5th Plenary Session · roundup

လွှတ်တော်သတင်းများ (၃၀ မေ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ၂၉.၅.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မေးခွန်းရှစ်ခုမေးမြန်းဖြေကြားခြင်း၊ အစီရင်ခံစာတစ်ခု အတည်ပြုခြင်း၊ အဆိုတစ်ခုနှင့် အစီရင်ခံစာတစ်ခု တင်သွင်းခြင်းတို့ကို ဆောင်ရွက်ကြ
  • အစည်းအဝေးတွင် ကျောက်ပန်းတောင်းမဲဆန္ဒနယ်မှ ဦးရွှေကို၏ “ကျောက်ပန်းတောင်းမြို့နယ်၏ မြောက်ပိုင်းနှင့် တောင်ပိုင်းနယ်မြေတို့တွင် 5MVA ဓာတ်အားခွဲရုံများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • ဒက္ခိဏသီရိမဲဆန္ဒနယ်မှ “ဦးသန့်ဇင်ထွန်း၏ မီးလင်းရေးကော်မတီများ လိုက်နာရန်အချက်များ ဖြေလျှော့ပြောင်းလဲသတ်မှတ်ခြင်း၊ လျှပ်စစ်နှင့်ပက်သက်သော တိုင်းပြည်ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ကျေးရွာနေအိမ်ထောင်စုအားလုံးနီးပါး လျှပ်စစ်မီးသုံးစွဲနိုင်ရေးနှင့် တရားမဝင်ဆင့်ပွားမီး တပ်ဆင် အသုံးပြုခြင်း ပပျောက်ရေးတို့အတွက် မည်ကဲ့သို့ စီစဉ်ဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • ခင်ဦးမဲဆန္ဒနယ်မှ ဒေါက်တာဝင်းအောင်၏ “ခင်ဦးမြို့နယ် ဥယျာဉ်ရွာအနီး မူးမြစ်ကမ်းတွင် ကျောက်စီမြေထိန်းနံရံ ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • ထို့ပြင် တောင်တွင်းကြီးမဲဆန္ဒနယ်မှ ဦးမင်းသိန်း၊ သံဖြူဇရပ်မဲဆန္ဒနယ်မှ ဦးဉာဏ်ဟိန်း၊ ကျိုက်မရောမဲဆန္ဒနယ်မှ ဦးစောကျော်ဝင်းမောင်၊ ပူတာအိုမဲဆန္ဒနယ်မှ ဦးမိုးရွှေ၊ မင်းတုန်းမဲဆန္ဒနယ်မှ ဒေါ်ခင်သန်းနုတို့ မေးမြန်းသည့် စက်သုံးဆီအရောင်းဆိုင်များ မြို့ပြင်သို့ ပြောင်းရွှေ့ပေးရေး၊ လျှပ်စစ်မီးလင်းရေးနှင့် ပို့ဆောင်ရေး ကဏ္ဍဆိုင်ရာ မေးခွန်းများကိုလည်း ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်နှင့် ဦးကျော်မျိုးတို့က ပြန်လည်ဖြေကြားခဲ့ကြ
  • ထို့နောက် မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်းက “ပြည်တွင်း၌ ထုတ်လုပ်နေသော ယူရီးယား ဓာတ်မြေသြဇာများ၏ အရည်အသွေးကို ထိန်းသိမ်းနိုင်ရန် စနစ်တကျ ထုပ်ပိုးပြီး တောင်သူများ လက်ဝယ်သို့ သင့်တင့်မျှတသော စျေးနှုန်းဖြင့် အဆင်မြေချောမွေ့စွာ ဖြန့်ဖြူးပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းကြရန် အသိပေးကြေညာထား
  • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာအား အတည်ပြုခြင်း၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော “ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ဥပဒေကြမ်း” လက်ခံရရှိကြောင်း လွှတ်တော်သို့ အသိပေးခြင်းနှင့် ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်းသည့် အစီရင်ခံစာ ဖတ်ကြားခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ၂၉.၅.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ “စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့ပေါ်တွင် အဆင့်မီမြို့တော်ခန်းမတစ်ခုကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ဖြေကြား
  • ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးဌေးဦး၏ “နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် သန်းခေါင်စာရင်း မရှိသော တိုင်းရင်းသားစစ်စစ် နိုင်ငံသားများကို လက်ရှိ မြေပြင်အခြေအနေ အတိုင်း နေထိုင်သည်မှာ မှန်ကန်ကြောင်း ကတ်ပြားနှင့် သန်းခေါင်းစာရင်း စာရွက်တို့ကို တစ်နိုင်ငံလုံးရှိ နိုင်ငံသား စိစစ်ရေးကတ် မရှိသူများအတွက် ခြောက်လအတွင်း ဖြေလျော့မှုများဖြင့် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဖြေကြား
  • ထို့ပြင် ချင်းပြည်နယ်မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးထိန်ဝင်း၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးအောင်သိန်းနှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဒေါ်အိအိပြုံးတို့၏ ဆောက်လုပ်ရေးကဏ္ဍဆိုင်ရာ မေးခွန်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြားဆိုင်ရာ မေးခွန်းနှင့် ကလေးလုပ်သားဆိုင်ရာ မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေနှင့် ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်တို့က ပြန်လည်ရှင်းလင်းဖြေကြားကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s