5th Plenary Session · roundup

လွှတ်တော်သတင်းများ (၃ ဇွန် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ယင်းမာပင်မဲဆန္ဒနယ်မှ ဦးအောင်စိုး၏ “ယင်းမာပင်မြို့နယ်၊ အင်ကြင်းပင်ကျေးရွာ အခြေခံပညာ မူလတန်းကျောင်းတွင် (ပေ ၁၂၀ x ပေ ၃၀ x ၁၂ ပေ) အုတ်ညှပ် တစ်ထပ်ဆောင် ဆောက်လုပ်ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ဒိုက်ဦးမဲဆန္ဒနယ်မှ ဦးဘုန်းမြင့်အောင်၏ “ဒိုက်ဦးမြို့နယ် လက်ပံသုံးခွ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) အား အခြေခံပညာအထက်တန်းကျောင်းအဖြစ် အဆင့်တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ပူတာအိုမဲဆန္ဒနယ်မှ ဦးမိုးရွှေ၏ “ဒုတ္တန်အခြေခံပညာ အထက်တန်းကျောင်း၏ ခါကာဘိုကျောင်းဆောင်(နှစ်ထပ်) ဆောင် အဟောင်းအား ကျောင်းဆောင်အသစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • မိုးမောက်မဲဆန္ဒနယ်မှ ဦးဝင်းအောင်၏ “ဒေါ့ဖုန်းယန်မြို့ နားလုံ အ.ထ.က(ခွဲ) ကျောင်းအား ပြီးဆုံးအောင် ဆောက်လုပ်ပေးရန်နှင့် အထက်တန်းပြဆရာမ ထပ်မံခန့်အပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ကံမမဲဆန္ဒနယ်မှ ဦးစိန်ဟန်၏ “ကံမမြို့နယ်ရှိ သမဝါယမအသင်း လက်ဝယ်ရောက်ရှိနေသော ဦးပိုင်အမှတ်-၁၃၂၊ မြေကွက်အမှတ်-၉၂၁၊ မြေဧရိယာ သုည ဒသမ ၄၃ ဧကပေါ်ရှိ မြို့မြေအမျိုးအစား ဘုတ်စကူးကျောင်းအမည်ပေါက် အစိုးရအထက်ကျောင်းဟောင်းမြေနှင့် မြေပေါ်ရှိ အဆောက်အအုံများအား ပညာရေးဝန်ကြီးဌာနက ပြန်လည်ရရှိရေး မည်သို့ ဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • မြင်းမူမဲဆန္ဒနယ်မှ ဦးစိုးစံသက်ထွန်း၏ “မြင်းမူမြို့တွင် သက်မွေးပညာသင်တန်းကျောင်း သို့မဟုတ် အစိုးရနည်းပညာ အထက်တန်းကျောင်းတစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • မိုင်းပန်မဲဆန္ဒနယ်မှ ဦးစိုင်းကျော်မိုး၏ “မိုက်ပုတ်ကျေးရွာရှိ ယခင်ဆောက်လုပ်ခဲ့သော အန္တရာယ်ရှိ ကျောင်းကို စံကိုက်ကျောင်းအဖြစ် အသစ်ဆောက်လုပ်ပေးရန်၊ စာသင်ခုံ၊ ပရိဘောဂများ လုံလောက်စွာ ချထားပေးရန်နှင့် ဖွဲ့စည်းပုံပြည့်မီအောင် ဆရာ၊ ဆရာမ ခန့်အပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထို့နောက် ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်းက “နိုင်ငံသားများအား စားသုံးသူပညာပေးရေး (Consumer Education) ဘာသာရပ်ကို သင်ကြားပေးခြင်းဖြင့် စားသုံးသူရေးရာ အသိပညာ မြင့်မားလာပြီး ရွေးချယ်ဝယ်ယူ သုံးစွဲလာကြခြင်းကြောင့် အန္တရာယ်ရှိသော အစားအစာ၊ ဆေးဝါးအတုများနှင့် ညံ့ဖျင်းသော ဝန်ဆောင်မှုများ စျေးကွက်တွင် အလိုအလျောက် တဖြည်းဖြည်း ပျောက်ကွယ်သွားမည် ဖြစ်ရာ ၄င်းဘာသာရပ်ကို အခြေခံပညာအလယ်တန်း (၆၊ ရ၊ ၈) တန်း သင်ရိုးညွှန်းတမ်းမှစ၍ ထည့်သွင်းသင်ကြားပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်
  • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၊ တောင်သူလယ်သမားနှင့် အလုပ်သမားရေးရာ ကော်မတီ၏ တာဝန်များအား ပြင်ဆင်သတ်မှတ် အတည်ပြုခြင်း၊ ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေးကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်း၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော “ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်း” နှင့် စပ်လျဉ်း၍ ဆွေးနွေးအတည်ပြုခြင်း တို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဦးဝှေ့တင်း၏ “ပလက်ဝမြို့နယ်အတွင်း အစိုးရဌာနတစ်ခုခုမှ အောက်ခြေဝန်ထမ်း၊ အမှုထမ်းအသစ်များ လျှောက်လွှာခေါ်ယူရာတွင် ချင်းပြည်နယ်၏ မြို့တော်ဖြစ်သော ဟားခါးမြို့သို့ ဟားခါးမြို့သို့ ကိုယ်တိုင်သွားရောက်လျှောက်ထားခြင်း၊ အင်တာဗျူး ဖြေရခြင်းတို့ကို ပလက်ဝမြို့တွင်သာ ပြောင်းလဲပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုရာထူးဝန်အဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာဝင်းသိမ်းက ဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးမြင့်နိုင်၏ “ကျောက်တော်မြို့နယ် ကျောက်တော်မှ စပါးဆိပ်(ပီ) နယ်မြေ ငထရံထိ ကျေးရွာချင်းဆက်လမ်းအား ၂၀၁၇ – ၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကျောက်ချောလမ်းခင်းပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်၏ “ပြည်သူ့ဘဏ္ဍာ ငွေကျပ်သန်းပေါင်း ၁၂၇၀၀ ကျော် အကုန်အကျခံ၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သော ဝါးပါးဆည်၊ ကျုံထော်ရေထိန်းတံခါး၊ ရပ်ဆိုင်းနေသော ဒုံသမိလျှပ်စစ်မြစ်ရေတင် စီမံကိန်းများသည် မူရင်းလျာထားချက် မပြည့်မီသည့်အပေါ် ၄င်းစီမံကိန်းသုံးခုအား ပြန်လည်စိစစ်သုံးသပ်၍ ဒေသခံတောင်သူလယ်သမားများ မျှော်လင့်လျက်ရှိသည့် သီးထပ်နွေစပါး စိုက်ပျိုးနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးကင်းရှိန်၏ “စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဂျပန်ချေးငွေဖြင့် တောင်သူလယ်သမားများအား နှစ်ရှည်၊ နှစ်တိုငွေများ ချေးပေးရန် စီမံကိန်းများ ရေးဆွဲနေခြင်းနှင့် ၄င်းဝန်ကြီးဌာန၏ သမဝါယမ ဦးစီးဌာနမှလည်း တောင်သူလယ်သမားများအား ငွေထုတ်ချေးပေးနေခြင်းတို့နှင့် စပ်လျဉ်း၍ သိရှိလိုခြင်း” မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးဖေချစ်၏ “မှော်ဘီမြို့နယ် ချောင်းဝကျေးရွာအုပ်စု သဲအင်းဂူ-နှောကုန်း-သိုက်ကုန်း ကျေးရွာချင်းဆက်လမ်းနှင့် ကျိုးကျလုုနီးဖြစ်နေသော သိုက်ကုန်း သစ်သားတံတားတို့အား လာမည့် ဘဏ္ဍာရေးနှစ်များအတွင်း ဖောက်လုပ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)မှ ဦးခင်မောင်လတ်၏ “ရခိုင်ပြည်နယ်၌ ဆားငန်ဒီရေတာတမံများကို စီမံကိန်းများဖြင့် Master Plan ရေးဆွဲပြီး အရှိန်အဟုန်မြှင့် တည်ဆောက်ရန်နှင့် ထို့သို့ တည်ဆောက်ရန် ပြည်ထောင်စု ရန်ပုံငွေဖြင့် မလုံလောက်ပါက World Bank, ADB နိုင်ငံတကာ အဖွဲ့အစည်းများ၏ ချေးငွေ၊ ထောက်ပံ့ငွေများ ရယူပြီး တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖြေကြား
  • ထို့နောက် စာချုပ်စာတန်းများ မှတ်ပုံတင်ဥပဒေကြမ်းအား လွှတ်တော်မှ အတည်ပြုပေးရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက တင်သွင်းပြီး ဥပဒေကြမ်းကော်မတီဝင် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဒေါက်တာမျိုးအောင်က ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကော်မတီ၏ အစီရင်ခံစာကို လွှတ်တော်သို့ ဖတ်ကြားတင်ပြ
  • အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော် ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s