5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၆ ဇွန် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့ကို ၁၅.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ဘိုကလေးမဲဆန္ဒနယ်မှ ဦးမင်းသိုင်း၏ “အခြေခံပညာ တက္ကသိုလ်ဝင် စားမေးပွဲတွင် ဘာသာရပ်ဆိုင်ရာ မေးခွန်းများ၌ အင်္ဂလိပ်ဘာသာရပ် မေးခွန်းပုံစံကို ဘာသာရပ်ဆိုင်ရာ မေးခွန်းများ၌ အင်္ဂလိပ်ဘာသာရပ် မေးခွန်းပုံစံကို သဒါ္ဒဦးစားပေးသော အင်္ဂလိပ်စာမေးခွန်းပုံစံအဖြစ် ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပုံစံသစ်ပြောင်းလဲမေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ပူတာအိုမဲဆန္ဒနယ်မှ ဦးမိုးရွှေ၏ “မာမိန်အခြေခံပညာ အလယ်တန်းကျောင်းခွဲ၊ လယ်မယ်ဝါကျီမူလွန်ကျောင်း၊ မာမိန်ရှိဒီး အခြေခံပညာ မူလတန်းကျောင်း၊ ဒုတ္တန်အခြေခံပညာ မူလတန်းကျောင်းတို့အား ကျောင်းဆောင်သစ် အစားထိုး ဆောက်လုပ်ပေးနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ဖြေကြား
  • ထို့ပြင် မြစ်သားမဲဆန္ဒနယ်မှ ဒေါက်တာ ဦးလင်းလင်းကျော်နှင့် ယင်းမာပင်မဲဆန္ဒနယ်မှ ဦးအောင်စိုးတို့၏ တတိယတန်း မြန်မာဖတ်စာအုပ်ပါ “အောင်ဆန်းဇာနည်” ကဗျာတွင် မူရင်း ကဗျာဆရာအမည်နှင့် မူရင်းကဗျာစာသား ဖော်ပြပေးရန်နှင့် အခြေခံပညာ အထက်တန်းကျောင်း အဆင့်တိုးမြှင့်ပေးရန် ဆိုင်ရာ မေးခွန်းများကိုလည်း ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်လည်ဖြေကြားခဲ့
  • ထို့နောက် ကျိုက်လတ်မဲဆန္ဒနယ်မှ ဦးရန်လင်းတင်သွင်းထားသည့် “နိုင်ငံသားများအား စားသုံးသူ ပညာပေးရေး (Consumer Education) ဘာသာရပ်ကို သင်ကြားပေးခြင်းဖြင့် စားသုံးသူရေးရာ အသိပညာ မြင့်မားလာပြီး ရွေးချယ်ဝယ်ယူ သုံးစွဲလာကြခြင်းကြောင့် အန္တရာယ်ရှိသော အစားအစာ၊ ဆေးဝါအတုများနှင့် ညံ့ဖျင်းသော ဝန်ဆောင်မှုများ စျေးကွက်တွင် အလိုအလျောက် တဖြည်းဖြည်း ပျောက်ကွယ်သွားမည်ဖြစ်ရာ ၄င်းဘာသာရပ်ကို အခြေခံပညာ အလယ်တန်း (၆၊ ရ၊ ၈) တန်း သင်ရိုးညွှန်းတမ်းမှစ၍ ထည့်သွင်းသင်ကြားပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် ၁၆ ဦးက ဆွေးနွေးကြ
  • အဆိုနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ရှင်းလင်းတင်ပြ
  • ယင်းအဆိုကို လွှတ်တော်က မှတ်တမ်းတင်ကြောင်း ဆုံးဖြတ်
  • ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော် ကျန်းမာရေးနှင့်အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်း၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်မရှိ အတည်ပြု၍ ပေးပို့လာသော “ပြည်သူ့စာရင်းကိုင်များ ပျက်ကွက်မှုအက်ဥပဒေကို ရုပ်သိမ်းသည့်ဥပဒေကြမ်း” လက်ခံရရှိကြောင်း အသိပေးခြင်းနှင့် အစီရင်ခံစာ ဖတ်ကြားခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၁၄ ရက်မြောက်နေ့ကို ၁၅.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးကျော်သန်း၏ “ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ မြို့မစည်ပင်သာယာစျေးကြီး၏ ပျံကျစျေးသစ်နေရာအား ကိုယ်ကျိုးအတွက် ရောင်းချထားသူများကို အရေးယူပေးရန်နှင့် ကူးတို့ခကို သတ်မှတ်နှုန်းထက်ပို၍ ကောက်ခံမှုကို အရေးယူ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးကိုကိုနိုင်၏ “မြန်မာနိုင်ငံအတွင်းရှိ အကျဉ်းထောင် ၆၆ ထောင်အတွက် အကျဉ်းထောင် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးမှူးများ အပါအဝင် ကျန်းမာရေးဝန်ထမ်းများ ပြည့်စုံစွာ သီးသန့်ခန့်အပ်ထားရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ဖြေကြား
  • ထို့နောက် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၂)မှ ဦးတက်ထွန်းအောင်၊ မွန်ပြည်နယ် မဲဆန္ဒနယ် အမှတ် (၁၁) မှ ဦးလှမြင့် (ခ) ဦးလှမြင့်သန်း၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၉)မှ ဦးဖေချစ်နှင့် ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၄)မှ ဦးနောင်နဂျာတန်တို့၏ မြို့မြေအဖြစ် သတ်မှတ်နေထိုင်ခွင့်ပြုရန် မေးခွန်းနှင့် စားကျက်မြေ သတ်မှတ်ပေးရန် မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြန်လည်ရှင်းလင်းဖြေကြား
  • ယင်းနောက် စာချုပ်စာတန်းများ မှတ်ပုံတင် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၃)ဦးက ဆွေးနွေးကြ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s