5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၅ ဇွန် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ၁၄.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေး၏ “ပျော်ဘွယ်မြို့နယ်နေ မြို့နေလူထု တိုးပွားလာမှု၊ ဝန်ထမ်းအိမ်ရာ မလုံလောက်မှု၊ ကျူးကျော်အိမ်ထောင်စုများ များပြားလာမှုတို့ကြောင့် မြန်မာ့အထည်လိပ်လုပ်ငန်း စက်မှုကုန်ကြမ်း စီမံဌာနပိုင်မြေမှ အသုံးမပြုတော့သည့်မြေအား မြို့မြေအဖြစ် လွှဲပြောင်းသတ်မှတ်ပေးနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ဖြေကြား
  • နမ္မတူမဲဆန္ဒနယ်မှ ဒေါ်နန်းခမ်းအေး၏ “နမ္မတူမြို့မရဲစခန်း၊ အချုပ်ခန်း၊ အပြင်ပတ်လမ်းရှိ ဆွေးမြည့်နေသော သစ်သားချောင်းများ၊ အကာအရံများအား ပြုပြင်ပေးရန်၊ အချုပ်သားများအတွက် ဆေးရုံအချုပ်ခန်း သို့မဟုတ် အခန်းတစ်ခန်း သီးသန့်ဆောင်ရွက်ပေးရန်၊ ရဲအင်အားတိုးမြှင့်ပေးရန်၊ နမ္မတူနှင့် ဘော်တွင်းရှိ ရဲစခန်းနှင့် ရဲဝန်ထမ်းအိမ်ရာများ ပြင်ဆင်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ထို့ပြင် ဒေးဒရဲမဲဆန္ဒနယ်မှ ဒေါက်တာဒေါ်ခင်ညို၊ ကမာရွတ်မဲဆန္ဒနယ်မှ ဦးကျော်မင်း၊ ထားဝယ်မဲဆန္ဒနယ်မှ ဦးအောင်စိန်နှင့် လင်းခေးမဲဆန္ဒနယ်မှ ဦးစိုင်းဘသိန်းတို့၏ လုပ်ငန်းငယ်များကို စုစည်း၍ နည်းပညာနှင့် ငွေကြေးပံ့ပိုးရေး၊ ကမာရွတ်မြို့နယ်တွင် မီးသတ်စခန်း ဖွင့်လှစ်ပေးရေး၊ မေတ္တာမြို့ မြေကွက်များကို နှစ်ပေါင်း ၉၀ အထိ လဲလှယ်ခွင့်ရှိသော ဂရန်များ ထုတ်ပေးရေးနှင့် လင်းခေးမြို့ရှိ လူထုရုံကြီးအား အသစ်ပြန်လည် တည်ဆောက်ပေးရေးဆိုင်ရာ မေးခွန်းများကိုလည်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုနှင့် ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးတို့က ပြန်လည်ဖြေကြားခဲ့
  • ထို့နောက် လှိုင်းဘွဲ့မဲဆန္ဒနယ်မှ ဦးခင်ချိုတင်သွင်းထားသည့် “နိုင်ငံ၏ အလုပ်လက်မဲ့ ပြဿနာများ တဖြည်းဖြည်း လျော့နည်းကျဆင်းလာရေး နိုင်ငံတော်အစိုးရမှ စနစ်တကျ စီမံချက်ချ အကောင်အထည်ဖော် ဆောင်ရွက်ရေးတိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၁၁) ဦးက ဆွေးနွေးကြ
  • အဆိုနှင့်စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြ
  • ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာ
  • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်၊ ပညာရေးမြှင့်တင်မှု ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ တင်ပြခြင်း၊ အထူးထိမ်းမြားခြင်းဆိုင်ရာ အက်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းခြင်းနှင့် အစီရင်ခံစာ ဖတ်ကြားခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး သတ္တမမြောက်နေ့ကို ၁၄.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် နိုင်ငံတော်သမ္မတက ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများ အဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် အဆိုပြုတင်ပြသော ဦးမြဟန်၊ ဦးမျိုးတင့်၊ ဦးစိုးနိုင်၊ ဦးခင်မောင်ကြည်နှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်များအဖြစ် ခန့်အပ်တာဝန်ပေးအပ်ရန် အဆိုပြု တင်ပြသော ဦးမြင့်နိုင်၊ ဦးသန်းဌေးတို့အား လွှတ်တော်က သဘောတူကြောင်း ကြေညာ
  • ထို့နောက် နိုင်ငံတော်သမ္မတက ပေးပို့ထားသော မွန်ပြည်နယ်စည်ပင်သာယာရေးနှင့် ဆောက်လုပ်ရေးဝန်ကြီး ခန့်အပ်တာဝန်ပေးခြင်းကို လွှတ်တော်က မှတ်တမ်းတင်
  • ယင်းနောက် လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသော ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာကို အဖွဲ့ဝင် ဦးဇော်ဝင်းက ဖတ်ကြားတင်ပြ
  • ယင်းအစီရင်ခံစာနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသော ကိုယ်စားလှယ်များရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s