5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၀ ဇွန် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကို ၉.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် တပ်မတော်သယ်ယူပို့ဆောင်ရေးလေယာဉ် မတော်တဆဖြစ်စဉ်နှင့် ပတ်သက်၍ သေဆုံးသူများနှင့် ပျောက်ဆုံးနေသူများ၏ မိသားစုများ၊ ဆွေမျိုးများ၊ မိတ်ဆွေ သူငယ်ချင်းများနှင့်အတူ ထပ်တူထပ်မျှ ပူဆွေးဝမ်းနည်း ကြေကွဲကြောင်းအဆို လွှတ်တော်ကအတည်ပြုပြီး ယင်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များက နှစ်မိနစ် ငြိမ်သက်မေတ္တာပို့ကြ
  • ထို့ပြင် အစည်းအဝေးတွင် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော “ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်း” တို့ကို လွှတ်တော်က မှတ်တမ်းတင်
  • ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က နိုင်ငံတော်သမ္မတက ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီးများအဖြစ် အဆိုပြုတင်ပြထားသော ဦးမြဟန်၊ ဦးမျိုးတင့်၊ ဦးစိုးနိုင်၊ ဦးခင်မောင်ကြည်တို့နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ အဖြစ် အဆိုပြု တင်ပြထားသော ဦးမြင့်နိုင်နှင့် ဦးသန်းဌေးတို့အား လွှတ်တော်သို့ အမည်စာရင်း တင်ပြပြီး ကန့်ကွက်လိုသူ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယင်းနောက် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံးမှပေးပို့သော ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု လွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေနှင့် စပ်လျဉ်းသည့် စစ်ဆေးတွေ့ရှိချက် အစီရင်ခံစာအပေါ် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၆/၂၀၁၇) နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၉)ဦးက ဆွေးနွေးကြ
  • ထို့နောက် ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ (၆/၂၀၁၇) အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များနှင့် စပ်လျဉ်း၍ ပြည်ထောင်စု စာရင်းစစ်ချုပ် ဦးမော်သန်းက ပြန်လည်ရှင်းလင်းဆွေးနွေး
  • ပြည်ထောင်စုစာရင်းစပ်ချုပ်ရုံးက ပေးပိုသည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုလွှတ်တော်ဆိုင်ရာ ဖွံ့ဖြိုးရေးရန်ပုံငွေ စပ်လျဉ်းသည့် အစီရင်ခံစာကို လွှတ်တော်က မှတ်တမ်းတင်ရန် သဘောတူခဲ့ပြီး ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ အစီရင်ခံစာ (၆/၂၀၁၇) ကို လွှတ်တော်က သဘောတူ အတည်ပြုကြောင်း ဆုံးဖြတ်
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s