5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၃ ဇွန် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို ၁၂.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ဦးသန့်ဇင်ထွန်း၏ “ဒက္ခိဏသီရိမြို့နယ် တိုင်းပလွေးသစ်တော ကြိုးဝိုင်းနှင့် စိန်တစ်လုံးသရက်ဇုန် စီမံကိန်းအတွက် သိမ်းဆည်းခံမြေများ နှင့်ပတ်သက်၍ သိမ်းယူခဲ့သည့် ပုဂ္ဂလိကနှင့် ကုမ္ပဏီအဖွဲ့အစည်းများအား ဥပဒေ၊ နည်းဥပဒေများနှင့် အညီ ဖြေရှင်းဆောင်ရွက်ပေးရန်၊ အဆိုပါစီမံကိန်းသည် ဒေသအတွက် အကျိုးပြု၊ မပြုနှင့် ဆောင်ရွက်ရန် ကျန်ရှိသော မြေများအား တောင်သူများကို တရားဝင်လုပ်ပိုင်ခွင့် သို့မဟုတ် သစ်တောဦးစီးဌာနနှင့် အကျိုးတူ လုပ်ပိုင်ခွင့်ပြုရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • စေတုတ္ထရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၏ “စေတုတ္ထရာမြို့နယ်တွင် ကြီးအုံကြီးဝ တမံပိတ်မှုကြောင့် လယ်ယာမြေများ နှစ်စဉ်မိုးကာလတိုင်း နစ်မြုပ်၍ ဒေသခံ တောင်သူများ စားဝတ်နေရေး ဒုက္ခရောက်နေမှုအား ဥပဒေနှင့်အညီ နစ်နာကြေးနှင့် အစားထိုး မြေယာ ဖော်ဆောင်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ဆောမဲဆန္ဒနယ်မှ ဦးကျော်တင်၏ “လယ်ယာမြေသစ်များ ဖော်ဆောင်နိုင်ရန် အသေးစား၊ အလတ်စား၊ တာတမံများ၊ ရေလှောင်ကန်များ၊ ဆည်မြောင်းအင်ဂျင်နီယာများနှင့် လိုအပ်မည့် ဘဏ္ဍာငွေကြေးများ ခွင့်ပြုပေးနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ပုသိမ်ကြီးမဲဆန္ဒနယ်မှ ဦးသောင်းဌေးလင်း၏ “မန္တလေးမြို့ အပြင်ဘက်သို့ အိမ်ရာများ တိုးချဲ့ဆောက်လုပ်နေထိုင်မှုကြောင့် ပုသိမ်ကြီး မြို့နယ်အတွင်းရှိ လယ်ယာမြေများ ပျက်စီးဆုံးရှုံးလာခြင်း အပေါ်သက်ဆိုင်ရာမှ အမြန်ဆုံး ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ထို့ပြင် ဒီပဲယင်းမဲဆန္ဒနယ်မှ ဦးဝင်းမြင့်အောင်၊ လင်းခေးမဲဆန္ဒနယ်မှ ဦးစိုင်းဘသိန်း၊ ပလက်ဝမဲဆန္ဒနယ်မှ ဦးစိန်အောင်နှင့် မာန်အောင်မဲဆန္ဒနယ်မှ ဦးတင်နု(ခ) ဦးတင်နုအောင်တို့၏ ခရိုင်ချင်းဆက်လမ်း အဆင့်မြှင့်တင်ပေးရေး၊ တံတားတည်ဆောက်ပေးရေး၊ စိုက်ပျိုးရေးနည်းပညာနှင့် မတည်ရင်းနှီးငွေများ ထုတ်ပေးရေးနှင့် လျှိုပိတ်ဆည် တည်ဆောက်ပေးရေးဆိုင်ရာ မေးခွန်းများကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ဖြေကြားခဲ့
  • ထို့နောက် လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦးက “နိုင်ငံတစ်ဝန်း သဘာဝဘေးအန္တရာယ်များနှင့် အင်းဆက်ပိုးမွှားများကြောင့် နစ်နာဆုံးရှုံးနေကြသော တောင်သူလယ်သမားများ၏ အကျိုးစီးပွားအတွက် အာမခံချက်ရှိစေမည့် သီးနှံအာမခံလုပ်ငန်းများကို ဆောလျင်စွာ အကောင်အထည် ဖော်ဆောင်ပေးရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို တင်သွင်းရာ လွှတ်တော်က လက်ခံဆွေးနွေးရန် သဘောတူကြောင်း ဆုံးဖြတ်ပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းကြရန် အသိပေးကြေညာ
  • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ အစီရင်ခံစာအား အတည်ပြုခြင်း၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော “တရားခံလွှဲပြောင်းရေး ဥပဒေကြမ်း” လက်ခံရရှိကြောင်းနှင့် ပြင်ဆင်ချက် အဆို တင်သွင်းလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း အသိပေးတင်ပြခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ကို ၁၂.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ “ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ချောင်းဝကျေးရွာအုပ်စု ချောင်းဝ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် ဟောင်းနွမ်းပျက်စီးနေပြီး အန္တရာယ်ရှိနေသော ကျောင်းဆောင်ဟောင်းနေရာ၌ ပေ(၁၂၀x၃၀) RC တစ်ထပ် အဆောင်သစ်တစ်ဆောင်ကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်အမီ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက အမျိုးသားလွှတ်တော်က အတည်ပြုပြီး ပေးပို့ထားသော မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေး လုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြပြီး ယင်းဥပဒေကြမ်းအား ဆွွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယင်းနောက် ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၅)မှ ဒေါက်တာတင်တင်ဝင်း၏ “ထောင်စုနှစ်ရည်မှန်းချက် (၁၇)ချက်မှ စတုတ္ထအချက်ဖြစ်သော Quality Education အတွက် မြန်မာနိုင်ငံရှိ ပညာရေးကောလိပ်၊ အထက်တန်းနှင့် အလယ်တန်းကျောင်းများ၏ သင်ရိုးညွှန်းတမ်းတွင် အထွေထွေ ဘာသာရပ်အခန်း၌ “မျိုးဆက်ပွားကျန်းမာရေး”၊ “ပြည်သူ့နီတိ”၊ “ဒီမိုကရေစီ” တို့ကို ဘာသာရပ်များအဖြစ် မိတ်ဆက်သင်ပေးရုံမျှမက လက်ခံကျင့်သုံးရန် စီမံ ဆောင်ရွက် ပေးစေလိုကြောင်း ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုကို လွှတ်တော်ကိုယ်စားလှယ်(၈)ဦးက ဆွေးနွေးကြ၏
  • ယင်းနောက် အဆိုနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည် ရှင်းလင်းဆွေးနွေး
  • ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းအဆိုနှင့် စပ်လျဉ်း၍ အဆိုရှင်၏ သဘောထားအရ လွှတ်တော်က မှတ်တမ််းတင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s