5th Plenary Session · roundup

လွှတ်တော်သတင်းများ (၆ ဇွန် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး နဝမနေ့ကို ၅.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ကျောက်ဖြူမဲဆန္ဒနယ်မှ ဦးဘရှိန်၏ “ကျန်းမာရေးမှူးများ အပါအဝင် ပြည်သူ့ကျန်းမာရေး ဝန်ထမ်းများအတွက် လုပ်ငန်းခွင်လုံခြုံမှု အကာအကွယ်ရရှိနိုင်ရေးနှင့် လုပ်ငန်း ဆောင်ရွက်မှု ပိုမိုပီပြင်စေရန်အတွက် လိုအပ်သည့် ဥပဒေများ ပြဋ္ဌာန်းပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ချီဖွေမဲဆန္ဒနယ်မှ ဦးဇုံးတိန့်၏ “ကချင်ပြည်နယ် ပြည်သူ့ဆေးရုံကြီးတွင် ရှိသင့်ရှိထိုက်သော ခန္ဓာကိုယ် အစိတ်အပိုင်းအလိုက် အထူးကုဆရာဝန်ကြီးများ အမြန်ဆုံးခန့်ထားပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြား
  • ထို့ပြင် ရမည်းသင်းမဲဆန္ဒနယ်မှ ဦးထွန်းထွန်းဝင်း၊ မြောင်းမြမဲဆန္ဒနယ်မှ ဒေါက်တာ ဦးစိုးမိုးသူ၊ ကြို့ပင်ကောက်မဲဆန္ဒနယ်မှ ဦးဌေးမင်းသိန်း၊ မိုင်းကိုင်မဲဆန္ဒနယ်မှ ဦးစိုင်းဆိုင်မိုင်း၊ လွိုင်လင်မဲဆန္ဒနယ်မှ ဦးခင်မောင်သီနှင့် ကသာမဲဆန္ဒနယ်မှ ဦးမြင့်ကြည်တို့၏ အားကစားကွင်းများ တည်ဆောက်ပေးရေး၊ ဆေးရုံများနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲများ အဆင့်တိုးမြှင့်ရေးရေးဆိုင်ရာ မေးခွန်းများကိုလည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ဖြေကြားခဲ့
  • ထို့နောက် ရေကြည်မဲဆန္ဒနယ်မှ ဒေါက်တာဦးစံရွှေဝင်းက “လူတိုင်းလက်လှမ်းမီသည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းစဉ်များ (Universal Health Coverage) ထိရောက်စွာ အကောင်အထည် ဖော်ဆောင်ရွက်နိုင်ရေး၊ ဆင်းရဲနွမ်းပါးသူများ အပါအဝင် နိုင်ငံသားတိုင်း ထိရောက်သည့် ကျန်းမာရေး ဝန်ဆောင်မှုများ အချိန်မီရရှိစေရေး၊ ယင်းကျန်းမာရေး ဝန်ဆောင်မှု လုပ်ငန်းစဉ်များအတွက် လိုအပ်သည့် ရန်ပုံငွေများ လုံလောက်စွာ ရရှိနိုင်ရေးအတွက် ကဏ္ဍပေါင်းစုံ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် အမျိုးသားကျန်းမာရေး အာမခံစနစ် (National Health Insurance System) တည်ထောင်ဆောင်ရွက်သွားရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ပြီး အဆိုနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်း တင်သွင်းကြရန် အသိပေးကြေညာ
  • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် နိုင်ငံတကာ ဆက်ဆံရေးကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်းနှင့် “တူးမြောင်းဥပဒေကြမ်း”နှင့် စပ်လျဉ်းသည့် ပြင်ဆင်ချက် အဆိုများ ဆွေးနွေး အတည်ပြုခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး နဝမနေ့ကို ၅.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၂)မှ ဦးခင်ဝင်း၏ “မကွေးတိုင်းဒေသကြီး ချောက်မြို့တွင် တည်ဆောက်ထားသော 132/66 KV, 40MVA ဓာတ်အားခွဲရုံ၊ ချောက်မြို့မှ မြို့ချင်းဆက်လမ်းအတိုင်း 66KV Line သွယ်တန်းပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၄)မှ ဦးဟန်ဝင်းသိန်း၏ “ဇောတိက (PTTEP) ကုမ္ပဏီမှ သဘာဝဓာတ်ငွေ့ပိုက်လိုင်း သွယ်တန်းပြီး ရဲတံခွန်ပိုက်လိုင်းနှင့် ဇောတိက ပိုက်လိုင်းနှစ်လိုင်းကြား ဥယျာဉ်ခြံတောင်သူများ လုပ်ကိုင်စားသောက်ခွင့် မရတော့သော သီးပင်စားပင်များအား ယခင်ရတနာ (TOTAL) သဘာဝဓာတ်ငွေ့ကုမ္ပဏီနှင့် ရဲတံခွန် (PETRONAS) သဘာဝဓာတ်ငွေ့ ကုမ္ပဏီများကဲ့သို့ သစ်ပင်တန်ဖိုး၏ သုံးနှစ်စာ နစ်နာကြေး၊ လျော်ကြေးအဖြစ် ပေးနိုင်ခြင်းရှိ/မရှိ” ကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • ယင်းနောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁)မှ ဦးအေးမင်းဟန်နှင့် ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)မှ ဦးစိုင်းသန်းနိုင်တို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်တို့က ပြန်လည်ရှင်းလင်းဖြေကြားကြ
  • ထို့နောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဥပဒေကြမ်းကော်မတီဝင် ဗိုလ်မှူးချုပ် ခင်မောင်အေးက ပြန်လည်ဖတ်ကြားရှင်းလင်း
  • ယင်းနောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြု
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s