5th Plenary Session · roundup

လွှတ်တော်သတင်းများ (၁၇ ဇွန် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့အား ၁၆.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် မိုင်းရယ် မဲဆန္ဒနယ်မှ ဦးစိုင်းသီဟကျော်၏ “ရှမ်းပြည်နယ်၏ ဒေသထွက် စိုက်ပျိုးသီးနှံကုန်စည်များ စျေးနှုန်းကျဆင်းနေခြင်း၊ အရောင်းအဝယ် မဖြစ်ဘဲ ပြည်တွင်းပြည်ပ စျေးကွက် ပျောက်နေခြင်းများ ကြုံတွေ့နေရသည့်အတွက် မည်ကဲ့သို့ အစီအစဉ်များ ချမှတ် ဆောင်ရွက်ပေးမည်ကို သိလိုခြင်းနှင့် အသေးစား စက်မှုလုုပ်ငန်းရှင်များ ဆက်လက် ရပ်တည်နိုင်ရေး အတွက် မည်ကဲ့သို့ ကူညီဆောင်ရွက်ပေးမည်ကို သိရှိလိုကြောင်း” မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ဖြေကြား
  • မကွေးမဲဆန္ဒနယ်မှ ဦးမြင့်ဦး၏ “မကွေးမြို့ လေဆိပ်ကို ခရီးသည်တင် လေယာဉ်များ ဆင်းသက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြား
  • လမ်းမတော်မဲဆန္ဒနယ်မှ ဦးခင်မောင်ဝင်း၏ “တရားမဝင် ဂြိုဟ်တုစလောင်းနှင့် ရုပ်သံဖမ်းစက်များကို ဥပဒေနှင့်အညီ နည်းလမ်းတကျ အခွန်အခကောက်ခံနိုင်ရေးနှင့် လိုအပ်သလို အရေးယူပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြား
  • ထို့ပြင် စေတုတ္ထရာမဲဆန္ဒနယ်မှ ဦးကျော်အောင်လွင်၊ ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေနှင့် တောင်ဥက္ကလာပ မဲဆန္ဒနယ်မှ ဒေါက်တာဦးစောနိုင်တို့၏ လယ်ယာထွက်ကုန် သီးနှံများ စျေးကောင်းရရှိရေး၊ သင်္ဘောဆိပ်ခံတံတား တည်ဆောက်ပေးရေးနှင့် ခုံးကျော်တံတား တည်ဆောက်ပေးရေး ဆိုင်ရာ မေးခွန်းများကိုလည်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးတို့ ပြန်လည်ဖြေကြားခဲ့ကြ
  • ထို့နောက် ပြည်သူ့လွှတ်တော် တိုင်းရင်းသားရေးရာနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မတီ၏ အစီရင်ခံစာနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၁၁) ဦးက အကြံပြုဆွေးနွေး
  • ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ယင်းအစီရင်ခံစာအား လွှတ်တော်၏ အဆုံးအဖြတ် ရယူ၍ အတည်ပြု
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်နေ့အား ၁၆.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)မှ ဦးဥက္ကာမင်း၏ “ငါးလုပ်ငန်းဦးစီးဌာန အနေဖြင့် ကမ်းဝေးငါးဖမ်း ရေယာဉ်များအား နိုင်ငံတကာ စံနှုန်းများနှင့် အညီ VMS (Vessel Monitoring System) တပ်ဆင်ရန်အတွက် အမိန့်၊ ညွှန်ကြားချက်များ ထုုတ်ပြန်၍ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၂)မှ ဦးခင်မျိုးဝင်း၏ “တနင်္သာရီတိုင်းဒေသကြီး ကရသူရိမြို့ သင်္ချိုင်းမြေ ပြန်လည်စွန့်လွှတ်ပေးရန် သို့မဟုတ် သင်္ချိုင်းမြေနေရာအသစ် အမြန်ဆုံး ဖော်ထုတ်သတ်မှတ်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ထို့နောက် မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)မှ ဒေါက်တာဇော်လင်းထွဋ်နှင့် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အမှတ်(၃)မှ ဦးခင်မောင်လတ်တို့၏ တမံဆောက်လုပ်ပေးရန် မေးခွန်းနှင့် Model စိုက်ပျိုး၊ မွေးမြူရေးဇုန် တစ်ခု တည်ထောင်ပေးရန် မေးခွန်းတို့နှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ပြန်လည်ရှင်းလင်းဖြေကြား
  • ယင်းနောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော တာတမံ ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်က ဆွေးနွေးနိုင်ရန် ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ ဥပဒေကြမ်းကော်မတီဝင် ဦးဆန်းမြင့်က ဖတ်ကြားရှင်းလင်း
  • ထို့နောက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များ ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
  • ယင်းနောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြုပြီး ပေးပို့လာသော ရေနံနှင့် ရေနံထွက် ပစ္စည်းဆိုင်ရာ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ကော်မတီ၏ အစီရင်ခံစာကို ကရင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၆)မှ ဥပဒေကြမ်း ကော်မတီဝင် ဒေါ်နန်းနီနီအေးက ပြန်လည် ဖတ်ကြားရှင်းလင်း
  • ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြု
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s