတ်ဉာဏစိုးက ဖတ်ကြားတင်ပြ
  • အဆိုပါအစီရင်ခံစာနှင့်စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယက က ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ဆက်လက်၍ နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အရှေ့တောင်အာရှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ စီမံကိန်း အကောင်အထည်ဖော်ရန်အတွက် ကမ္ဘာ့ဘဏ်ထံမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၂၅ သန်း ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ပဥ္စမပုံမှန်အစည်းအဝေး ဒုတိယနေ့တွင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်အပေါ် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြန်လည်ရှင်းလင်းဆွေးနွေး
  • ကမ္ဘာ့ဘဏ်မှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၂၅ သန်း ချေးယူရန်ကိစ္စနှင့် စပ်လျဉ်း၍ ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်းက လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ ထောက်ခံမဲ များသည့်အတွက် အတည်ပြုကြောင်း ကြေညာ
  • ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသည့် နျူကလီးယား သိပ္ပံနှင့်နည်းပညာ သုတေသန၊ ဖွံ့ဖြိုးရေးနှင့် လေ့ကျင့်သင်ကြားရေးဆိုင်ရာ ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် (၁၉၇၈ RCA) အစားထိုး (၂၀၁၇ RCA) တွင် မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ် ဆက်လက်ပါဝင်ရန် ကိစ္စနှင့် စပ်လျဉ်း၍ ဝါးခယ်မမဲဆန္ဒနယ်မှ ဦးဇော်သိန်း၊ တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ဇော်ထွန်းဦး၊ ကျောက်ဆည်မဲဆန္ဒနယ်မှ ဒေါက်တာတင်အောင်၊ ဖာပွန်မဲဆန္ဒနယ်မှ ဦးစောထွန်းမြအောင်နှင့် မြဝတီမဲဆန္ဒနယ်မှ ဦးစိန်ဗိုလ်တို့က ထောက်ခံဆွေးနွေးကြ
  • အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မြန်မာနိုင်ငံ အနေဖြင့် ပါဝင်လက်မှတ်ရေးထိုးခွင့်ပြုရန် တင်ပြရာ လွှတ်တော်က သဘောတူကြောင်း ကြေညာ
  • ထို့နောက် အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ခြောက်လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ (၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ၂၀၁၇ ခုနှစ် ဧပြီလအထိ) နှင့် စပ်လျဉ်း၍ မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဒေါက်တာသန်းဝင်း၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်၊ အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုး၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးကျော်နိုင်၊ ကျောက်တော် မဲဆန္ဒနယ်မှ ဦးဦးထွန်းဝင်း၊ တောင်တွင်းကြီး မဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ ငပုတောမဲဆန္ဒနယ်မှ ဦးသန်းအောင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်နှင့် မန္တလေးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးအောင်မျိုးလတ်တို့က အကြံပြု ဆွေးနွေးကြ
  • အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ခြောက်လတာ ကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အချိန်ယူ ပြန်လည် ရှင်းလင်းခွင့်ပြုပါရန် တင်ပြရာ လွှတ်တော်က ခွင့်ပြုကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s