5th Plenary Session · roundup

လွှတ်တော်သတင်းများ (၇ ဇွန် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ပဥ္စမနေ့ကို ၆.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာရှဒေသသစ်တော ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့အစည်းတည်ထောင်ခြင်းဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံမှ ပါဝင် လက်မှတ်ရေးထိုးရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ရှင်းလင်းတင်ပြ
  • ယင်းကိစ္စနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ဆုံးဖြတ်
  • ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးမှ ပေးပို့သော ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက ရှင်းလင်းတင်ပြ
  • အဆိုပါ အစီရင်ခံစာနှင့် စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်းပေါင်း ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၆/၂၀၁၇) ကို ကော်မတီက ဖတ်ကြားတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယင်းနောက် ရေခွန်နှင့် တာတမံဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီ အဆိုပြုချက်ကို မူတည်ပြီး တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အတည်ပြုချက် ရယူပြီး ဥပဒေကြမ်း တစ်ရပ်လုံးကို လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်
  • ထို့နောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံတို့အကြား သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းနှင့် တုံ့ပြန်ခြင်းတို့တွင် ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ သဘောတူစာချုပ်ကို မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးရန်ကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက ဆွေးနွေးကြ
  • အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက စာချုပ်ကို လက်မှတ်ရေးထိုးနိုင်ရေးအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုပေးနိုင်ပါရန် တင်ပြဆွေးနွေးရာ လွှတ်တော်က သဘောတူအတည်ပြုကြောင်း ဆုံးဖြတ်
  • ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော စုစည်းမှုမရှိသော အလွတ်သဘောဆောင်သည့် စီးပွားရေးလုပ်ငန်းမှ စနစ်တကျလုပ်ဆောင်သော စီးပွားရေးလုပ်ငန်းသို့ ကူးပြောင်းခြင်းဆိုင်ရာ တိုက်တွန်းချက်အမှတ် ၂၀၄ ကို မှတ်တမ်းတင်နိုင်ရေးကိစ္စနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးက ဆွေးနွေးကြ
  • အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက လွှတ်တော်က မှတ်တမ်းတင်ပေးနိုင်ပါရန် ရှင်းလင်းတင်ပြရာ လွှတ်တော်မှ မှတ်တမ်းတင်ရန် သဘောတူ အတည်ပြုကြောင်း ဆုံးဖြတ်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s