5th Plenary Session · roundup

လွှတ်တော်သတင်းများ (၂၀ ဇွန် ၂၀၁၇)

မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ

  • ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၁၇ ရက်မြောက်နေ့ကို ၁၉.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ငပုတောမဲဆန္ဒနယ်မှ ဦးသန်းအောင်၏ “နွေရာသီတွင် ငပုတောမြို့နယ်၌ အဆိုးရွားဆုံးသော သောက်သုံးရေပြတ်လပ်မှုကို ဖူလုံစေရန် မြေသားမိုးရေလှောင်ကန်များ၊ ရေလှောင်တမံများ၊ အဝီစိစက်တွင်းများ အမြန်ဆုံး တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ဒဂုံမြို့သစ်(တောင်ပိုင်း)မဲဆန္ဒနယ်မှ ဦးအေးနိုင်၏ “ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် သိမ်ကျောင်းချောင်း သစ်ဆိပ်စခန်းအနီးရှိ ရေတံခါးအမှတ်(၉)သည် ရေသွင်း ရေထုတ်ကောင်းစွာ မလုပ်နိုင်သဖြင့် ၄င်းရေတံခါးအနီးတွင် ရေတံခါး အသစ်တစ်ခု တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ဝက်လက်မဲဆန္ဒနယ်မှ ဦးမြင့်သိန်း၏ “ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောဧရိယာအတွင်း လက်ရှိလုပ်ကိုင်နေသော တောင်သူများ၏ လယ်ယာမြေများကို စနစ်တကျ စိစစ်ပြီး စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင်၏ “၂၀၀၃-၂၀၀၄ ခုနှစ်တွင် ဂရိတ်ဝေါ ကုမ္ပဏီက သကြားစက်ရုံ တည်ဆောက်ရန် သိမ်းယူခဲ့သော အောင်သာယာကျေးရွာနေ တောင်သူ ၂၈ ဦး၏ လယ်ယာမြေ စုစုပေါင်း ဧရိယာ ၄၂ ဒသမ ၀၆ ဧကကို မူလမြေပိုင်ရှင်များထံ ပြန်လည် ပေးအပ်နိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဖြေကြား
  • ထို့နောက် လယ်ဝေးမဲဆန္ဒနယ်မှ ဦးမျိုးဇော်ဦး တင်သွင်းထားသည့် “နိုင်ငံတစ်ဝန်း သဘာဝဘေး အန္တရာယ်များနှင့် အင်းဆက်ပိုးမွှားများကြောင့် နစ်နာဆုံးရှုံးနေကြသော တောင်သူလယ်သမားများ၏ အကျိုးစီးပွားအတွက် အာမခံချက်ရှိစေမည့် သီးနှံအာမခံ လုပ်ငန်းများကို ဆောလျင်စွာ အကောင်အထည် ဖော်ဆောင်ပေးရေး ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့် စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၃)ဦးက ဆွေးနွေး
  • ယင်းအဆိုနှင့်စပ်လျဉ်း၍ ဆွေးနွေးရန်ကျန်ရှိသည့် လွှတ်တော်ကိုယ်စားလှယ်များ ဆက်လက်ဆွေးနွေးခြင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်က ပြန်လည် ရှင်းလင်းခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူခြင်းတို့ကို ဇွန် ၂၁ တွင် ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရ
  • ထို့ပြင် ယနေ့အစည်းအဝေးတွင် ပြည်သူ့လွှတ်တော်ဘဏ်များနှင့် ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ၏ နှစ်ပတ်လည် အစီရင်ခံစာ ဖတ်ကြားတင်ပြခြင်း၊ အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့သော “ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်း”နှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ ပြင်ဆင်ချက်များကို တင်ပြခြင်းနှင့် လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုခြင်း တို့ကိုလည်း ဆောင်ရွက်ခဲ့ကြ
  • ရေအရင်းအမြစ်နှင့် မြစ်ချောင်းများထိန်းသိမ်းရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော် သဘောကွဲလွဲသည့် အချက်ရှစ်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့တင်ပြ၍ အဆုံးအဖြတ် ရယူသွားမည်ဖြစ်ကြောင်း သိရ
  • ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး ၁၆ ရက်မြောက်နေ့ကို ၁၉.၆.၂၀၁၇ တွင် ကျင်းပ
  • အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၂)မှ ဦးတက်ထွန်းအောင်၏ “စစ်တွေခရိုင် ပေါက်တောမြို့နယ်အတွင်းရှိ အလယ်ဖရုံကာကျွန်းတွင် တည်ရှိသော မြင့်ဂါ-ဖါးဒူးကားလမ်းနှင့် ကျွဲကူးမြစ်၏ တောင်ဘက်ကမ်း မြင့်ဂါကားလမ်းနှင့် ကျွဲကူးမြစ်၏ မြောက်ဘက်ကမ်း တောင်းဖူး-ပေါက်တော ကားလမ်းတို့ကို ဇက်ကူး(ကူးတို့)ဖြင့် ကားများတင်ဆောင်ပြီး သွားလာနိုင်အောင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ဖြေကြား
  • ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၁)မှ ဒေါ်ထုမေ၏ “ကျောက်ဖြူခရိုင် အမ်းမြို့နယ်ရှိ တပ်တောင်-ရူး-တမန်ဒူး-ကမ်းထောင်ကြီး လမ်းအထိ ၂၆ မိုင် ၁ ဖာလုံမှ တပ်တောင်-ရူး လမ်းအပိုင်း ၁၆မိုင် ၄ဖာလုံကို ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်တွင် ကတ္တရာလမ်း သို့မဟုတ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • ကချင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)မှ ဦးသိန်းလွင်၏ “ဗန်းမော်မြို့တွင် အမှန်တကယ် လိုအပ်နေသော ကားကြီး၊ ကားလေး ယာဉ်ရပ်နားကွင်းကို (၃)မိုင် ကွက်သစ်တွင် အဆင့်မြင့် တည်ဆောက်ပေးနိုင်ခြင်း ရှိ၊ မရှိ” မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်လင်းက ဖြေကြား
  • ထို့ပြင် မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၆)မှ ဦးဝင်းမောင်နှင့် စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁)မှ ဦးကျော်သောင်းတို့၏ မေးခွန်းများနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနတို့က ပြန်လည်ရှင်းလင်းဖြေကြားကြ
  • ထို့နောက် မြန်မာ့ကမ်းရိုးတန်းနှင့် ပြည်တွင်းရေကြောင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်း လုပ်ကိုင်ခွင့် ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းအား ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းနှင့် စပ်လျဉ်း၍ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ်(၁၀)မှ ဦးစိုးသိန်း(ခ)ဦးမောင်စိုးက စာသားအဓိပ္ပာယ် လေးနက်စေရန် အဓိကထား ဆွေးနွေးပြောကြားရာ လွှတ်တော်ဥပဒေကြမ်းကော်မတီက ပြန်လည်ကြားနာ ဆောင်ရွက်ရန် ဆုံးဖြတ်
  • ယင်းနောက် ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသည့် တူးမြောင်းဥပဒေကြမ်း နှင့် စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ကော်မတီအဖွဲ့ဝင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၄)မှ ဦးကျော်ကျော်က လွှတ်တော်သို့ ဖတ်ကြားတင်ပြ
  • အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဆွေးနွေးလို်သည့် လွှတ်တော်ကိုယ်စားလှယ်များ အမည်စာရင်း တင်သွင်းနိုင်ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာ
Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s