5th Plenary Session · roundup

လွှတ်တော်သတင်းများ (၃၁ မေ ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၃၀.၅.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၏ “လွိုင်လင်မြို့နယ် ဟွေတောက်ချောင်းကူး သစ်သားတံတား နေရာတွင် သံကူကွန်ကရစ် တံတားတစ်စင်း ဆောက်လုပ်ပေးရန်နှင့် မိုင်းပွန်တိုက်နယ် ကျေးရွာအုပ်စုမှ တောင်ကြီးဖေးရွာအထိ မြေသားလမ်းအား ကျောက်ချောလမ်း အဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • မုဒုံမဲဆန္ဒနယ်မှ ဦးစောထွန်း၏ မုဒုံမြို့နယ် ဝဲကလိချောင်းတံတားအား သံကူကွန်ကရစ် တံတားအဖြစ် အသစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ထို့ပြင် သရက်မဲဆန္ဒနယ်မှ ဦးကံမြင့်၊ ဓနုဖြူမဲဆန္ဒနယ်မှ ဦးတင်လှနှင့် ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင်တို့၏ လမ်းအဆင့်မြှင့်တင်ပေးရေး၊ လမ်းဖောက်လုပ်ပေးရေးဆိုင်ရာ မေးခွန်းများကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြန်လည်ဖြေကြားခဲ့
  • ထို့နောက် ကလေးမဲဆန္ဒနယ်မှ ဒေါ်အေးအေးမူ(ခ)ဒေါ်ရှားမီ တင်သွင်းသည့် “အဂတိလိုက်စားမှု (လာဘ်ပေးလာဘ်ယူမှု) ကျဆင်းရန်အတွက် အစိုးရရုံးများနှင့် ပြည်သူလူထု ဆက်ဆံရေး ပြေပြစ်ရန် အစိုးရရုံးများက အကြောင်းပြချက် မခိုင်လုံဘဲ ရုံးချိန်း ခဏခဏမပြောင်းရန်အတွက် ထိန်းသိမ်း ကြပ်မတ်ပေးရန် လိုအပ်သော အရေးယူမှု၊ အမိန့်၊ ဥပဒေများ ချမှတ်ပေးပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၆)ဦးက ဆွေးနွေးကြ
  • အဆိုနှင့်စပ်လျဉ်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမြဝင်းက အဆိုကို မှတ်တမ်းတင် ထားရှိသင့်ပါကြောင်း ရှင်းလင်း
  • ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်
  • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေးကော်မတီက တင်သွင်းသည့် အစီရင်ခံစာနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက တင်သွင်းသည့် တာတမံ ဥပဒေကြမ်းတို့ကို လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြပြီး လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၃၀.၅.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ “ကျောက်တော်မြို့နယ် ဇင်းခါချေကျေးရွာ ချောင်းသားမြောက်ကွင်း ကွင်းအမှတ် ၈၄၇(A) တွင်ရှိသည့် လယ်မြေ ၁၅ ဧကကို ကာကွယ်ရေးဝန်ကြီးဌာန သိမ်းဆည်းမြေအဖြစ်မှ ပြန်လည်စွန့်လွှတ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြန်လည်ရှင်းလင်းဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်သန်း၏ “ကျောက်ဖြူခရိုင် မာန်အောင်မြို့နယ် မျှော်တော်ဦးအုပ်စုပြားကြီး ကျေးရွာ၌ ဒီရေတိုက်စားသဖြင့် မြေပြိုကျနေမှုကို လှိုင်းကာ ကျောက်တန်းများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်၏ “မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး အခြေအနေကို ပြန်လည်သုံးသပ်ပြီး မူဝါဒဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ရေးအတွက် အိန္ဒိယအစိုးရနှင့် ဆွေးနွေးညှိနှိုင်းရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြန်လည်ရှင်းလင်းဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးဝေစိန်အောင်၏ “စစ်တွေမြို့နယ် ရေချမ်းပြင်ကျေးရွာမှ လယ်သမား ၁၈ ဦးပိုင် လယ်ယာမြေနှင့် စားကျက်မြေ ဧက ၁၀၈ ဒသမ ၄၀ အား အမှတ်(၂၇၀) ခြေလျင်တပ်ရင်း(စစ်တွေ)မှ သိမ်းဆည်းထားခြင်းကို မူလပိုင်ရှင် လယ်သမားများထံသို့ ပြန်လည်လွှဲပြောင်းပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ပြန်လည်ရှင်းလင်းဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်၏ “ပေါက်တောမြို့နယ်အတွင်းရှိ တိမ်ကောနေသော မြို့လယ်ချောင်းအား ရေစီးရေလာ ကောင်းမွန်စေရန်နှင့် သွားလာရေး လွယ်ကူစေရန်အတွက် တူးဖော်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပိ်ု့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ရှင်းလင်းဖြေကြား
  • စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးကျော်သောင်း၏ “မြင်းမူမြို့နယ် ကျွဲရိုက်ကျေးရွာ အုပ်စု လက္ကပင်ကျေးရွာ ကမ်းပါးပြိုမှုမှ ကာကွယ်နိုင်ရန်အတွက် ဧရာဝတီမြစ်ကမ်းပါး မြေထိန်းနံရံနှင့် ရေလွှဲရေကာတာများ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ဖြေကြား
  • မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေးစခန်းများတွင် ကုန်သွယ်လုပ်ငန်း ဆောင်ရွက်နေကြသည့် ကုမ္ပဏီ မတည်ထောင်နိုင်သော လုပ်ငန်းရှင်ငယ်များအနေဖြင့် နိုင်ငံတော်သို့ ကြိုတင်ဝင်ငွေခွန် (၂)ရာခိုင်နှုန်းကို မိမိတို့ နာမည်နှင့် အမည်ပေါက် ပေးဆောင်နိုင်ကြမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးထံမှ သိရ
  • ယနေ့ကျင်းပသည့် အမျိုးသားလွှတ်တော် အစည်းအဝေးတွင် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးမောင််မောင်လတ်၏ “ကုန်သွယ်လုပ်ငန်း ဆောင်ရွက်နေသူများ အနေဖြင့် ကုန်သွယ်မှုပြုရာတွင် ဝင်ငွေခွန်(၂)ရာခိုင်နှုန်း ပေးဆောင်နေရပေမယ့် ဝင်ငွေခွန်ဆောင်သူအဖြစ် အမည်စာရင်း မပါရှိကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက အထက်ပါအတိုင်း ပြောကြားခြင်းဖြစ်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s