5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁ ဇွန် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၃၁.၅.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် “မိုးညှင်းမဲဆန္ဒနယ်မှ ဒေါ်စန်းစန်းအိ၏ အင်းတော်ကြီးအိုင် ပတ်ဝန်းကျင်အတွင်း ရွှေတူးဖော်ထုတ်လုပ်နေမှုအား မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့် စပ်လျဉ်း၍ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • မိုင်းကိုင်မဲဆန္ဒနယ်မှ ဦးစိုင်းဆိုင်မိုင်း၏ “ဟိန်းမေတ္တာသတ္တုတူးဖော်ရေး ကုမ္ပဏီအား မည်သည့်အတွက်ကြောင့် သတ္တုတူးဖော် ထုတ်လုပ်ခွင့်ပြုမိန့် ထုတ်ပေးသည်ကို သိရှိလိုကြောင်း၊ တူးဖော်ထုတ်လုပ်မှုအား အမြန်ရပ်ဆိုင်းပေးရန် တောင်းဆိုမှုကို မည်ကဲ့သို့ အရေးယူ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်းနှင့် ပျက်စီးသွားသော ရေဝေရေလဲ သစ်တောများအား မည်ကဲ့သို့ ပြန်လည်အစားထိုး ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း” စသည့်မေးခွန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ဖြေကြား
  • ထို့ပြင် ကျောက်တန်းမဲဆန္ဒနယ်မှ ဒေါ်အေးမြမြမျိုးနှင့် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုတို့၏ သယံဇာတနှင့် သစ်တောကဏ္ဍဆိုင်ရာ မေးခွန်းများကိုလည်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ပြန်လည်ဖြေကြား
  • ထို့နောက် ပြင်ဦးလွင်မဲဆန္ဒနယ်မှ ဒေါက်တာဦးအောင်ခင် တင်သွင်းသည့် “တောတောင်ထူထပ်သော ဒေသများ၌ သစ်တောပြုန်းတီးမှုများခြင်းကြောင့် ၂၀၁၅၊ ၂၀၁၆ ခုနှစ်တွင် မြန်မာနိုင်ငံ၌ အပြင်းထန်ဆုံးသော ရာသီဥတုနှင့် ရင်ဆိုင်ခဲ့ကြရပြီး နိုင်ငံတကာ ရာသီဥတု ဘေးအန္တရာယ် အညွှန်းကိန်းတွင် နိုင်ငံပေါင်း ၁၈၇ နိုင်ငံအနက် မြန်မာနိုင်ငံသည် အဆင့်(၂)တွင် ရှိသည့်အတွက် နိုင်ငံနှင့်အဝန်း သစ်တောစောင့်ရှောက်မှုနှုန်း တိုးမြှင့်ဆောင်ရွက်လျက် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်မြို့များတွင် (Green Land) စီမံကိန်းများ အမြန်ဆုံး စနစ်တကျ အကောင်အထည် ဖော်ဆောင်ပါရန်နှင့် အခြားဒေသများတွင်လည်း နှစ်အလိုက် စီမံကိန်းများ တိုးချဲ့ ဆောင်ရွက်ပေးပါရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက ဆွေးနွေးကြ
  • အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၇ ဦးက ထောက်ခံ ဆွေးနွေးကြပြီး သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက အဆိုအား အတည်ပြုသင့်ကြောင်း တင်ပြ
  • ယင်းအဆိုကို လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်
  • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီ၏ အစီရင်ခံစာအား အတည်ပြုခြင်း၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော “မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”နှင့် စပ်လျဉ်း၍ တင်သွင်းထားသည့် ပြင်ဆင်ချက်အဆိုများအား ဆွေးနွေးခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်း၊ အတည်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး သတ္တမနေ့ကို ၃၁.၅.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဒေါ်လွီးဇာ၏ “လွိုင်ကော်မြို့တွင် အဆင့်မြင့်ရုပ်ရှင်ရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဖေမြင့်က ဖြေကြား
  • ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဇုန်လှယ်ထန်း၏ “ကလေး-ဖလမ်း-ဟားခါး လမ်း ၃၄ ပေ လမ်းတာချဲ့ခြင်းနှင့် အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်ရာတွင် ဖလမ်းမြို့တွင်း လမ်းများကို ချန်လှပ်ခြင်း မပြုဘဲ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁)မှ ဦးစိုးမိုး၏ “ရန်ကုန်-ပုသိမ် မော်တော်ကားလမ်းအား B.O.T စနစ်ဖြင့် ဆောင်ရွက်ခွင့် ရရှိထားသော ကုမ္ပဏီနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့ အကြား ချုပ်ဆိုထားသော စာချုပ်ပါ အချက်အလက်၊ စည်းကမ်းချက်များအား ဒေသခံ ပြည်သူများကို ပွင့်လင်းမြင်သာစွာ ရှင်းလင်းပြသရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ “ရခိုင်ပြည်နယ်၏ ကုန်ထုတ်လမ်းဖြစ်သော ပုဏ္ဏားကျွန်း-ရသေ့တောင်-ဘူးသီးတောင်ကားလမ်း မည်သည့်အချိန်တွင် ပြီးစီးမည်ကို သိရှိလိုခြင်းနှင့် နိုင်ငံတကာချေးငွေ၊ အထောက်အပံ့ငွေများ ရယူပြီး ထိုလမ်းကို အရှိန်အဟုန်မြှင့် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်က ဖြေကြား
  • ထို့နောက် “ပြည်သူ့စာရင်းကိုင်များ ပျက်ကွက်မှု အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း“ အား လွှတ်တော်မှ အတည်ပြုပေးပါရန် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက တင်သွင်း
  • အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီဝင် ဦးလားလ်မင်းထန်က လွှတ်တော်သို့ တင်ပြရာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာတွင် ပြည်သူစာရင်းကိုင်များ ပျက်ကွက်မှု အက်ဥပဒေ (The Public Accountants De-fault Act, 1850) သည် မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေ မပြဋ္ဌာန်းမီက ထုတ်ပြန်ခဲ့သည့် အက်ဥပဒေဖြစ်ပြီး ယခုအခါ “မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ” နှင့် “ယုံကြည်အပ်နှံမှု ဥပဒေ” တို့ကို ပြဋ္ဌာန်းထားသည့် အပြင် အများပြည်သူအတွက် တာဝန်ခံမှု၊ တာဝန်ယူမှုများလည်း ကုမ္ပဏီဥပဒေတွင် ပါရှိပြီးဖြစ်သည့်အတွက် “ပြည်သူ့စာရင်းကိုင်များ ပျက်ကွက်မှုဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း” အား ရုပ်သိမ်းသင့်ကြောင်း ဖော်ပြပါရှိ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s