5th Plenary Session · roundup

လွှတ်တော်သတင်းများ (၉ ဇွန် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို ၈.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မတူပီမဲဆန္ဒနယ်မှ ဦးပါထန်း၏ “မတူပီမြို့နယ်တွင် ၆၆ ကေဗွီ မဟာဓာတ်အားလိုင်း သွယ်တန်းပေးရေး အမြန်ဆုံးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • လေရှီးမဲဆန္ဒနယ်မှ ဦးကျော်ဌေး၏ “လေရှိးမြို့နယ်ရှိ ကျေးရွာများ လျှပ်စစ်မီးရရှိရေးအတွက် နန်ဝန်ချောင်းနှင့် နန်းသလက်ချောင်းများတွင် အသေးစားနှင့် အလတ်စား ရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • နတ်မောက်မဲဆန္ဒနယ်မှ ဦးအောင်တင်လင်း၏ “နတ်မောက်မြို့နယ် ရွာမွန်ကျေးရွာအနီးတွင် ၆၆/၁၁ ကေဗွီ (၅) အမ်ဗွီအေ ဓာတ်အားခွဲရုံ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနို်င်က ဖြေကြား
  • ကျောက်ကြီးမဲဆန္ဒနယ်မှ ဦးမြင့်ငွေ၏ “၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကျောက်ကြီးမြို့နယ် မုန်းမြို့၌ ၃၃/၁၁ K, V, 3 MVA ဓာတ်အားခွဲရုံ တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိနှင့် N.E.P စီမံချက်အတိုင်း လုပ်ဆောင်နိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • ရေနံချောင်းမဲဆန္ဒနယ်မှ ဦးသာချို(ခ)ဦးတင်ကြိုင်၏ “ရေနံချောင်းမြို့တွင် ရေနံနှင့် သဘာဝဓာတ်ငွေ လုပ်ငန်းနှင့် စက်မှုဇုန်တည်ရှိနေခြင်းကြောင့် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အား ပြည့်ဝစေရန် ၆၆ KV ဓာတ်အားလိုင်းနှင့် ၆၆ KV ဓာတ်အားခွဲရုံ တည်ဆောက်ပေးရန်” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ဖြေကြား
  • ထို့နောက် မင်းဘူးမဲဆန္ဒနယ်မှ ဦးဝင်းဝင်း တင်သွင်းထားသည့် “ပြည်တွင်း၌ ထုတ်လုပ်နေသော ယူရီးယား ဓာတ်မြေသြဇာများအား အရည်အသွေးကို ထိန်းသိမ်းနိုင်ရန် စနစ်တကျ ထုပ်ပိုးပြီး တောင်သူများလက်ဝယ်သို့ သင့်တင့်မျှတသော စျေးနှုန်းဖြင့် အဆင်ပြေချောမွေ့စွာ ဖြန့်ဖြူးပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော် (၈)ဦးက ဆွေးနွေးကြ
  • အဆိုနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင် ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာထွန်းနိုင်က ရှင်းလင်းတင်ပြ
  • အဆိုနှင့်စပ်လျဉ်း၍ အဆုံးအဖြတ် ရယူရာတွင် လွှတ်တော်က ယင်းအဆိုကို မှတ်တမ်းတင် စောင့်ကြည့်ရန်ဆုံးဖြတ်
  • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် လွှတ်တော်အခွင့်အရေးကော်မတီ၏ အစီရင်ခံစာ အတည်ပြုခြင်းနှင့် အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေး ဥပဒေကြမ်း လက်ခံရရှိကြောင်း အသိပေး တင်ပြခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး (၁၁) ရက်မြောက်နေ့ကို ၈.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၏ ရှေ့မှောက်၌ ကတိသစ္စာ မပြုရသေးသော တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းက ကတိသစ္စာပြု၍ ကတိသစ္စာပြုလွှာ ပေါ်တွင် လက်မှတ်ရေးထိုး
  • ထို့နောက် ကရင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၂)မှ စောယှားဖောင်အွာ၏ “ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ကိုယ့်အားကိုယ့်ကိုး စာသင်ကျောင်းများအား သင်ထောက်ကူ ပစ္စည်းများ၊ ဆရာ ဆရာမများနှင့် ထောက်ပံ့ငွေများ ကူညီပံ့ပိုးပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြား
  • ယင်းနောက် ကယားပြည်နယ် မဲဆန္ဒနယ်အမှတ်(၇)မှ ဦးအောင်ကျော်စိုးနှင့် ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးလားလ်မင်းထန်တို့၏ ပညာရေးကဏ္ဍဆိုင်ရာ မေးခွန်းတို့နှင့် စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြန်လည်ဖြေကြား
  • ထို့နောက် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်းက “ပြည်သူ့စာရင်းကိုင်များ ပျက်ကွက်မှုအက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်း”ကို အတည်ပြုရန် အဆိုတင်သွင်းရာ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၉)မှ ဦးမောင်မောင်လတ်က ထောက်ခံ
  • ယင်းနောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ဆုံးဖြတ်
  • ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း၏ “ထောင်စုနှစ်ရည်မှန်းချက် ၁၇ ချက်မှ စတုတ္ထအချက်ဖြစ်သော Quality Education အတွက် မြန်မာနိုင်ငံရှိ ပညာရေးကောလိပ်၊ အထက်တန်းနှင့် အလယ်တန်းကျောင်းများ၏ သင်ရိုးညွှန်းတမ်းတွင် အထွေထွေဘာသာရပ် အခန်း၌ “မျိုးဆက်ပွား ကျန်းမာရေး”၊ “ပြည်သူ့နီတိ”၊ “ဒီမိုကရေစီ” တို့ကို ဘာသာရပ်များအဖြစ် မိတ်ဆက်သင်ပေးရုံမျှမက လက်ခံကျင့်သုံးရန် စီမံဆောင်ရွက်ပေးစေလိုကြောင်း ပြည်ထောင်စုအစိုးရ အား တိုက်တွန်းကြောင်း” အဆိုကို လွှတ််တော်ကိုယ်စားလှယ် (၉)ဦးက ဆွေးနွေးကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s