မြန်မာ့အလင်းသတင်းစာ/ကြေးမုံသတင်းစာ
- ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် ပဥ္စမပုံမှန်အစည်းအဝေး အဋ္ဌမနေ့ကို ၂၀.၆.၂၀၁၇ တွင် ကျင်းပ
- အစည်းအဝေးတွင် အမျိုးသားပညာရေးမူဝါဒကော်မရှင်၏ ခြောက်လတာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာ (၂၀၁၆ ခုနှစ် အောက်တိုဘာလမှ ၂၀၁၇ ခုနှစ် ဧပြီလအထိ) စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်များအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့
- ထို့ပြင် အစည်းအဝေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်သည့် ဦးမြဟန်၊ ဦးမျိုးတင့်၊ ဦးစိုးနိုင်၊ ဦးခင်မောင်ကြည်နှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးမြင့်နိုင်၊ ဦးသန်းဌေးတို့က ပြည်ထောင်စုလွှတ်တော် နာယက၏ ရှေ့မှောက်၌ ကတိသစ္စာပြုကြ
- ထို့နောက် ပြည်ထောင်စုအစိုးရအဖွဲ့မှ ပေးပို့သော ၂၀၁၇ ခုနှစ် ကာလလတ်ကြွေးမြီ စီမံခန့်ခွဲမှု မဟာဗျူဟာထုတ်ပြန်ရေးကိစ္စနှင့် စပ်လျဉ်း၍ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ရှင်းလင်းတင်ပြ
- အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့် သဘောထားမှတ်ချက် အစီရင်ခံစာ (၇/၂၀၁၇) ကို ကော်မတီအဖွဲ့ဝင် ဒေါ်ထုမေက ဖတ်ကြားတင်ပြပြီး ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာ
- ထို့နောက် လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော မြန်မာ့ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုန်များ ဥပဒေကြမ်းနှင့် ဥပဒေကြမ်း ပူးပေါင်းကော်မတီ၏ သဘောထားမှတ်ချက်အပေါ် အခြေခံပြီး တစ်ပို်ဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူ
- လွှတ်တော်နှစ်ရပ် သဘောကွဲလွဲသော ရေနံလက်ယက်တွင်းဆိုင်ရာ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ် (၇) ဦးက ပြင်ဆင်လိုသည့် အပိုဒ်၊ အပိုင်ခွဲလိုက် အကြံပြု ဆွေးနွေးကြပြီး တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ် ရယူကြ
Advertisements