5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂ ဇွန် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေးကို ၁.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ် အစိုးရ၏ ကြွေးမြီဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာ တွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၅/၂၀၁၇) နှင့် စပ်လျဉ်း၍ လွှတ်တော် ကိုယ်စားလှယ်များက ဆွေးနွေးကြ
  • ယင်းအစီရင်ခံစာနှင့် စပ်လျဉ်း၍ တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒုတိယဗိုလ်မှူးကြီး ကျော်မိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးသန်းစိုး (ဘောဂဗေဒ)၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာ တင်တင်ဝင်း၊ ပုလဲမဲဆန္ဒနယ်မှ ဒေါ်ခင်စန်းလှိုင်၊ တပ်မတော်သား အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒုတိယ ဗိုလ်မှူးကြီး ကျော်စံဦး၊ လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချို၊ ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးနှင့် ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်းတို့က ဆွေးနွေးတင်ပြကြ
  • အစီရင်ခံစာနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြ
  • ယင်းအစီရင်ခံစာကို လွှတ်တော်က သဘောတူကြောင်းနှင့် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း အတည်ပြုကြောင်း ဆုံးဖြတ်
  • ထို့ပြင် အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီအဖွဲ့ဝင် ဗိုလ်မှူးချုပ် သန်းလွင်အစား ဗိုလ်မှူးကြီး နေဝင်းအား လည်းကောင်း၊ ဗိုလ််မှူးချုပ် သက်ထွန်းအောင်အစား ဗိုလ်မှူးချုပ် အောင်စန်းချစ်အား လည်းကောင်း ပြောင်းလဲ တာဝန် ပေးအပ်ခြင်းကို လွှတ်တော်က အတည်ပြု
  • ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ခြင်းတို့တွင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးရန် ကိစ္စနှင့် စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ရှင်းလင်းတင်ပြ
  • ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စုစည်းမှုမရှိသော အလွတ်သဘောဆောင်သည့် စီးပွားရေးလုပ်ငန်းမှ စနစ်တကျ လုပ်ဆောင်သော စီးပွားရေးလုပ်ငန်းသို့ ကူးပြောင်းခြင်းဆိုင်ရာ တိုက်တွန်းချက် အမှတ် ၂၀၄ မှတ်တမ်းတင်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြည်ထောင်စုလွှတ်တော်က မှတ်တမ်းတင်ပေးသင့်ပါကြောင်း ရှင်းလင်းတင်ပြ
  • စာချုပ် လက်မှတ်ရေးထိုးနိုင်ရေးနှင့် တိုက်တွန်းချက် အမှတ် ၂၀၄ မှတ်တမ်း တင်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ် ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ထို့နောက် ရေခွန်နှင့် တာတမံခွန် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၄)မှ ဦးသန်းစိုး၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၃)မှ ဒေါ်ရွှေရွှေစိန်လတ်၊ ဧရာဝတီတိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၅)မှ ဦးမောင်မောင်အုန်းနှင့် ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၂)မှ ဦးကြည်ဝင်းတို့က ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ပြင်ဆင်လိုသည့် အခန်း၊ ပုဒ်မများ၊ ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်၊ အဓိပ္ပာယ်ပြဋ္ဌာန်းလိုသည့် အချက်များနှင့် အသစ် ပြဋ္ဌာန်းလိုသည့် အချက်များအပေါ် အကြံပြုဆွေးနွေးကြ
  • ယင်းနောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာ့ပိုင်နက် ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ မင်းကင်းမဲဆန္ဒနယ်မှ ဦးမောင်မြင့်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ)ဦးမောင်စိုး၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီ၊ ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၀)မှ ဦးလားလ်မင်းထန်တို့က ဥပဒေကြမ်း၏ ပြင်ဆင်လိုသည့် အခန်း၊ ပုဒ်မများ၌ ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်များအပေါ် အကြံပြုဆွေးနွေးကြ
  • ဥပဒေကြမ်းများနှင့် စပ်လျဉ်း၍ တစ်ပိုဒ်ချင်းစီအလိုက် အတည်ပြုရယူခြင်းကို ဇွန် ၆ ရက်တွင် ကျင်းပရန် လျာထားကြောင်း သိရ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s